ဖုန်း နဲ့ ရုပ်ရှင်ဇာတ်ကား ကြည့်ဖြစ်သူတွေအတွက် Video App ကောင်းကောင်းတစ်ခုတော့ လိုပါတယ်။ Third-Party Apps တွေက တစ်ခုနဲ့ တစ်ခု အားသာချက်ချင်း မတူပါဘူး။ ဒီလို Video Player Apps တွေထဲကမှ အခမဲ့ အသုံးပြုနိုင်မယ့် Android App ကောင်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

(၁) MX Player

Photo : inc42

MX Player က Free Download ဆွဲလို့ ရပါတယ်။ ကြော်ငြာပါတာ မလိုချင်ရင် Pro ဗားရှင်းကို ၅.၄၉ ဒေါ်လာ သုံးပြီး ဝယ်လို့ ရပါတယ်။ သုံးရလွယ်သလို ပါတဲ့ Features တွေကလည်း စုံပါတယ်။

(၂) Archos Video Player

Photo : weebly

နောက်ထပ် နာမည်ကြီး Video Player App တစ်ခုက Archos ဖြစ်ပါတယ်။ Free ထွက်ထားသလို Ads မပါချင်ရင် ၅ ဒေါ်လာပေးသုံးနိုင်ပါတယ်။ Modern Interface နဲ့ လာပြီး Subtitles ထိုးချင်ရင် အင်တာနက်ကနေပါ တိုက်ရိုက် ဒေါင်းလုပ်ဆွဲနိုင်မှာပါ။

(၃) VLC

Photo : techspot

Android နဲ့ iOS အပြင် Windows ၊ macOS ထုတ်ကုန်တွေမှာပါ သုံးနိုင်မယ့် Media Player Open-Source ပလက်ဖောင်းပါ။ VLC ကလည်း အသံနဲ့ ဗွီဒီယို Compression နည်းလမ်းတွေ ထောက်ပံ့ထားသလို ဖိုင် Formats တွေလည်း အများကြီး Supports ပေးထားပါတယ်။

(၄) KMPlayer

Photo : dreamstime

VCD ၊ HDML, DVD, AVI, MKV, Ogg, OGM, 3GP, MPEG-1/2/4, AAC, WMA 7, 8, WMV, RealMedia, FLV နဲ့ QuickTime အပါအဝင် လက်ရှိ Audio နဲ့ Video Formats တွေ အများစုကို ပံ့ပိုးထားပါတယ်။ Android ဖုန်း တွေအတွက်ဆို Google Play Store ပေါ်မှာလည်း Free Download ဆွဲပြီး ကိုယ့်ဖုန်းမှာ အသုံးပြုနိုင်ပါတယ်။

Featured Photo : techguide