Baggy Jeans တွေက ဒီဘက်ခေတ် ဆယ်ကျော်သက်နဲ့ လူငယ်တွေကြားထဲမှာ တော်တော်လေး ရေပန်းစားနေပါတယ်။ Jeans အပွတွေကို အထာကျကျ ဘယ်လိုဝတ်ရမလဲ ၊ လူငယ်ဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါး မိမိုက် နေအောင် ဘယ်လိုဝတ်ဆင်ရမလဲ သိချင်တဲ့ ဖက်ရှင်ချစ်သူ ကွီးတို့အတွက် Baggy Jeans Outfit အိုင်ဒီယာလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) Oversized Hoodies တွေနဲ့ ဝတ်ပါ

Photo : MensXP

အပေါ်ပွ အောက်ပွနဲ့ ကြည့်ရဆိုးမယ်လို့ မထင်လိုက်ပါနဲ့။ Baggy Jeans တွေကို ခပ်ပွပွ Oversized Hoodies တွေနဲ့ တွဲဝတ်တာ တော်တော်လေး လူငယ်ဆန်ပြီး ပေါ့ပေါ့ပါးပါးနဲ့ အထာကျပါတယ်။ ရာသီဥတု အရမ်းပူနေတဲ့ အချိန်တွေမှာတော့ ဒီ Outfit အိုင်ဒီယာက နည်းနည်းလေးတော့ စဉ်းစားစရာပါ။

(၂) Denim Jacket တွေနဲ့ ဝတ်ပါ

Photo : MensXP

Baggy Jeans တွေနဲ့ အလိုက်ဖက်ဆုံးဖက်ရှင်တွေထဲမှာ Denim Jacket တွေကတော့ ထိပ်ဆုံးက ပါပါတယ်။ Classic ဆန်တဲ့ Outfit Look ကိုပေးသလို ဘယ်တော့မှ မရိုးသွားမယ့် Timeless ဖက်ရှင်တစ်မျိုးပါ။ Blue/Black Trucker Denim Jacket တွေနဲ့ ကွီးတို့ရဲ့ ဖက်ရှင်ကို မိမိုက်နေအောင် ရှိုးထုတ်လို့ ရပါတယ်။

(၃) Sweater တွေနဲ့ ဝတ်ပါ

Photo : MensXP

Sweater တွေနဲ့ Baggy Jeans တွေကလည်း တော်တော်လေး လိုက်ဖက်မှု ရှိပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ အထာကျတဲ့ Plain Oversized Sweater တွေကို ရွေးပါ။ Sweater နဲ့ Jeans အပွ Outfit က Cool & Comfy ဖြစ်တဲ့ Look ကို ပေးစွမ်းမှာ ဖြစ်ပြီး ပုံမှန်ထသွားထလာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်ပါတယ်။ Sweater တွေနဲ့ ဝတ်မယ်ဆိုရင် အိတ်ကပ်ပါတဲ့ Baggy Jeans ဒီဇိုင်းတွေကို ရွေးချယ်ပါ။

(၄) Oversized Tees တွေနဲ့ ဝတ်ပါ

Photo : MensXP

လူငယ်ဆန်မှု ၊ ပေါ့ပါးလွတ်လပ်မှု အပြည့်ရှိတဲ့ Outfit အိုင်ဒီယာလို့ ပြောရင်တော့ Baggy Jeans နဲ့ Oversized T-shirt ဒါမှမဟုတ် Oversized Sweatshirt ဖက်ရှင်အတွဲအစပ်ကို အရင်ဆုံး ပြေးမြင်မိကြမယ် ထင်ပါတယ်။ T-shirt တွေက Baggy ဖြစ်ပြီး Loose-Fitting ဖြစ်နေဖို့ပဲ လိုပါတယ်။ Tie-dye စတိုင် ဒါမှမဟုတ် ရောင်စုံကာလာ ဗြောင် Tees တွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။

(၅) Bomber Jackets တွေနဲ့ ဝတ်ပါ

Photo : MensXP

Bomber Jackets နဲ့ Baggy Jeans ဖက်ရှင်အတွဲအစပ်ကလည်း တော်တော်လေး ကွီးတို့ကို မိမိုက်နေစေမယ့် Look ကို ရစေမှာပါ။ ညနေခင်း ပါတီတွေ ၊ Bar ထိုင် / ပါတီပွဲတက်ချိန်မှာ ဝတ်ဆင်ဖို့ အသင့်တော်ဆုံး ဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ ရှိတဲ့ ခံစားချက်ကို အပြည့်အဝ ရစေမှာပါ။ အနက်ရောင် လည်သာ Bomber Jackets တွေကတော့ Baggy Jeans တွေနဲ့ တွဲဝတ်လို့ အလိုက်ဖက်ဆုံး ပါပဲ။

Source : MensXP

Featured Photo : British GQ