နည်းပညာတိုးတက်ပြောင်းလဲလာမှုအရ လမ်းမကြီးတွေပေါ်မှာ လျှပ်စစ်ကားတွေလည်း တော်တော်များများကို နေရာယူလာပြီဖြစ်ပါတယ်။ လျှပ်စစ်ကားတွေဟာ လောင်ဆီသုံး ကားတွေနဲ့ ယှဉ်ရင် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပေးပြီး လောင်စာဆီတွေရှားပါးမှု ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ အဖြေတစ်ခုလို့ ပြောလို့ရပါတယ်။ ဒီတစ်ခေါက်မှာ‌တော့ တစ်စထက်တစ်စ ကားလောကကို လွှမ်းမိုးလာတဲ့ လျှပ်စစ်ကားတွေထဲမှ ၂၀၂၁ ခုနှစ်အတွင်းက အကောင်းဆုံး လျှပ်စစ်ကား ၁၀ စီး ကို ကားချစ်သူတွေအတွက် တင်ဆက်ပေးချင်ပါတယ်။

(၁) Porsche Taycan

Photo : Luxatic

Porsche Taycan ကားဟာ ဇိမ်ခံ ဟိုက်ဘရစ် လျှပ်စစ်ကားအမျိုးအစားဖြစ်ပြီး 800-V စနစ် နဲ့ 0-60 mph ကို 2.4 စက္ကန့်အတွင်းမောင်းနှင်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၉.၉၀၀ ဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်။

(၂) Tesla Model S Plaid

Photo : Luxatic

Tesla Model S Plaid ကားကတော့ 0-60 mph ကို 2 စက္ကန့်အတွင်းသွားနိုင်တဲ့ မြန်နှုန်းမြင့် လျှပ်စစ်ကားဖြစ်ပြီး မိုင် ၅၀၀ ကျော် အထိ အားပြန်သွင်းစရာမလိုပဲ အလွယ်တကူ မောင်းနှင်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၉,၉၉၀ ဝန်းကျင်ရှိပါတယ်။

(၃) BMW i4

Photo : Luxatic

BMW i4 ကားကတော့ BMW ကထုတ်လုပ်ထားတဲ့ အပါးလွှာဆုံးနဲ့ ကျစ်လစ်တဲ့နောက်ဆုံးပေါ် ခေတ်မီဒီဇိုင်းနဲ့ လျှပ်စစ်ကားဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၅,၄၀၀ ကနေ စတင်ဝယ်နိုင်မှာဖြစ်ပါတယ်။

(၄) BMW iX3

Photo : Luxatic

BMW iX3 ကားကတော့ ၂၀၂၁ ခုနှစ်အတွင်းက အလယ်အလတ်တန်းစား လျှပ်စစ်ကား တစ်စီးဖြစ်ပြီး ခန့်ညားတဲ့ ဒီဇိုင်းနဲ့ ဈေးနှုန်း ၄၄.၁၁၅ ဒေါ်လာ ဝန်းကျင်ရှိပါတယ်။

(၅) Tesla Model X

Photo : Luxatic

Tesla Model X ကားကတော့ စွမ်းဆောင်ရည်မြင့် နောက်ဆုံးပေါ်လျှပ်စစ်ကားတစ်စီးဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၈၉,၉၉၀ ဝန်းကျင်နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

နောက်ထပ်စီး ၂၀၂၁ ခုနှစ်အတွင်းက အမိုက်ဆုံးဒီဇိုင်းတွေနဲ့ စွမ်းဆောင်ရည်မြင့် လျှပ်စစ်ကားတွေကိုလည်း ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

(၆) Rivian R1S

Photo : Luxatic

(၇) Tesla Cybertruckhttps

Photo : Luxatic

(၈) BMW i8 Roadster

Photo : Luxatic

(၉) Audi Q4 E-Tron

Photo : Luxatic

(၁၀) Lordstown Endurance

Photo : Luxatic

အထက်ပါ ကားတွေကတော့ ၂၀၂၁ ခုနှစ်အတွင်းက အကောင်းဆုံး လျှပ်စစ်ကား ၁၀ စီးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေနှစ်သက်တဲ့ ကားတွေရှိရင်လည်း ကွန်းမန့်မှာရေးခဲ့ပါအုန်းဗျ။

Featured Photo : Robb Report