တစ်ကိုယ်ရည်သန့်ရှင်းရေးရဲ့အစ မျက်နှာသစ်ခြင်းကလို့ ပြောမယ်ဆိုရင် မှားဖွယ်ရာမရှိပါဘူး။ ကျွန်တော်တို့ရဲ့မျက်နှာသည် သန့်ရှင်းကြည်လင်ပြီး အဆီပြန်ခြင်းကင်းဝေးမှသာလျှင် မိမိကိုယ်တိုင် စိတ်ချမ်းသာရမှာမဟုတ်လား။

ဒီလိုမျက်နှာသစ်တဲ့အခါမှာလည်း တွေ့ကရာ ဆပ်ပြာနဲ့ မျက်နှာသစ်လို့မရပါဘူး။ ကိုယ့်အသားအရေအမျိုးအစားနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးကို သေချာရွေးချယ်သင့်ပါတယ်။

ဒါ့အပြင် တစ်နေ့လျှင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်၊ နှစ်ကြိမ်သာ မျက်နှာသစ်သင့်ပါတယ်။ နှစ်ကြိမ်ထက် ပိုပြီးလည်း မျက်နှာမသစ်သင့်သလို တစ်ကြိမ်တည်းပဲ မျက်နှာသစ်လို့လည်း မရပါဘူး။

ဒီလိုအခြေခံအချက်လေးတွေကို သိသွားပြီဆိုတော့ ဘယ်လိုမျက်နှာသစ်ဆပ်ပြာကို ရွေးဝယ်သင့်သလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

Kiehl’s Ultra Facial Cleanser

ဒီမျက်နှာသစ်ဆပ်ပြာသည် အသားအရေမရွေးအသုံးပြုနိုင်တဲ့ မျက်နှာသစ်ဆပ်ပြာတစ်မျိုးဖြစ်ပြီး ဈေးနှုန်းကတော့ ၂၂ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။

Cerave Foaming Facial Cleanser

ဒီမျက်နှာသစ်ဆပ်ပြာကတော့ အသားအရေအဆီပြန်သူများနဲ့ ပုံမှန်အသားအရေရှိသူများ သုံးစွဲနိုင်ပါတယ်။ အဆီကို ထိန်းချုပ်ပေးနိုင်တာကြောင့် အဆီပြန်သူများအတွက် အထူးကောင်းမွန်ပါတယ်။ ဈေးနှုန်းကတော့ ၁၄.၉၉ ဒေါ်လာ တန်ဖိုးရှိပါတယ်။

The Ordinary Squalane Cleanser

ဒီမျက်နှာသစ်ဆပ်ပြာကတော့ ဒေါ်လာ ၇.၉၀ ကုန်ကျမှာဖြစ်ပြီး သင့်အနေနဲ့ မျက်နှာသစ်ဆပ်ပြာအပျော့စားဖြင့် မျက်နှာသစ်ချင်တယ်ဆိုရင်တော့ ဒီမျက်နှာသစ်ဆေးကို ရွေးချယ်နိုင်ပါတယ်။

Jaxon Lane Shake And Wake

ချွေးပေါက်တွေမှာ ပိတ်မိနေတဲ့ အညစ်အကြေးများကို အပြီးတိုင်ဖယ်ရှားချင်တယ်ဆိုရင်တော့ ဒီမျက်နှာသစ်ဆေးကို ရွေးချယ်နိုင်ပါတယ်။ သူကတော့ ၃၄ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။

Superfood Antioxidant Cleanser

ကိုက်လန်ရွက်၊ လက်ဖက်စိမ်း၊ ဟင်းနုနွယ်များနဲ့ ထုတ်လုပ်ထားတဲ့အတွက်ကြောင့် ဗီတာမင် စီ၊ အီး၊ ကေတို့ ကြွယ်ဝစွာပါဝင်တဲ့မျက်နှာသစ်ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ အသားအရေကို နူးညံ့စိုပြေလိုသူများအတွက် အသင့်တော်ဆုံး မျက်နှာသစ်ဆေးတစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၃၆ ဒေါ်လာဖြစ်ပါတယ်။

Source: Menshealth.com

Featured Image Source: Manofmany.com