ကိုယ်က Gym ကစားတဲ့ Active Man တစ်ယောက်ဆို ဆောင်ထားသင့်တဲ့ Workout Equipment တွေထဲကတစ်ခုက Fitness Tracker တွေပါပဲ။ Fitness Trackers တွေက သင့်လှုပ်ရှားမှုတိုင်းကို ကူညီပေးပြီး နှလုံးခုန်နှုန်း နဲ့ သွေးတွင်းအောက်ဆီဂျင် Level တိုင်းတာမှု စတဲ့ Tracking တွေလည်း လုပ်ပေးနိုင်မှာပါ။ ဒီတစ်ခါမှာတော့ အားကစားလုပ်တဲ့ အမျိုးသားတွေ ဆောင်ထားသင့်တဲ့ Fitness Tracker တချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Fitbit Charge 4

Photo: The Manual

Fitbit က Fitness Wearable ထုတ်ကုန်တွေထဲမှာ ရှေ့ဆောင် Brand တစ်ခုပါပဲ။ Fitbit က ထုတ်တဲ့ Fitness Band တွေက အားကစားသမားတွေ လက်စွဲထားသင့်တဲ့ Accessory ထဲမှာ ပါပါတယ်။ Fitbit Charge 4 မှာ Built-In GPS ပါတာကြောင့် အိပ်စက်မှု နဲ့ နှလုံးခုန်နှုန်းကို တိုင်းတာခြေရာခံနိုင်သလို Spotify ကို ထိန်းချုပ်တာ ၊ ခြေလှမ်းနဲ့ လှေကားတက်တဲ့ အရေအတွက် ၊ စမတ်ဖုန်းပေါ်က သတင်းအချက် စတဲ့ features တွေ အများကြီး ပါရှိပါတယ်။

စိတ်ဖိစီးမှုကို တိုက်ဖျက်ဖို့အတွက် အသက်ရှုနည်းလမ်းညွှန်စနစ်လည်း ပါရှိပါတယ်။ ဘက်ထရီသက်တမ်း ၇ ရက်ခံသလို ရေအနက် မီတာ ၅၀ အထိလည်း ရေစိမ်ခံလို့ လက်မှာ ပတ်ပြီးလည်း ရေကူးလို့ ရေချိုးလို့ ရမှာပါ။ Exercises Modes ၂၀ ကျော် ပါရှိပြီး Android 7.0 နဲ့ နောက်ပိုင်းထွက် Android ထုတ်ကုန်တွေ ၊ iPhone 5S နဲ့ နောက်ထွက် iPhone တွေနဲ့ ချိတ်ဆက်သုံးနိုင်မှာပါ။

(၂) Garmin Forerunner 945

Photo: The Manual

Garmin က ထုတ်တဲ့ Garmin Forerunner 945ဟာ အပြေးသမားတွေ အကြိုက် Smart နာရီလို့ ဆိုနိုင်ပါတယ်။ ပါးလွှာကျစ်လျစ်တဲ့ဒီဇီုင်း သုံးထားပြီး စွမ်းဆောင်ရည်အကဲဖြတ်မှု ၊ အနားယူချိန်တွက်ထုတ်ခြင်း ၊ နှလုံးခုန်တိုင်းစနစ် ၊ GPS နဲ့ သီချင်းပေါင်းများစွာ နားထောင်နိုင်မယ့်စနစ်တွေလည်း ပါရှိပါတယ်။ ငွေပေးချေမှုအတွက်လည်း Garmin Pay လုပ်ဆောင်ချက် ထည့်ပေးထားပါတယ်။ ဘက်ထရီသက်တမ်း ၂ ပတ်အထိ ခံမယ်လို့ ကြေညာထားတဲ့ နာရီလည်း ဖြစ်ပါတယ်။

(၃) Withings Steel HR Sport

Photo: The Manual

Mechanical စက်မောင်းနာရီဒီဇိုင်းမျိုးနဲ့လာပြီး စတီးအိုးဒီဇိုင်း သုံးထားတာပါ။ ၂၅ ရက်အထိ အားခံမယ့်ဘက်ထရီ ၊ လှုပ်ရှားမှုသိစနစ် ၊ နှလုံးခုန်တိုင်းနည်းပညာနဲ့ တည်နေရာပြစနစ်တွေ ပါရှိတဲ့နာရီလည်း ဖြစ်ပါတယ်။ ဖုန်းနဲ့ချိတ်ဆက်ပြီး အချက်အလက်တွေ လွှဲပြောင်းတာ ၊ ဖုန်းထဲက စာတွေ ဖတ်တာမျိုး လုပ်နိုင်မှာပါ။ ရာဘာလက်ပတ်ကြိုးနဲ့လာသလို လယ်သာကြိုးနဲ့လည်း ထွက်ထားပါတယ်။

(၄) Apple Watch Series 6

Photo: The Manual

အခုဆို Watch Series 7 ထွက်ပြီ ဆိုပေမယ့် Apple Watch Series 6 ကလည်း အကောင်းဆုံး Fitness နာရီတစ်လုံးအဖြစ် သတ်မှတ်ခံထားရဆဲပါ။ သွေးတွင်းအောက်ဆီဂျင်တိုင်းစနစ်ကနေ နှလုံး ECG ဆွဲတဲ့ features အထိ ပါသလို သူငယ်ချင်းတွေနဲ့ Fitness Challenge လုပ်တာ ၊ Sleep Analytics စာရင်းပြတာတွေလည်း လုပ်နိုင်ပါတယ်။ Apple Pay လည်း ချိတ်နိုင်လို့ Payment လုပ်ရတာ လွယ်ပါတယ်။

Featured Photo: Hiking Mastery