စိတ်တွေ ရှုပ်နေချိန် နားကြပ်လေးကောက်တပ်ပြီး ကိုယ်အကြိုက်ဆုံးသီချင်းကို စိမ်ပြေနပြေ နား‌ထောင်ရတာဟာ တကယ့်ထွက်ပေါက်တစ်ခုပါပဲ။ သီချင်းတွေဟာ စိတ်အညောင်းပြေရုံတင် အကျိုးပေးတာမဟုတ်ဘဲ အာရုံစူးစိုက်နိုင်စွမ်း ၊ နိုးကြားတက်ကြွမှုနဲ့ ဦးနှောက်ကြည်လင်ပြီး အတွေးအမြင်သစ်တွေ ဝင်လာနိုင်အောင်ပါ စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့်ပဲ ဂီတချစ်သူတွေအတွက် သီချင်းကောင်းတွေ အလကားနားထောင်နိုင်မယ့် Streaming ပလက်‌ဖောင်းတွေအကြောင်း မျှဝေပေးလိုက်ပါတယ်။

(၁) YouTube Music

Photo: retailnews

ဒီဝန်ဆောင်မှုက Google လက်အောက်ခံ YouTube ကနေ ဖန်တီးထားတဲ့ Music Streaming services ဖြစ်ပြီး ပုံမှန် YouTube ပလက်ဖောင်းပေါ်က ဗွီဒီယိုတွေလည်း ဒီဝန်ဆောင်မှုမှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။ YouTube Music ဝန်ဆောင်မှုကို Web Browser ကနေလည်း သီချင်းနားထောင်နိုင်သလို app ပေါ်ကနေလည်း နားဆင်နိုင်ပါတယ်။ ကိုယ်ကြိုက်တဲ့သီချင်းတွေကိုလည်း ကိုယ်ပိုင် Audio Files အနေနဲ့ အပုဒ်ရေ ၁ သိန်းအထိ Upload တင်နိုင်မယ့် ပလက်ဖောင်းပါပဲ။

(၂) Spotify

Photo: indianexpress

Music Streaming လောကမှာ ထိပ်တန်းက ရှိနေတဲ့ Spoitfy မှာလည်း သီချင်းတွေ Free နားထောင်လို့ရပါတယ်။ Apple Music ရဲ့ အားကောင်းတဲ့ Streaming ပြိုင်ဘက်ဖြစ်ပြီး Apple Music မှာ မပါတဲ့ Free Tier အလကား ပေးနားထောင်တဲ့ ဝန်ဆောင်မှု ပါတဲ့ ပလက်ဖောင်း ဖြစ်ပါတယ်။ Free နားထောင်ရင် Ads တော့ ရှောင်လို့ မရပါဘူး။ နားထောင်သူအကြိုက်ကို လိုက်ပြီး သီချင်းတွေ ညွှန်းတဲ့ Recommendation စနစ်လည်း ပါလို့ သီချင်းသစ်တွေလည်း နားထောင်ဖြစ်စေမှာပါ။

(၃) Pandora

Photo: CNBC

Pandora က Music Streaming ကို စတင်ခဲ့တဲ့ Pioneer ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ ရေဒီယိုစတိုင် Streaming နဲ့ သီချင်းသစ်တွေ လွှင့်သလို နားထောင်သင့်တဲ့ သီချင်းတွေလည်း Recommend လုပ်ပေးပါတယ်။ Pandora မှာ Paid Services ရှိသလို အလကားနားထောင်လို့ရတဲ့ Free Service တွေလည်း ရှိတာပါပဲ။ Spotify လိုပဲ Free နားထောင်ချင်ရင် ကြော်ငြာ Ads တွေတော့ သည်းခံရမှာ ဖြစ်ပါတယ်။

(၄) Idagio

Photo: Medium

Classical Music တွေ အဓိကအသားပေး လွှင့်တဲ့ Music Streaming Service တစ်ခုက Idagio ပါပဲ။ ခေတ်ဟောင်းသီချင်းတွေ ၊ တီးလုံးသက်သက် ဂီတတွေနဲ့ နားဆင်ချင်ရင် Idagio က ကောင်းပါတယ်။ Idagio ရဲ့ Music Library တစ်ခုလုံး ပိုက်ဆံပေးစရာမလိုဘဲ နားထောင်လို့ ရပါတယ်။ တစ်ခုရှိတာ Classical Music သက်သက် လွှင့်တာ ဖြစ်လို့ လူငယ်တွေ အကြိုက်နည်းနိုင်ပါတယ်။

(၅) Amazon Prime Music

Photo: Amazon Prime Music

Amazon Prime Music က အပေါ်က ပြောခဲ့တဲ့ပလက်ဖောင်းတွေလောက် Free မဖြစ်ပေမယ့် Free နားထောင်လို့ ရတာတွေ ရှိပါတယ်။ Prime Music မှာ ကိုယ်နား‌ထောင်တဲ့ အပေါ် မူတည်ပြီး သီချင်းစာရင်း Playlists နဲ့ Recommendation ပေးပါတယ်။ Browser ကနေ နားထောင်လို့ ရသလို Mobile App နဲ့လည်း နားထောင်လို့ ရပါတယ်။

Featured Photo: techniblogic