ပေါ့ပေါ့ပါးပါး နေထိုင်မှုမှာ ဘောင်းဘီရှည်တွေထက် စာရင် ဒူးအုပ်ရုံ ဘောင်းဘီတိုတွေဝတ်တာ အကောင်းဆုံးပါပဲ။ နွေရာသီလိုမျိုး ပူအိုက်တဲ့အချိန်တွေမှာဆို ဘောင်းဘီတိုတွေက ယောင်္ကျားလေးတွေအတွက် ဖက်ရှင်ဆိုတာထက်ပိုတဲ့ အဖော်မွန်လို့တောင် ပြောချင်ပါတယ်။ တကယ်လို့ ဘောင်းဘီတိုဝတ်ပြီး အပြင်ထွက်မယ်ဆိုရင် စီးဖို့အတွက် အလိုက်ဖက်ဆုံး Shoes ဖိနပ် ၃ မျိုးအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Boat Shoes

Photo: mrporter

Boat Shoes တွေရဲ့ အားသာချက်က စီးလို့ လွယ် ချွတ်လို့လည်း လွယ်တယ်။ ပေါ့ပါးတယ်။ အထာကျတယ်။ Sockless လည်း စီးလို့ရလို့ တကယ့်ကို Comfy ဖြစ်ပါတယ်။ သူနဲ့ တွဲဝတ်ဖို့ဆို အရောင်ရင့်ရင့် လီနင်ချည်ဘောင်းဘီတို နဲ့ Polo ရှပ်တို့ ဖြစ်ပ်ပါတယ်။

(၂) Sneaker

Photo: mrporter

အားလပ်ရက်တွေမှာ Denim Shorts နဲ့ Sneaker တွဲဝတ်ဖို့ အကြံပြုပါတယ်။ ဘောင်းဘီတိုတွေရဲ့ သက်တောင့်သက်သာရှိမှု ၊ လူငယ်ဆန်ပြီး ပေါ့ပါးလွတ်လပ်မှုဟာ Sneakers တွေနဲ့ တွဲဖက်လိုက်တဲ့အခါ ပိုလို့ လိုက်ဖက်သွားပါတယ်။ အခုခေတ်မှာတော့ Sneaker ဆို အဖြူကို ပိုသဘောတွေ့တာများပါတယ်။ ရိုးရှင်းပြီး ဘယ်တော့မှ ခေတ်မတိမ်တဲ့ Converse All Star လို ဖိနပ်မျိုးလည်း စီးနိုင်ပါတယ်။ Sneaker စီးမယ်ဆိုရင် ခြေကျင်းဝတ်အထိပဲ ရောက်တဲ့ Sports Socks တွေနဲ့ ဝတ်ပါ။

(၃) Loafer

Photo: mrporter

Casual စတိုင်နဲ့ နေထိုင်သူတွေမှာ Loafer ကိုလည်း စွဲစွဲမြဲမြဲစီးရတာ အကြိုက်တွေ့ကြပါလိမ့်မယ်။ Loafer ဟာ သားရေကနေထုတ်ထားပြီး ကြိုးပျောက် Laceless နဲ့ လာပါတယ်။ အလွယ်တကူခြေလျှိုပြီး စီးရတဲ့ Slip-On Style ဖြစ်လို့ စီးရတာ အလွန်အဆင်ပြေပြီး သက်တောင့်သက်သာရှိပါတယ်။ ခုံမပါတဲ့ Flat Heel နဲ့ လာပြီး လယ်သာအောက်ခံ Sole ပြားခပ်ပါးပါးကို သုံးထားတာကြောင့် မြေကြီးကို နင်းတဲ့အခါ ခြေထောက်ဟာ အထိအတွေ့ကို ပိုပြီး လွတ်လပ်စွာ ထိတွေ့ခံစားနိုင်မှာပါ။