ရာသီဥတုပြောင်းတော့ အဝတ်အစား ၊ ဖိနပ်နဲ့ ဖက်ရှင်တွေလည်း ရာသီနဲ့အညီ ပြောင်းပေးဖို့ လိုလာပြီပေါ့။ နွေရာသီ ၄-၅ လမှာ စီးမယ့် ဖိနပ်တွေဟာ ခြေထောက်အပူသက်သာပြီး စီးရသက်တောင့်သက်သာ ရှိဖို့ အရေးကြီးပါတယ်။ စတိုင်မိပြီး စီးလိုက်တိုင်း စိတ်တိုင်းကျနေဖို့ကလည်း လိုတာပါပဲ။ သိပ်အများကြီး စဉ်းစားမနေပါနဲ့။ နွေရာသီအတွက် စီးလို့ကောင်းမယ့် ဖိနပ်စာရင်း မျှဝေပေးလိုက်ပါတယ်။

(၁) Loafers

Photo: The Adult Man

ခြေညှပ်ဖိနပ်ထက်ပိုပြီး စမတ်ကျမယ်။ Shoes လိုကြီးလည်း သိပ် Heavy မဖြစ်တဲ့ ဖိနပ်ရှာနေတယ်ဆိုရင် Loafers ကို ရွေးပါ။ Loafers တွေက ပေါ့ပါးတယ်။ ပူအိုက်တဲ့ ရာသီမှာ ခြေဖဝါးကို လေဝင်လေထွက်ကောင်းပြီး အေးပါတယ်။ Smart Casual ကျကျ ဝတ်စားသူတွေအတွက် စီးသင့်တဲ့ ဖိနပ်အမျိုးအစားဆိုလည်း မမှားပါဘူး။

(၂) White Sneaker

Photo: dmarge

Sneaker တွေက အားကစားသမားတွေ ၊ လူငယ်ဆန်ဆန် နေထိုင်တတ်သူတွေအကြိုက်တွေ့တဲ့ ဖိနပ်ဖြစ်ပါတယ်။ အဖြူရောင် White Sneaker တွေက နွေရာသီနဲ့ အဆင်ပြေရုံတင်မဟုတ်ဘဲ ဖက်ရှင်အမြင်ရရော ဆွဲဆောင်မှုကောင်းတဲ့ ဖိနပ်တွေ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ သန့်ပြန့်တဲ့ Sneakers မျိုး ရွေးချယ်သင့်ပါတယ်။

(၃) Espadrilles

Photo: hiconsumption

Espadrille က အမျိုးအစားစုံပါတယ်။ ‌Slip In စီးရတဲ့ ကြိုးမပါတဲ့ ဖိနပ်မျိုး ဖြစ်ပါတယ်။ ကင်းဗတ်စ်သားဖြစ်လို့ သက်တောင့်သက်သာရှိပြီး ပေါ့ပါးမှုရှိပါတယ်။ စီးရတာလည်း လျှိုလိုက်ရုံပါပဲ။များသာအားဖြင့် ဒီဖိနပ်တွေကို တီရှပ်နဲ့ ဘောင်းဘီတိုဝတ်ထားချိန်မှာ စီးလေ့ရှိပါတယ်။