စက်ဘီးစီး ဝါသနာရှင် Bicyclist တွေအနေနဲ့ မြို့တွင်းဖြစ်ဖြစ် ၊ မြို့ပြင်ဖြစ်ဖြစ် စက်ဘီးနင်းတဲ့အခါ ပိုမိုလုံခြုံစိတ်ချတဲ့ ခရီးစဉ်တစ်ခုကို ဖြတ်သန်းနိုင်စေဖို့ နည်းပညာရဲ့ အကူအညီကို ရယူနိုင်ပါတယ်။ Bicyclist တွေအတွက် ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ်ကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အထောက်အကူပြု Tech Gadgets တွေ မျိုးစုံကို ရှိနေတာပါ။ ဒီတစ်ခေါက်မှာတော့ ပုံမှန် စက်ဘီးစီးဖြစ်တဲ့ Bicyclist မှန်ရင် ဝယ်ကိုဝယ်သင့်တဲ့ အမိုက်စား Tech Gadgets လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Knog PWR Mountain Battery Bike Light

Photo : off.road.cc

မြို့ပြင် သို့မဟုတ် တောင်တက်လမ်းတွေမှာ စက်ဘီးနင်းတဲ့အခါ ဒါမှမဟုတ် မြို့တွင်းမှာပဲ မနက်ခင်းစောစော အာရုဏ်တက်ချိန် သို့မဟုတ် ညနေခင်း နေဝင်ချိန်တွေမှာ လမ်းမပေါ်က အရှေ့မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ရနိုင်ဖို့ ရှေ့မီးကောင်းကောင်းတော့ တပ်ဆင်ဖို့ လိုပါတယ်။ Knog PWR Mountain Battery Bike Light ဟာ 1800 Lumens နဲ့ လင်းအားကောင်းတဲ့ ရှေ့မီးတစ်ခုဖြစ်ပြီး 10,000mAh ဘက်ထရီပါလို့ အားကြာကြာ အသုံးခံမှာ ဖြစ်သလို စမတ်ဖုန်းတွေကိုပင် အားသွင်းနိုင်တဲ့ Power Bank တစ်လုံးအဖြစ် လုပ်ဆောင်ပေးပါတယ်။

(၂) RearViz Bicycle Mirror

Photo : BNG Sports

စက်ဘီးနင်းရင်း နောက်ကလာတဲ့ ကားတွေနဲ့ အခြားသော ယာဉ်တွေရဲ့ အန္တရာယ်ကို လှည့်လှည့်ကြည့်ရတာဟာ Bicyclist တွေအတွက် အတော်လေး စိန်ခေါ်မှုကြီးတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ RearViz Bicycle Mirror လို့ခေါ်တဲ့ ပစ္စည်းလေးကတော့ ဒီလို အခြေအနေတွေကို ကူညီဖြေရှင်းပေးနိုင်တဲ့ အမိုက်စား Bicycle Gadgets တွေထဲက တစ်ခုပါပဲ။ နာရီလို လက်မှာတပ်ဆင် အသုံးပြုရမှာဖြစ်ပြီး အနောက်နဲ့ ဘေးပတ်ဝန်းကျင်က ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် အခြေအနေတွေကို စစ်ဆေးကြည့်ရှု နိုင်မှာဖြစ်ပါတယ်။

(၃) LUCIA Intelligent Bike Tail Light

Photo : Gadget Flow

Bicyclist တွေ သေချာပေါက် ဝယ်သင့်တဲ့ ပစ္စည်းတစ်ခုပါ။ လမ်းမပေါ်မှာ စက်ဘီးနင်းတဲ့အခါ ကားတွေ ၊ ယာဉ်တွေ ကွီးတို့ကို ကောင်းကောင်းသတိပြုမိပြီး မြင်နိုင်မယ့် အချက်ပြ နောက်မီးဖြစ်ပါတယ်။ LUCIA Intelligent Bike Tail Light က မိုင်ဝက် အကွာဝေးလောက်ကနေကို သဲသဲကွဲကွဲ မြင်ရလောက်အောင် လင်းအားကောင်းပါတယ်။

(၄) COROS SafeSound Urban Smart Cycling Helmet

Photo : PCMag

စက်ဘီးနင်း ပြီဆိုတာနဲ့ ဘေးကင်းလုံခြုံမှု ရှိစေဖို့ အရည်အသွေး ကောင်းမွန်တဲ့ Cycling Helmet တစ်လုံးကတော့ မရှိမဖြစ် ဝယ်ထားရမှာပါ။ COROS SafeSound Urban Smart Cycling Helmet ဟာ ဦးခေါင်းအတွင်းပိုင်းကို ထိရောက်တဲ့ ကာကွယ်မှုပေးနိုင်ဖို့ သေချာဒီဇိုင်းဆွဲထုတ်ထားပြီး Built-in Speakers တွေ ပါဝင်တဲ့အတွက် သီချင်းနားထောင်တာ ၊ လမ်းကြောင်း Directions တွေ ညွှန်ပြပေးတာ စတဲ့ အမိုက်စား Features တွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Source : Gadget Flow

Featured Photo : COROS