ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မထင်မှတ်ပဲ ကျေနပ်စရာ ရလဒ်မျိုးတွေ ဖော်ဆောင်ထားပြီး အမှတ်ပေးဇယားထဲမှာပါ အဆင့် (၁၀)အတွင်းထိ ရောက်ရှိနေတဲ့ အသင်းတွေ ရှိနေပါတယ်။ ဒီအသင်းတွေထဲမှာ ဘရိုက်တန် ဖူလ်ဟမ်နဲ့ ဘရန့်ဖို့ဒ်တို့ ပါဝင်နေပြီး အဲ့ဒီ (၃)သင်းထဲကမှ Big Six အသင်းကြီးတွေကို ဒုက္ခအပေးနိုင်ဆုံး ဘရန့်ဖို့ဒ် အသင်းအကြောင်းကို ဘောဝါသနာရှင် ကွီးတို့အတွက် ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : CNN

ဘရန့်ဖို့ဒ် က ဒီရာသီအတွင်းမှာ ပရီးမီးယားလိဂ် ပွဲပေါင်း (၂၂)ပွဲ ကစားထားပြီးတဲ့နောက် ရှုံးပွဲက (၄)ပွဲလေးသာ ရှိထားခဲ့ပြီး နိုင်ပွဲ (၈)ပွဲနဲ့ သရေပွဲကတော့ (၁၀)ပွဲအထိကို ရှိထားခဲ့ပါတယ်။ သရေပွဲတွေ အရမ်းများနေတဲ့ အသင်းပါကွာလို့ ပြောနိုင်ပေမယ့်လည်း သူတို့ သရေကစားခဲ့တဲ့ (၁၀)ပွဲထဲမှာ ပရီးမီးယားလိဂ် ကြီး(၆)ကြီးစာရင်းဝင် အသင်းတွေ ပါဝင်နေတာဖြစ်လို့ ဒီစွမ်းဆောင်ရည်ဟာ မဖြစ်မနေ အသိအမှတ် ပြုကိုပြုရမယ့် အခြေအနေပါပဲ။

Photo Credit : Brentford FC

ဘရန့်ဖို့ဒ် အသင်းက ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အစပိုင်းမှာပဲ မန်ယူနိုက်တက်အသင်းကို (၄)ဂိုးပြတ်နဲ့ အပြတ်အသတ် စတင် အနိုင်ယူခဲ့ပြီးနောက် အာဆင်နယ်ကို အိမ်ကွင်းမှာ ပြန်ရှုံးခဲ့ရပေမယ့်လည်း ချယ်လ်ဆီးကို ဂိုးမရှိသရေ တော့တင်ဟမ်ကို (၂)ဂိုးသရေ ကစားပြခဲ့တဲ့အပြင် မန်စီးတီးနဲ့ လီဗာပူးလ်တို့ကိုပါ အနိုင်ယူခဲ့ပါတယ်။ ဒီအခြေအနေမှာ ဒီရာသီရဲ့ ပထမရာသီဝက်အတွင်း ဘရန့်ဖို့ဒ်ကို အနိုင်ယူနိုင်ခဲ့တဲ့ Big Six အသင်းက အာဆင်နယ် တစ်သင်းတည်းသာ ရှိနေရပေမယ့် မနေ့ညက အမ်းမရိတ်စ်မှာ ကစားသွားခဲ့တဲ့ ပွဲစဉ်မှာတော့ အာဆင်နယ်ကို ဘရန့်ဖို့ဒ်က သရေတစ်မှတ် ရအောင် ကစားသွားနိုင်ခဲ့ ပါသေးတယ်။

Photo Credit : Eurosport

အမှတ်ပေးဇယားထိပ်က အာဆင်နယ် ပထမအကျော့တုန်းက (၃)ဂိုးပြတ်နဲ့ သမခဲ့တဲ့ အာဆင်နယ်လို အသင်းမျိုးကို သရေရအောင် ကစားထားခဲ့တဲ့ ဘရန့်ဖို့ဒ် ဟာ အခု ပရီးမီးယားလိဂ် (၁၀)ပွဲဆက်တိုက်အထိ ရှုံးပွဲမရှိအောင် ကစားထားနိုင်ပြီး form အရမ်းကောင်းမွန်နေတာလည်းဖြစ်တဲ့အပြင် လက်ရှိမှာလည်း အဆင့်(၈)နေရာထိ ရပ်တည်ထားတာဖြစ်လို့ ယူရိုပါလိဂ် ဒါမှမဟုတ် ကွန်းဖရန့်လိဂ် ဝင်ခွင့်တွေအထိပါ မျှော်မှန်းလို့ရနိုင်မယ့် အနေအထားမှာလည်း ရှိနေပါတယ်။

Featured Photo : CNN