အမျိုးသားတို့အတွက် နာရီများ ဟာ ဖက်ရှင်အသုံးအဆောင်တစ်ခုထက်ပိုပါတယ်။ အထူးသဖြင့် စီးပွားရေးလောကတွင် ၎င်းတို့သည် အဆင့်အတန်း သင်္ကေတတစ်ခု ဖြစ်ပါတယ်။ နာရီ ဟာ ကွီးတို့ရဲ့ ပရော်ဖက်ရှင်နယ် Business အသွင်အပြင်ပေါ်မှာ အများကြီးသက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါမှာတော့ လုပ်ငန်းခွင်နဲ့ လိုက်ဖက်တဲ့ ပရော်ဖက်ရှင်နယ် Business အသွင်အပြင် အတွက်ရွေးချယ်ဖို့ရာ အကောင်းဆုံး နာရီများ ကိုဖော်ပြပေးချင်ပါတယ်။

(၁) Audemars Piguet Calatrava Ultra Slim

Photo : Watch Rapport

ကွီးတို့ရဲ့ ပရော်ဖက်ရှင်နယ် Business အသွင်အပြင် အတွက် အကောင်းဆုံး နာရီများ ထဲက တစ်ခုကတော့ Audemars Piguet Calatrava Ultra Slim ပဲ ဖြစ်ပါတယ်။ သားရေ လက်ပတ်၊ ရိုးရှင်းသော ဒိုင်ကွက်နဲ့ ဂန္တဝင်ဆန်တဲ့ နာရီအမျိုးအစား ဖြစ်ပါတယ်။ ဒါ့အပြင် ဆွတ်ဇလန်နိုင်ငံမှာ နာရီအမှတ်တံဆိပ်အများကြီးထဲကမှ လေးစားခံရဆုံး Brand မှ ထုတ်လုပ်ထားတဲ့ နာရီလည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ ဝတ်စားဆင်ယင်မှုပေါ် မူတည်ပြီး လုပ်ငန်းခွင်အတွက် ရွေးချယ်သင့်တဲ့ နာရီပါပဲ။

(၂) Omega Speedmaster Moonwatch Chronograph

Photo : Omega

Omega Speedmaster Moonwatch Chronograph ကတော့ ကွီးတို့အတွက် လုပ်ငန်းခွင်အတွက် သင့်တော်တဲ့အပြင် ပေါ့ပေါ့ပါးပါး အသွင်အပြင်အတွက် ကောင်းမွန်သော မော်ဒယ်တစ်ခုသာမကဘဲ ယေဘုယျအားဖြင့် အမျိုးသားများအတွက် အကောင်းဆုံး ဇိမ်ခံနာရီများထဲမှ တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းက ကွီးတို့ရဲ့လေးနက်တဲ့ အသွင်အပြင်ကို ပံ့ပိုးနိုင်ရုံသာမက၊ စတိုင်လ်လည်းကျစေပါတယ်။

(၃) Omega De Village Prestige

Photo : Monochrome Watches

Omega ထဲကပဲ ကွီးတို့ရဲ့ Business အသွင်အပြင် ကိုပံ့ပိုးပေးနိုင်မဲ့ နာရီများ ထဲက နောက်ထပ် အမျိုးအစား တစ်ခုကတော့ Omega De Village Prestige ပဲ ဖြစ်ပါတယ်။ ဘယ်လို ဝတ်စုံနဲ့မဆို၊ ဘယ်အချိန်မှာမဆို ဝတ်ဆင်လို့ကောင်းတဲ့ နာရီပဲ ဖြစ်ပါတယ်။ သူရဲ့ ဂန္တဝင်ဆန်တဲ့ ပုံစံဟာ ကွီးတို့ရဲ့ Business Suit နဲ့ မှန်ကန်သော အတွဲအစပ်ဖြစ်စေမှာပါ။

(၄) Glashutte Original Senator Panorama Date

Photo : Glashutte Origiinal

Glashutte Original Senator Panorama ကို ဝတ်ဆင်ခြင်းဖြင့် ကွီးတို့ရဲ့ အသွင်အပြင်ကို တဆင့်မြှင့်တင်လိုက်ပါ။ ဒီနာရီဟာ တမူထူးခြားပြီး ရိုးရှင်းသော ဆွဲဆောင်မှုနဲ့ ကွီးတို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ Business အသွင်အပြင်ကို အားဖြည့်ပေးပါလိမ့်မယ်။

(၅) Patek Philippe Calatrava

Photo : The Hour Glass

အချို့သော စီးပွားရေးသမားများအတွက် နာရီက ထိုသူရဲ့ ထင်ရှားသော အမှတ်အသားကို ပြသပေးရာရောက်သဖြင့် အရေးကြီးတယ်လို့ သတ်မှတ်နိုင်ပါတယ်။ Patek Philippe Calatrava နာရီကတော့ ရိုးရှင်းပေမဲ့ ကွီးတို့လိုအပ်တဲ့ ဂုဏ်ကို ပေါ်လွင်စေပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရဲ့ ရော်ဖက်ရှင်နယ် Business အသွင်အပြင် အတွက် အကောင်းဆုံး နာရီများ ကိုဖော်ပြပေးလိုက်ပါတယ်။ ကွီးတို့ ရွေးချယ်ဝယ်ယူရမှာ အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။

Source : Watch Master

Featured Photo : Inc