ဆောင်းရောက်ရင် ဆောင်းရာသီဖက်ရှင်ကို ဝတ်ဆင်ရတော့မှာပါ။ အေးမြတဲ့ဆောင်းကာလအတွက် အမျိုးသားတွေ မဖြစ်မနေ ဝတ်ဆင်ရမယ့်ဖက်ရှင်ထဲက တစ်ခုကတော့ ဂျက်ကတ်ဖက်ရှင်ပဲ ဖြစ်ပါတယ်။ ဂျက်ကတ်တွေဟာ အမျိုးအစားပေါ်လိုက်ပြီး အနွေးထည်လို ဝတ်နိုင်တဲ့ ဒီဇိုင်းရှိသလို အချမ်းပြေရုံ Layering အဖြစ် အပေါ်ထပ်ဝတ်နိုင်တဲ့ဒီဇိုင်းလည်း ရှိပါတယ်။

သိပ်မအေးတဲ့ဒေသတွေအတွက်လည်း ဆောင်းရာသီရောက်ရင် ဂျက်ကတ်ဖက်ရှင်က လိုတာပါပဲ။ အရမ်းမအေးရင် အောက်မှာ တီရှပ်တစ်ထည်ခံဝတ်ပြီး Suede Trucker Jacket မျိုး ဝတ်သွားသင့်ပါတယ်။ Suede Trucker တွေက Denim Trucker တွေနဲ့ ဆင်ပြီး ခါးမှာ အိတ်မဲ့ Pocket-less စတိုင်နဲ့ ထွက်လေ့ရှိပါတယ်။ ဆောင်းရာသီတင် မဟုတ်ဘဲ နွေရာသီမှာလည်း ဝတ်နိုင်ပါတယ်။

Photo: theessentialman Suede Trucker ဝတ်မယ်ဆိုရင် အောက်က T-Shirt ဒါမှမဟုတ် Sweater /Sweatshirt နဲ့ Fit ဖြစ်တာကို ရွေးဝတ်ပါ။ အရောင်ကို အညိုရောင် ဒါမှမဟုတ် မြင်းချေးရောင်မျိုး ရွေးနိုင်ပါတယ်။ အရောင်ဆန်းတာကြိုက်ရင် အစိမ်းရောင် ၊ နီညိုရောင် နဲ့ အနက်ရောင်မျိုးလည်း ရွေးနိုင်ပါတယ်။ လယ်သာဗားရှင်းဖြစ်လို့ လယ်သာညိုရောင်ကတော့ ယောင်္ကျားလေးတွေနဲ့ အလိုက်ဖက်ဆုံးအရောင်လည်း ဖြစ်ပါတယ်။

ရာသီသိပ်အေးရင် Peacoat ထည်လေး‌တွေ ဝတ်တာ အကောင်းဆုံးပါပဲ။ Peacoat တွေကို ပင်လယ်ရပ်ခြားခရီးသွားရတဲ့ သင်္ဘောသားတွေ စတင်ဝတ်ဆင်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ခေတ်နဲ့အညီ ဒီဇိုင်းဆန်းသစ်မှုတွေ လုပ်ပြီး ပုံစံပြောင်းလာခဲ့တာပါ။ Peacoat တွေက ယောင်္ကျားပီသခန့်ညားမှုရှိပြီး နွေးထွေးတဲ့ သိုးမွေးသားနဲ့ ရက်လုပ်ထားတာ ဖြစ်လို့ သိပ်ချမ်းတဲ့ အရပ်ဒေသတွေနဲ့ ပိုအဆင်ပြေပါတယ်။ ကာလာအနေနဲ့ Peacoat တွေကို အနက်နဲ့ နက်ပြာနှစ်ရောင် ဝတ်တာ အကောင်းဆုံးပါပဲ။

Photo: theessentialman

တကယ်လို့ သင်က Bomber Jacket ဖက်ရှင် ကြိုက်တယ်ဆိုရင် ဆောင်းရာသီအပြင် နွေဘက်တွေမှာ ဝတ်နိုင်အောင် သိပ်အသားမထူတဲ့ အမျိုးအစားကို စဉ်းစားသင့်ပါတယ်။ Bomber တွေအခုမှ ဝတ်မယ့်သူဆိုရင် အရောင်ဖျော့တဲ့ ချည် ဒါမှမဟုတ် ပိုးနဲ့နိုင်လွန်သား ဂျက်ကတ်မျိုး‌ ရွေးနိုင်ပါတယ်။ အရောင်သိပ်မတောက်တာထဲက ယောင်္ကျားတွေနဲ့ လိုက်ဖက်ပြီး နေရာမရွေးဝတ်နိုင်တဲ့အရောင်တွေက အနက် ၊ နက်ပြာနဲ့ သံလွင်စိမ်းရောင်တွေ ဖြစ်ပါတယ်။ များသောအားဖြင့် Bomber တွေကို အောက်မှာ တီရှပ်ခံပြီး Jeans ဘောင်းဘီနဲ့ Casual ဝတ်လေ့ရှိပါတယ်။ ဂျက်ကတ်ဝယ်မယ်ဆို အောက်မှာ ခံဝတ်မယ့် အဝတ်အစားပါ စဉ်းစားဖို့ လိုပါတယ်။ အရမ်းမပွဖို့နဲ့ သိပ်ပြီး ကျပ်ထုတ်မနေဖို့က Bomber မှ မဟုတ်ပါဘူး။ တခြား ဂျက်ကတ်တွေမှာလည်း ဒီသဘောအတိုင်းပါပဲ။

Featured Photo; thecoolector