လူတူမရှား နာမည်တူမရှားဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ကမ္ဘာပေါ်က လူသန်း ၇၀၀၀ ကျော်ထဲမှာ အမျိုးမတော်ပေမယ့် ရုပ်ချင်းဆင်နေတဲ့သူ သန်းနဲ့ချီ ရှိနိုင်ပါတယ်။ အခုပြောမယ့် လူတူမရှားတွေကတော့ နာမည်ကြီး နပန်းသမားတွေနဲ့ ရုပ်ချင်းဆင်နေတဲ့ ထင်ရှားကျော်ကြားသူတွေအကြောင်းပါပဲ။

(၁) Roman Reigns vs Jason Momoa

Photo: thesportster

Aquaman မင်းသား ဂျေဆန် မိုမိုရာနဲ့ နပန်းသမား ရိုမန်ရိန်းစ်ဟာ တိုက်တိုက်ဆိုင်ဆိုင် ရုပ်ချင်းဆင်ကြပါတယ်။ ရုပ်ချင်းတင် ဆင်တာမဟုတ်ဘဲ လူကောင်ကြီးတာ ဆံပင်ပုံစံထားတာချင်းကလည်း တူနေကြတာ ဖြစ်လို့ သူတို့နှစ်ယောက်ကလည်း လူမှားစရာပါပဲ။

(၂) Chris Jericho vs Gordon Ramsay

Photo: thesportster

နပန်းသမားကြီး ခရစ္စ ဂျာရီချိုနဲ့ နာမည်ကျော် အချက်အပြုတ်ဂုရုကြီး ဂေါ်ဒွန် ရမ်ဆေးတို့နှစ်ယောက်ကိုလည်း ကြည့်ကြည့်လိုက်ပါ။ နှစ်ယောက်စလုံးက သူ့နယ်ပယ်နဲ့သူ ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်ပြီး ရုပ်ချင်း သွားဆင်နေတာကလည်း ထူးခြားတဲ့ တိုက်ဆိုင်မှုလို့ ဆိုနိုင်ပါတယ်။ ဆံပင်အရောင်နဲ့ မျက်နှာထားကလည်း သူတို့နှစ်ဦးအကြားမှာ တူတာတွေ များပါတယ်လို့ ပြောစရာ ဖြစ်နေပါတယ်။

(၃) Cesaro vs Jason Statham

Photo: thesportster

နာမည်ကျော်မင်းသားကြီး ဂျေဆန်စတေဟမ်နဲ့ ရုပ်ချင်းဆင်တယ်လို့ ပြောခံရသူတစ်ဦးက နပန်းသမား စီဆာရိုဖြစ်ပါတယ်။ ကိုယ်လုံးကိုယ်ပေါက်နဲ့ မျက်နှာကျဆင် တာအပြင် နဖူးပြောင် ခေါင်းတုံးတဲ့ပုံစံကလည်း အတူတူပါပဲ။ စီဆာရိုကို Suit ဝတ်ခိုင်းလိုက်ရင် ဂျေဆန် စတေဟမ်နဲ့ ပိုတူသွားတယ်လို့ ပြောကြပါတယ်။

(၄) Triple H vs Sean Bean

Photo: thesportster

နာမည်ကြီး အင်္ဂလိပ်ထိပ်တန်းမင်းသားကြီး ရှောင်ဘင်းရဲ့ ရုပ်ဟာ ပရော်ဖက်ရှင်နယ်နပန်းသမား Triple H နဲ့ အတော်လေးဆင်ပါတယ်။ သူတို့နှစ်ဦးရဲ့ မုတ်ဆိတ်ပေါက်ပုံ ၊ နှာခေါင်းအနေအထားတွေက ပိုပြီး တူတာ ထင်ရှားပါတယ်။

(၅) John Cena vs Mark Wahlberg

Photo: thesportster

ဂျွန်စီနာဟာ အခုတော့ နပန်းလောကကနေ ရုပ်ရှင်လောကထဲ ကူးပြောင်းလာပြီ ဖြစ်ပါတယ်။ ရုပ်ရှင်လောကထဲမှာ ကမ္ဘာကျော်တဲ့ မင်းသားတစ်လက်နဲ့လည်း သူနဲ့ ရုပ်ချင်း ခပ်ဆင်ဆင်ပါ။ အဲ့ဒီမင်းသားကတော့ မာ့ခ် ဝဲလ်ဘာ့ဂ်ဖြစ်ပါတယ်။ အားကောင်းတဲ့ မေးရိုး ၊ ဆင်တူတဲ့ မျက်နှာပုံအကျတွေကြောင့် ဖျပ်ခနဲဆို လူမှားနိုင်လောက်ပါတယ်။

Featured Photo: thesportster