Sneaker စုဆောင်းရတာကို အခုခေတ် လူငယ်တွေ စိတ်ဝင်စားတာ အတော်များပါတယ်။ လူတစ်ကိုယ် ဝါသနာတစ်မျိုး ဆိုတဲ့အတိုင်း တချို့တွေက တံဆိပ်ခေါင်းစုတယ် ၊ တချို့တွေက ပန်းချီကားတွေ စုတယ် ၊ အခုလည်း Sneaker တွေ ဝယ်စုတယ်ဆိုတာ ထူးဆန်းတဲ့ ဝါသနာရယ်လို့တော့ ပြောလို့ မရပါဘူး။ နာမည်ကျော် ပုဂ္ဂိုလ်တွေထဲမှာလည်း သူတို့အကြိုက်တွေ့တဲ့ Sneaker ကို သည်းကြီးမည်းကြီး စုဆောင်းနေတဲ့သူတွေ ရှိကြတာပါပဲ။ ဒီလို ပုဂ္ဂိုလ်တွေထဲမှာ Sneaker Collectors လုပ်တဲ့ Celes တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) John Mayer

Photo: IETP

အမေရိကန် အဆိုတော် ၊ တေးရေးနဲ့ ဂစ်တာသမား ဂျွန်မေယာကို အမျိုးသားထုအတွက် Style Icon ထဲကတစ်ဦးအဖြစ် လူသိများပါတယ်။ ဒီအနုပညာရှင်ဟာ ဂီတတူရိယာတွေတင် မြတ်နိုးတာမဟုတ်ဘဲ Sneaker တွေ စုဖို့လည်း ဝါသနာကြီးသူ ဖြစ်ပါတယ်။ GQ နဲ့ အင်တာဗျူးတစ်ခုမှာ သူဟာ သူ့မိတ်ဆွေ ဂျယ်ရီလော်ရန်ဇိုးဆီက Sneaker နဲ့ ဂျပန်အမျိုးသားဝတ်ဖက်ရှင် Brand ဖြစ်တဲ့ Visvim ဆီက ဖိနပ်တွေ ဝယ်စုဖြစ်တယ်လို့ ဆိုပါတယ်။

(၂) Michael B.Jordan

Photo: theplaybook Asia

ဂန္ဓဝင်ဘတ်စကတ်ဘောကစားသမား မိုက်ကယ်ဂျော်ဒန်ကို ပြောတာ မဟုတ်ပါဘူး။ Creed ဇာတ်ကောင်နဲ့ နာမည်ကြီးတဲ့ အမေရိကန်သရုပ်ဆောင် မိုက်ကယ်‌ဂျော်ဒန်ကို ပြောတာ ဖြစ်ပါတယ်။ ဒီဂျော်ဒန်ကလည်း Sneaker တွေအပေါ် အစွဲအလမ်းကြီးပါတယ်။ Asos နဲ့ အင်တာဗျူးမှာ သူစုထားတဲ့ ဖိနပ်ပေါင်း ၁၀၀ နီးနီး ရှိပြီလို့ ဆိုပါတယ်။ အခုချိန်မှာ သူစုဆောင်းထားတဲ့ ဖိနပ်တွေ အတော်ကြီး များနေမှာ မေးစရာလိုမယ် မထင်ပါဘူး။

(၃) Mark Wahlberg

Photo: Sole Collector

နာမည်ကြီး ဟောလီဝုဒ်မင်းသား မာခ့်ဝဲလ်ဘက်ဟာ အားကစားဝါသနာကြီးတဲ့ Gym Man တစ်ယောက် ဖြစ်ပါတယ်။ အားကစားသမားတစ်ယောက်အတွက် အရေးကြီးတဲ့ Footwear ဖက်ရှင်ကိုလည်း စုံအောင် ပိုင်ဆိုင်ပါတယ်။ ဖိနပ်တွေကိုတော့ စုရတာကို သဘောကျတာကြောင့် ၂၀၁၅ ခုနှစ်က စပြီး စုလာတာ ဖိနပ်အရံ ၁၀၀ ကျော် ရှိပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁ သိန်း ဝန်းကျင်ဖိုး ဝယ်ထားတယ်လို့ ဆိုပါတယ်။

(၄) Justin Timberlake

Photo: Haute Living

အမေရိကန်အမျိုးသားတီးဝိုင်း NSYNC အဖွဲ့ဝင်ဟောင်း အဆိုတော် ဂျက်စတင်တင်းမ်ဘားလိခ်လည်း Sneaker စုရတာ မွေ့လျော်တယ်လို့ ဆိုပါတယ်။ နာမည်ကြီး ဆယ်လီတစ်ယောက်အတွက် သူ့ဝါသနာကို အကောင်အထည်ဖော်ရတာ လွယ်မှာ သေချာပါတယ်။ ၂၀၁၈ ခုနှစ် Brit Awards ပွဲမှာ သူဟာ ဈေးကွက်ထဲ ဖြန့်ချိခြင်းမရှိတဲ့ ဒေါ်လာ ၁၅၀၀၀ တန် အနီရောင်Air Jordan 3 Sneaker ကို စီးပြခဲ့ပါတယ်။ အရင်လည်း သူဟာ Air Jordan 2 နဲ့ Air Jordan 1 တွေ အမျိုးမျိုး စုဆောင်းခဲ့တာပါ။

(၅) Christ Brown

Photo: Hypebeast

ခရစ္စဘရောင်း စုထားတဲ့ ဖိနပ်တွေက Brand အမျိုးမျိုးပါပဲ။ Hot New Hip Hop သတင်းအရ သူဟာ Vans ၊ Nike Cortez’s ၊ Supreme x Nike Air More Uptempos နဲ့ Air Force 1 တွေကို အခန်းသက်သက်ထားပြီး စုဆောင်းထားတယ်လို့ ဆိုပါတယ်။ တခြားလည်း Yeezys ကနေ PSNY x Air Jordan 12 အထိ ဖိနပ်တွေ အမျိုးမျိုးလည်း ထပ်စုထားတယ်လို့ ဆိုပါတယ်။

Featured Image Photo: highsnobiety