ကွီးတို့ ရေ လူသားတိုင်းဟာ တစ်နေ့ထက်တစ်နေ့ ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ နေ့စဉ်နဲ့အမျှ လှုပ်ရှားရုန်းကန် နေရပါတယ်။ တစ်နေကုန် ကွီးတို့က ရုံးမှာ ကုမ္ပဏီမှာ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ရတဲ့အတွက် ညနေပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံး ပင်ပန်းနွမ်း နယ်မှု ခံစားလာကြပါတယ်။ ဒါကြောင့် အိမ်မပြန်ခင် အေးအေးဆေးဆေး အနားယူစားသောက်ချင်တဲ့ စိတ်တွေ ဖြစ်လာနိုင်ပါတယ်။ ညနေဟာ ကွီးတို့ အပေါင်းအသင်းတွေ အပန်းဖြေဖို့ Rooftop Bar မှာ အနားယူ စားသောက်တာ အကောင်းဆုံးလို့ ပြောပါရစေ။ Rooftop Bar တွေဟာ ခေါင်မိုးမှာရှိတဲ့အတွက် လေအေးပေးစက်လေ မဟုတ်ဘဲ သဘာဝလေရတာရယ် သို့မဟုတ် အဝေးရှု့ခင်းတွေကို ကြည့်ရတာကြောင့် ကွီးတို့ကို လန်းဆန်းတက်ကြွစေပါတယ်။ ရန်ကုန်မြို့မှာ ရှိတဲ့ ကွီးတို့အတွက် Chill လို့ကောင်းမဲ့ Rooftop Bar တွေအထဲက သွားလာရလွယ်တာ၊ ကားပါကင်လွယ်ကူတာ ၊ အစားအသောက်နဲ့ ဝန်ဆောင်မှုကောင်းတဲ့ ဘားတွေကို အကြံပေးပါရစေ။

(၁) Yankin Heights Rooftop Bar/ Restaurant

Photo : Myanmore

ပထမဆုံး အနေနဲ့ ကွီးတို Chill လို့ကောင်းမဲ့ Rooftop Bars တွေထဲက တစ်ခုကတော့ Yankin Heights Rooftop Bar ပဲဖြစ်ပါတယ်။ အမှတ် ၂၉ ၊ အောင်ဇေယျ လမ်း၊ ရန်ကင်းမြို့နယ်မှာရှိတဲ့ ခေါင်မိုးထပ် ဘားဖြစ်ပါတယ်။ နံနက်(၁၀ : ၀၀) မှ ည (၁၀ : ၀၀)ထိ ဖွင့်ပါတယ်။ ရန်ကုန်မြို့လှပတဲ့မြင်ကွင်းတွေကို အပေါ်စီးက ကြည့်ရှု့ရင်း ဥရောပ အစားအစာတွေကို အရသာရှိရှိ စားသုံးနိုင်ပါတယ်။

(၂) Yangon Yangon Rooftop

Photo : TravelFeed

နောက်ထပ် ကွီးတို့ အတွက် Chill လို့ကောင်းတဲ့ Rooftop Bars တွေက မပါမဖြစ် ဘားတစ်ခုကတော့ Yangon Yangon Bar ပဲ ဖြစ်ပါတယ်။ Yangon Yanhon Bar ရန်ကုန်မြို့ အမှတ် ၃၃၉ ဗိုလ်ချုပ်အောင်ဆန်းလမ်း ဆာကူရာတာဝါ အထပ် (၂၀) မှာ ဖွင့်ထားပါတယ်။ ‌ရန်ကုန်မြို့ရဲ့ ညအလှနဲ့ မိုးကောင်းကင်ကြီးကို ကွီးတို့ စိတ်ကြိုက် ယမကာသောက်ရင်း အပန်းဖြေနိုင်ပါတယ်။

(၃) Esperado Rooftop Bar & Restaurant

Photo : Hotel Review

ဒီဘားကတော့ အမှတ် ၂၃၊ ကန်ရိပ်သာလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ရှိပါတယ်။ ကန်တော်ကြီးရဲ့အလှကို ကြည့်ရင်း မြန်မာ အီတလီ ပြင်သစ်အစားအစာတွေနဲ့ သောက်စရာ မျိုးစုံကိုလည်း မြည်းကြည့်နိုင်ပါတယ်။

(၄) Atlas Rooftop Bar

Photo : Myanmore

Atlas Rooftop Bar ကတော့ အမှတ် ၈၄ ၊ ပန်းလှိုင်လမ်း စမ်းချောင်းမြို့နယ်မှာ ရှိပါတယ်။ ရွှေတိဂုံစေတီ နဲ့ရန်ကုန်မြို့တစ်ခုလုံးကို အပေါ်စီး မြင်ကွင်းကို ကြည့်ရှု့ခံစားနိုင်ပါတယ်။ အရသာကောင်းတဲ့ အစားအသောက်တွေ နဲ့ ကျေနပ်စေမဲ့ ဘားတစ်ခုပါ။ လောလောဆယ် Monsoon Break အနေနဲ့ မိုးတွင်းမှာ ခေတ္တခဏ ပိတ်ထားပြီး အောက်တိုဘာလမှာ ပြန်ဖွင့်မယ်လို့ သူတို့ရဲ့ Facebook Page မှာကြေညာ ထားပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ သူငယ်ချင်းတွေနဲ့ပဲ Chill ချင်တာပဲ ဖြစ်ဖြစ်၊ တစ်ယောက်တည်းအေးဆေး လေနုအေးတွေကို ခံစားချင်လို့ပဲ ဖြစ်ဖြစ် ထိုင်လို့ကောင်းမဲ့ Rooftop Bars လေးတွေပဲ ဖြစ်ပါတယ်။

Source : Trip 101

Featured Photo : Facebook