Comfort Zone ဆိုတာ ဘာပါလဲ။ Comfort Zone အတွင်း လူများက ပုံမှန်အားဖြင့် အတွေ့အကြုံသစ်များကို ရှာဖွေ လုပ်ကိုင်ခြင်း သို့မဟုတ် စိန်ခေါ်မှုများကို မလုပ်ဆောင်ကြပါဘူး။ ၎င်းတို့အနေနဲ့ ရင်းနှီးသော လှုပ်ရှားမှုများတွင်သာ လှုပ်ရှားလုပ်ကိုင်နေပြီး ၎င်းတို့ရဲ့ ပတ်ဝန်းကျင်ကို “ထိန်းချုပ်နိုင်တယ်လို့” ဟု ခံစားနေကြပါတယ်။ လူတွေဟာ စိုးရိမ်ပူပန်မှု ဒါမှမဟုတ် စိတ်ဖိစီးမှုနဲ့ မသက်မသာနာကျင်မှုတွေကို ရှောင်ရှားဖို့ သူတို့ရဲ့ သက်တောင့်သက်သာဇုန် Comfort Zone ထဲမှာ နေထိုင်ကြပါတယ်။ ကွီးတို့အနေနဲ့ Comfort Zone မှာ ရှိနေရင် သက်တောင့်သက်သာတော့ရှိပါမယ်။ ဒါပေမဲ့ တိုးတက်အောင်မြင်မှု တော့ နည်းပါလိမ့်မယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ Comfort Zone ထဲက ရုန်းထွက်နိုင်ဖို့ လုပ်ဆောင်သင့်ပါတယ်။

Photo : Ohio-Business-Collage

ကွီးအနေနဲ့ Comfort Zone ကထွက်ရင် ဘာတွေမျှော်လင့်နိုင်မှာလဲ

  • ကြီးပွားတိုးတက်ပြီး ကိုယ့်ကိုယ်ကိုယ် ခံစားချက်ကို ရှာဖွေနိုင်ပါတယ်။
  • ပိုအကျိုးဖြစ်ထွန်းစေပါတယ်။
  • ကွီးတို့ရဲ့ စိတ်ကို လေ့ကျင့်ယူနိုင်တယ်။
  • ယုံကြည်မှုကို ပိုရစေပါတယ်။
  • ခံနိုင်ရည် ပိုရှိလာစေပါတယ်။
  • တီထွင်ဖန်တီးနိုင်စွမ်း ပိုလာစေပါတယ်။
  • ရဲရင့်လာစေပါတယ်။

Comfort Zone ကနေ ရုန်းထွက်နိုင်ဖို့ ဘယ်လို နည်းလမ်းတွေရှိပါသလဲ

Photo : Vecteezy

ပထမဆုံး ကွီးရဲ့ သက်သာဇုန် Comfort zone ကနေ ကြီးထွားဇုန် Growth zone ကို ရောက် ဖို့အတွက် ကြောက်ရွံ့ဇုန် Fear zone နဲ့ သင်ကြားဇုန် Learning zone တွေကို ဖြတ်ဖို့တော့ လိုပါတယ်။ ကွီးတို့အတွက် Comfort Zone မှ ရုန်းထွက်နိုင်ဖို့ နည်းလမ်းတွေထဲက ကွီးတို့ လုပ်နိုင်တဲ့ နည်းတွေ ကို ဖော်ပြလိုက်ပါတယ်။

၁။ ကွီးကို သက်တောင့်သက်သာ မဖြစ်စေတဲ့ ကိစ္စ (၁၀ -၂၀) လောက် ချရေးလိုက်ပါ

Photo : Develop Training

နေ့စဉ်ကြုံတွေ့နေရတဲ့ အိပ်ရာက စောစောထ၊ အပြေးအလွှားလုပ်၊ ကား သို့မဟုတ် ရထား အစား စက်ဘီးစီးရတာ စတဲ့ အရာတွေက ကွီးကို သက်တောင့်သက်သာ မရှိစေတာလား၊ စာရင်းပြုစု လိုက်ပါ။ ကိုယ်ပိုင်စာရင်းကနေ နေ့စဉ် အလွယ်ကူဆုံး လုပ်နိုင်တာကို ရွေးချယ်ပြီး အောင်မြင်အောင်လုပ်ကြည့်ပါ။

၂။ ကွီးကိုယ်တိုင် ကင်မရာရှေ့မှာ လုပ်ကြည့်ပါ

Photo : Podia

ကွီးရဲ့ သက်တောင့်သက်သာရပ်ဝန်းထဲက ထွက်သွားဖို့ Gym လေ့ကျင့်ခန်းပဲဖြစ်ဖြစ်၊ နေ့စဉ် ပုံမှန်အလုပ်မှာပဲဖြစ်ဖြစ် ကွီးကိုယ်တိုင် စကားပြောနေတဲ့ ဗီဒီယိုကို မှတ်တမ်းတင်လိုက်ပါ။ ဒါက ယုံကြည်မှုနှင့် စကားပြောစွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ အစပိုင်းမှာ အနည်းငယ် အဆင်မပြေ ဖြစ်နိုင်သော်လည်း ဆက်တိုက်လုပ်မယ်ဆိုရင် ကွီးရဲ့ စွမ်းရည်တွေ တိုးတက်လာသည်ကို မြင်ရပါ လိမ့်မယ်။

၃။ သူစိမ်းတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ပါ၊ စကားစမြည်ပြောပါ

Photo : Viewpoint Vancouver

သူစိမ်းတစ်ယောက်နှင့် စကားစမြည်ပြောခြင်းက ကွီးတို့ နှစ်ဦးစလုံးဟာ အကြောက်တရားဇုန် ထဲသို့ ဝင်ရောက်ပြီး သင်ယူမှုဇုန်တွင် ရောက်နေပါပြီ။ ကျပန်းသူစိမ်းနှင့် စကားစမြည်ပြောပါ။ စတင် ပြောဖို့ အကောင်းဆုံးနည်းလမ်းက အခြားသူတွင်ရှိသော အင်္ကျီ သို့မဟုတ် ပစ္စည်းတစ်ခုအကြောင်း သတိပြုမိရန်နှင့် မှတ်ချက်ပေးဖို့ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးချိတ်ဆက်မှုဖြစ်စေတာ သို့မဟုတ် အသစ်အဆန်းတစ်ခုကို သင်ယူ ရရှိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း တိုးတတ်လာစေပါတယ်။

၄။ သေးငယ်တဲ့ အလုပ်ကနေ စတင်တတ်လှမ်းပါ

Photo : Small Business Blog

ကွီးရဲ့ လုပ်ရိုးလုပ်စဉ်ကို အနည်းငယ်ပြောင်းလဲဖို့ လိုပါတယ်။ သေးငယ်သော သို့မှမဟုတ် ကွီးတို့ အတွက်အောင်မြင်နိုင်ခြေ ရှိတဲ့အလုပ်ကနေ စတင်ပြီး ပြီးမြောက်အောင်လုပ်ပါ။ တစ်နည်းအားဖြင့် ပိုမိုသိသာ ထင်ရှားတဲ့ ခြားနားချက်တစ်ခုကို ဖန်တီးပြီး ကွီးရဲ့ Comfort Zone မှ ရုန်းထွက်နိုင်ဖို့ ကွီး လုပ်ဆောင်နိုင်တဲ့ သေးငယ်သော အရာတစ်ခုကို ရှာဖွေလုပ်လိုက်ပါ။ ထိုမှ တစ်ဆင့် ပိုမို ကြီးမားသော အောင်မြင်မှုများ ဆီသို့တတ်လှမ်းနိုင်ပါတယ်။

၅။ ကျွမ်းကျင်မှု အသစ်တစ်ခုကို ကြိုးစားပါ

Photo : IDG Connect

အသစ်အဆန်းတစ်ခုခုကို စမ်းကြည့်ခြင်းဖြင့် ကွီးအနေနဲ့ သင်ယူမှုဇုန်ထဲသို့ ဝင်ရောက်နိုင်ပါ တယ်။ ကွီးရဲ့ ယုံကြည်မှုနှင့် ပုဂ္ဂိုလ်ရေးတိုးတက်မှုကို တည်ဆောက်ဖို့ ဘယ်လို လုပ်ဆောင်ချက်ကို ကြိုးစားမလဲဆိုတာ ရှိရင်း အရည်အချင်းများထဲမှ တစ်ခုကို စမ်းကြည့်ပါ။

Comfort Zone ထဲက ရုန်းထွက်နိုင်ဖို့ ကျင့်သုံးသင့်တဲ့ နည်းလမ်းကောင်းတွေထဲက ကွီးနဲ့ သင့်တော်မဲ့ နည်းလမ်းတွေကို သုံးပြီး Comfort zone ထဲကနေ Growth zone ကို ရုန်းထွက်လိုက်ပါ။

Source : Science of People

Featured Photo : Comfort-zone