ယောင်္ကျားတစ်ယောက်ရဲ့ အဝတ်ဗီရိုမှာ ပေါ့ပေါ့ပါးပါး Casual ဝတ်ဖို့ Outfit စတိုင်တွေထားရသလို ပွဲသွား ၊ ရုံးတက် ၊ Dating နဲ့ ခရီးထွက်ရာမျိုးမှာပါ ဝတ်ဖို့ အဝတ်အစားတွေ ရှိထားဖို့ လိုပါတယ်။ သူ့နေရာနဲ့သူ ဝတ်စရာ အဝတ်အစားစာရင်းလေး ရှိထားတော့ ဘယ်နေရာ ဘာဝတ်သွားရမလဲ စဉ်းစားစရာ မလိုတော့ဘူးပေါ့။ ဒါကြောင့်ပဲ အခုတစ်ခေါက်မှာ ယောင်္ကျားအားလုံးနဲ့ အကျုံးဝင်တဲ့ မဖြစ်မနေ ပိုင်ဆိုင်သင့်တဲ့ အဝတ်အစား ၅ မျိုးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Tailored Suit

Photo: Freepik

Suit တွေက နေ့စဉ်အဝတ်အစားမျိုး မဟုတ်ပေမယ့် တစ်ထည်ကောင်းတော့ ရှိထားသင့်တဲ့ Outfit ထဲမှာ ပါပါတယ်။ ယောင်္ကျားတစ်ယောက်ဟာ Formal တက်ရတဲ့ အခမ်းအနားတွေ မကြာခဏဆိုသလို ကြုံရတတ်ပါတယ်။ ဒီလို ပွဲတက်စရာကြုံလာရင် ကိုယ့်ကိုယ်တိုင်းနဲ့ သေချာချုပ်ထားတဲ့ Suit တစ်ထည် မရှိရင် အခက်တွေ့တတ်ပါတယ်။

နောက်ပြီး Suit ဆိုတာကလည်း ပွဲကြီးလမ်းကြီးမျိုးမှ ဝတ်ရတာ မဟုတ်ပါဘူး။ Smart ကျကျ ဝတ်ရမယ့်နေရာမျိုးတွေမှာ (ဥပမာ- ကိုယ့်အလုပ်မှာ ဖြစ်ဖြစ် ၊ နိုင်ငံခြားခရီးတွေ သွားရတာ ဖြစ်ဖြစ် ၊ Client နဲ့ သွားတွေ့ရတာမျိုးတွေ) Suit လေး ပါသွားတာက လူကို ပိုပြီး သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းစေပါတယ်။

(၂) Shirts & T-Shirts

Photo: Freepik

အမျိုးသားတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ အဝတ်အစားတွေအကြောင်း ပြောရင် ရှပ်အင်္ကျီတွေအကြောင်းကို ချန်ထားခဲ့လို့ မရပါဘူး။ Shirt စာရင်းထဲမှာ ရိုးရိုး T-Shirt တွေကနေ လက်တို/လက်ရှည် ရှပ်တွေ နဲ့ ကမ်းခြေမှာ ဝတ်ကြတဲ့ ဟာဝေယံရှပ်တွေအထိ ပါဝင်ပါတယ်။ ရုံးတက်ဖို့အတွက် Oxford Shirt နဲ့ Polo Shirt လို အကောင်းစား ရှပ်အင်္ကျီတွေ လိုပါတယ်။ ပေါ့ပေါ့ပါးပါး လူငယ်ဆန်ဆန် လွတ်လွတ်လပ်လပ် ဝတ်ရတာမျိုး ကြိုက်ရင် T-Shirt စတိုင်မျိုး ဝတ်နိုင်ပါတယ်။

(၃) Jeans

Photo: Freepik

Jeans ဖက်ရှင်တွေကလည်း ကျယ်ပြန့်ပါတယ်။မရိုးနိုင်တဲ့စတိုင်တွေအကြောင်း ပြောတဲ့အခါ Jeans မပါလို့ မရပါဘူး။ Jeans တွေဟာ Casual Shirt တွေနဲ့ အတွဲလိုကို ဖြစ်နေပါပြီ ။ အခုနောက်ပိုင်းမှာ Classic စတိုင် Jeans ဘောင်းဘီကို Boot နဲ့ စီးတဲ့သူတွေ ၊ Smart Casual ကျအောင် Blazer ကုတ်အပါးနဲ့ အောက်မှာ T-Shirt အဖြူပြောင်သန့်သန့်ခံပြီး Jeans ဘောင်းဘီနဲ့လည်း တွဲဝတ်လာကြပါပြီ။ တကယ်လို့ Jeans သိပ်မကြိုက်ရင် Chino Pant တွေ စဉ်းစားသင့်ပေမယ့် Classic ဒီဇိုင်း ဝတ်ချင်ရင် Jeans နဲ့က အလိုက်ဖက်ဆုံးပါပဲ။

(၄) Hoodie & Sweatpant

Photo: Freepik

ဆောင်းရောက်ရင် ဝတ်ဖို့ အကောင်းဆုံး လူငယ်ဖက်ရှင်‌တွေထဲမှာ Hoodie ခေါင်းစွပ်အင်္ကျီနဲ့ Sweatpants စတိုင်တွေလည်း ပါပါတယ်။ Hoodie တွေဟာ နဂိုက Sportswear ဘက်က လာတာ ဖြစ်လို့ ဝတ်ရတာ သက်တောင့်သက်သာအရှိဆုံးခံစားမှုကို ပေးပါတယ်။ Hoodie နဲ့ Sweatpant တွေဟာ လူငယ်တွေအကြိုက်ကို သေချာလေ့လာပြီး အဆင့်မြှင့်တင်ထားတဲ့ ဆောင်းဖက်ရှင်ဖြစ်လို့ စတိုင်အတွဲအဖက်အရလည်း မှားစရာ ရှိမှာ မဟုတ်ပါဘူး။

(၅) Activewear

Photo: Freepik

ဒီခေတ်မှာ ခေတ်မီတဲ့ ယောင်္ကျားလေးတိုင်း Gym ကစားလာကြပြီ ဖြစ်လို့ Gym မှာ ဝတ်ဖို့ Activewear လေးတွေလည်း ရှိထားဖို့ လိုပါတယ်။ Activewear ဖက်ရှင်ထဲမှာ အားကစားဘောင်းဘီအတို ၊ Sweatpant စတိုင် ဘောင်းဘီရှည် ၊ အားကစားဂျက်ကတ် ၊ ချွေးစိုခံ အားကစားဝတ် တီရှပ်ကောင်းကောင်း ပါဝင်ပါတယ်။ အားကစားဝတ်စုံထဲမှာ ကိုယ့်အကြိုက် Sportswear အမှတ်တံဆိပ် ၊ စတိုင်နဲ့ ဖက်ရှင်ကို ထပ်ဖြည့်နိုင်ပါတယ်။