မျက်မှောက်ခေတ် ဖက်ရှင်လောကမှာ ရိုးရိုးရှင်းရှင်းနဲ့ အဖြူရောင် White Sneakers တွေ နာမည်ကြီးတာ မှန်ပေမယ့် Black Sneaker တွေရဲ့ ဩဇာကိုလည်း လျှော့တွက်လို့ မရပါဘူး။ Black Sneaker တွေက Casual ဝတ်လို့ ရသလို Smart Casual ဆန်ဆန်လည်း ဝတ်လို့ ရပါတယ်။ နေရာမရွေးစီးဖို့ အဆင်ပြေတဲ့ Black Sneaker တွေထဲမှာ နာမည်ကြီးတဲ့ အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ဒီလို Black Sneaker တွေထဲကမှ ထင်ရှားတဲ့ Sneaker Brands တချို့အကြောင်း မျှဝေလိုက်ပါတယ်။

(၁) Cariuma

Photo: Dmarge ဘရာဇီး Shoes ကုမ္ပဏီ Cariuma ဟာ သက်တောင့်သက်သာရှိပြီး ကြည့်လို့လှမယ့် Sneakers တွေ ဖန်တီးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Sneakers တွေ ထုတ်တယ်လို့ ဆိုပါတယ်။ ဒီဇိုင်းအချိုးအရ Cariuma ရဲ့ Sneakers တွေဟာ မရိုးနိုင်တဲ့စတိုင်ထဲမှာ ပါရှိပါတယ်။ နောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ လျော်ညီတဲ့ ထုတ်ကုန်တွေဆီ သွားဖို့ လုပ်လာပြီး IBI sneakers တွေမှာဆို ဝါးနဲ့ ပြန်သန့်စင်ထားတဲ့ ပလတ်စတစ်တွေသုံးပြီး ထုတ်လုပ်ထားတာပါ။ ဒီဇိုင်းလှသလို ပေါ့ပါးပြီး စီးရတာ သက်တောင့်သက်သာရှိတဲ့ ဒီဖိနပ်တွေဟာ Black အပြင် Black&White ကာလာ နဲ့ တခြား ကာလာစုံလည်း ထွက်ထားပါတယ်။

(၂) Allbirds

Photo: Dmarge

Allbirds က နယူးဇီလန်အခြေစိုက် Sneaker ကုမ္ပဏီဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို အထောက်အပံ့ပြန်ပေးနိုင်မယ့် Fabrics သစ်တွေနဲ့ ဖိနပ်ထုတ်မယ်ဆိုပြီး တည်ထောင်ထားတာပါ။ကုမ္ပဏီထုတ် ဖိနပ်တွေကို ကမ္ဘာ့သက်တောင့်သက်သာအရှိဆုံးအဖြစ် တံဆိပ်ကပ်ထားပြီး ဒီလို ကြွေးကြော်မှုနဲ့လည်း ညီတယ်လို့ ပြောနိုင်ပါတယ်။ ကူရှင်အခံစနစ် မိုက်ပြီး စီးရတာ ပေါ့ပါးသလောက် သက်တောင့်သက်သာရှိတဲ့ ဖိနပ်တွေအဖြစ် နာမည်ကြီးပါတယ်။

(၃) Von-Röutte

Photo: Dmarge

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ တည်ထောင်ထားတဲ့ Von-Röutte ဆိုတဲ့ ဖိနပ်ကုမ္ပဏီက Black Sneakers ‌တွေလည်း လူကြိုက်များပါတယ်။ ဒီကုမ္ပဏီကို တည်ထောင်တဲ့ လင်မယားဟာ ဒီဇိုင်းနဲ့ သဘာဝသိပ္ပံဆိုင်ရာမှာ ကျွမ်းကျင်သူတွေ ဖြစ်ပြီး သူတို့ရဲ့ ဒီအတွေ့အကြုံတွေကို ထူးခြားတဲ့ ဖိနပ်ဒီဇိုင်းအချိုးနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်ဖက်တဲ့ ထုတ်ကုန်အဖြစ် ပြောင်းလဲဖန်တီးရာမှာ အသုံးချခဲ့တာပါ။ ဒီကုမ္၌ဏီက ထုတ်တဲ့ All-Black Sneakers တွေက လယ်သာသာရည်စစ်စစ်နဲ့ အောက်ခံပြားအတွက် ရော်ဘာသား သုံးထားပြီး ဖနောင့်ကို Support ပေးဖို့ သီးသန့် Insole တစ်ခုလည်း ထည့်ပေးထားပါတယ်။

(၄) Clarks

Photo: Dmarge

ဗြိတိန်အခြေစိုက် ဖိနပ်ကုမ္ပဏီ Clarks က ကျောင်းသားတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ဖိနပ်တွေ စပြီး ထုတ်ခဲ့တာပါ။ နောက်ပိုင်းမှာ လူငယ်တွေအတွက် Sneakers ရော ၊ လုပ်ငန်းကိုင်ငန်းတွေ ဦးဆောင်နေတဲ့ ခေတ်သစ် စီးပွားရေးသမားလူတန်းစားတွေအတွက် Dress Shoes တွေပါ ထုတ်လာပါတယ်။ ဗြိတိန်ထုတ်ကုန်ဖြစ်တဲ့အတိုင်း စတိုင် ၊ အရည်အသွေးနဲ့ တာရှည်ခံမှုကို ဦးစားပေး ဖန်တီးထားလို့ ဝယ်သင့်တဲ့ ဖိနပ် Brands ထဲမှာ ထည့်ပြောရပါတယ်။

(၅) Converse

Photo: Dmarge

နာမည်ကြီး အမေရိကန်ဖိနပ် Brand တစ်ခု ဖြစ်တဲ့ Converse ဆိုရင် အကောင်းဆုံးနဲ့ လူသိအများဆုံး ဖိနပ်အမှတ်တံဆိပ်တစ်ခုအဖြစ် အလွယ်တကူ လက်ခံထားကြပါတယ်။ ၁၉၀၈ ခုနှစ်က တည်ထောင်ခဲ့ပြီး အဲ့ကတည်းက ဖိနပ်အမျိုးအစားပေါင်းများစွာ ထုတ်လုပ်လာခဲ့တာပါ။ Converse တွေထဲမှာ အကျော်ကြားဆုံးက All Star ဖြစ်ပြီး Low-Top ၊ High-Top ပုံစံနှစ်မျိုးစလုံး လူကြိုက်များခဲ့ပါတယ်။

Featured Photo: Sneaker Freaker