မိမိသူငယ်ချင်းတွေနဲ့အတူတူ အေးအေးဆေးဆေး ဘားထိုင်ချင်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ အမိုက်စား Decoration များနှင့် အလှဆင်ထားတဲ့ အလန်းစား ဘား တွေအကြောင်းကို ဝေမျှပေးချင်ပါတယ်။

ပထမဆုံး တစ်ဆိုင်ကတော့ The Village Bar လို့ အမည်ရတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။

The Village Bar

Photo: Facebook

The Village Bar ရဲ့ တည်နေရာကတော့ အမှတ် G02 ဆိုဟိုတာဝါ ၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့နယ်မှာ တည်ရှိတာပဲဖြစ်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်က အပြင်ဘက်ကနေ ကြည့်တာတောင်မှ Decoration က ဘယ်လောက်တောင် မိမိုက်နေသလဲဆိုတာ တွေ့မြင်နိုင်တဲ့ ဘား တစ်ခုပဲဖြစ်ပါတယ်။

ဘီယာမျိုးစုံကို မှာယူသောက်သုံးနိုင်တဲ့အပြင် ရက်အလိုက် တေးဂီတ ဖျော်ဖြေတင်ဆက်မှုများကိုလည်း မတူညီအောင် စီစဥ်ပေးထားတာကတော့ ဆိုင်ရဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။

KOSAN Bar

Photo: Facebook

ဆိုင်ရဲ့ တည်နေရာကတော့ အမှတ် (၁၉) ၊ ပတ္တမြားလမ်း၊ ရှင်စောပုရပ်ကွက်၊ စမ်းချောင်းမြို့နယ်မှာ တည်ရှိတာပဲ ဖြစ်ပါတယ်။ ဆိုင်ရဲ့ Decoration အပြင်အဆင်လေးက လူငယ်ကြိုက်ပုံစံ ပြင်ဆင်ထားပြီး ဘီယာမျိုးစုံ၊ ကော့တေးမျိုးစုံအပြင် အရသာရှိတဲ့ ဟင်းလျာမျိုးစုံကိုလည်း မြည်းစမ်းစားသုံးနိုင်ပါသေးတယ်။

After 8

Photo: Facebook

After 8 ရဲ့ တည်နေရာကတော့ မြန်မာပလာဇာအဆောက်အဦးရဲ့ ၄ လွှာမှာ တည်ရှိတာ ဖြစ်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်က အနောက်တိုင်းဆန်ပြီး Luxury ဆန်ဆန်နဲ့ အနားယူ အပန်းဖြေနိုင်အောင် စီစဥ်ထားတာပဲဖြစ်ပါတယ်။ ကော့တေးမျိုးစုံကိုလည်း အရသာစုံလင်နေအောင် ဖျော်စပ်ပေးထားပြီး Live Music ဖျော်ဖြေတင်ဆက်မှုများကိုလည်း စီစဥ်ပေးထားတာဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ အကောင်းစား Decoration အပြင်အဆင်များဖြင့် ပြင်ဆင်ထားတဲ့ ဘား တွေမှာ အချိန်ကုန်ဆုံးချင်တယ်ဆိုရင်တော့ ဒီဘား တွေဆီသို့ အရောက်လှမ်းသွားသင့်ပါတယ်။

Featured Image: KOSAN.Padonmar