သိပ်မကြာခင် ဆောင်းဝင်လာတော့မှာဆိုတော့ Denim Jacket တွေနဲ့ ခပ်မိုက်မိုက် ရှိုးထုတ်ဖို့ အချိန်ကျပြီလို့ ပြောရမှာပါ။ Denim Jacket တွေက အအေးဒဏ်ကို ကောင်းကောင်းကာကွယ်ပေးနိုင်သလို ဖက်ရှင်အရလည်း ဘယ်တော့မှ မရိုးနိုင်တဲ့ စတိုင်မျိုးကို ပေးစွမ်းပါတယ်။ တကယ်တော့ Denim Jacket တွေဟာ ဆောင်းရာသီမှ မဟုတ်ပါဘူး အချိန်ရာသီမရွေး ရှိုးထုတ်လို့ရနိုင် စွယ်စုံရ Jacket တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ Denim Jacket ဝယ်တဲ့အခါ အရွေးမမှားစေဖို့ သိထားရမယ့် အချက်လေးတွေကို ပြောပြပေးပါမယ်။

(၁) အထည်ကွာလတီကို သေချာကြည့်ပါ

Photo : Heddels

Jeans ဘောင်းဘီတွေလိုပါပဲ Denim Jacket ဝယ်တဲ့အခါ အထည်ကွာလတီကို သေချာလေး ရွေးဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် အရည်အသွေးကောင်းတဲ့ High-Quality Denim တွေဟာ ဝတ်လိုက်ချိန်မှ သက်တောင့်သက်သာ ရှိနေပြီး အလေးချိန်လည်း အနည်းငယ်စီးနေတက်ပါတယ်။ ဝိတ်စီးပြီး ထူထူထည်ထည်ရှိတဲ့ Denim Jacket တွေကသာ ပိုတာရှည်ခံပြီး စုတ်ပြဲမှုဒဏ်တွေကို ကောင်းကောင်း ခံနိုင်ရည်ရှိတာ ဖြစ်ပါတယ်။

(၂) ခန္ဓာကိုယ် အချိုးအစားနဲ့ အံဝင်ဂွင်ကျ ရှိမရှိ စစ်ဆေးပါ

Photo : Real Men Real Style

Denim Jacket တစ်ထည် ရွေးတဲ့အခါ ကိုယ့်ဘော်ဒီအချိုးအစားနဲ့အညီ Well-Fitting ဖြစ်နေဖို့ အရေးကြီးပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကျပ်လွန်း ဒါမဟုတ် ပွလွန်းနေတာမျိုး မဖြစ်စေပဲ သက်တောင့်သက်သာနဲ့ ပေါ့ပါးမှုအပြည့် ရှိနေရမှာပါ။ အပေါ်ထပ် ဝတ်ဖို့အတွက်ဆိုရင်တော့ မဆိုသလောက်လေး ပွပွချောင်ချောင်ရှိတဲ့ ဆိုဒ်အရွယ်အစားကို ရွေးချယ်သင့်ပါတယ်။ အရမ်းပွပြီး ချောင်ချောင်ချိချိ ဖြစ်နေတာမျိုးမဟုတ်ပဲ ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ Fitting ကျကျနဲ့ ဝတ်ရအဆင်ပြေနေတာမျိုး ဖြစ်သင့်ပါတယ်။

(၃) ဒီဇိုင်းပိုင်း ထည့်စဉ်းစားပါ

Photo : Real Men Real Style

Denim Jacket တွေကတော့ ပုံစံဒီဇိုင်း မျိုးစုံလာပါတယ်။ ရိုးရိုးရှင်းရှင်း Classic ဆန်ဆန် ဒီဇိုင်းထဲမှာဆိုရင်တော့ ပုံမှန် ကြယ်သီးတပ် ၊ ရှေ့အိတ်ကပ်နဲ့ ကော်လံပါတဲ့ ပုံမှန် ဒီဇိုင်းမျိုးကို ရွေးချယ်နိုင်ပါတယ်။ ဒါက အချိန်နေရာမရွေး ဝတ်လို့အဆင်ပြေပြီး လူငယ်လူကြီးမရွေး လိုက်ဖက်မှုရှိရှိ ဝတ်ဆင်နိုင်ပါတယ်။ လူငယ်ဆန်ဆန် အထာကျကျ ဂေါ်ချင်သူတွေ အတွက်ကတော့ အပြဲဒီဇိုင်း ၊ Rivets ရိုက်ဒီဇိုင်း ၊ ကော်လံ သိုးမွှေးတပ်ဒီဇိုင်းနဲ့ ချုပ်ရိုးလိုင်းဖော်ထားတဲ့ ဒီဇိုင်းတွေ အများကြီး ရွေးချယ်စရာ ရှိပါတယ်။

(၄) ချုပ်ရိုးချုပ်သားကို ကြည့်ပါ

Photo : Amazon UK

ကြာရှည်ခံပြီး အမြဲပုံမှန်ဝတ်ဆင်လို့ အဆင်ပြေတဲ့ Denim Jacket တစ်ထည်ဖြစ်ဖို့ ချုပ်ရိုးချုပ်သားက စကားပြောပါတယ်။ ချုပ်ရိုးစိပ်ပြီး Pattern ကျကျ ချုပ်ကွက်တွေရှိရှိ သေချာကြည့်ပါ။ လက်အဝ ၊ အိတ်ကပ်နဲ့ ရင်ဘတ် ချုပ်ရိုးတွေအားလုံးကို စစ်ဆေးဖို့ လိုပါလိမ့်မယ်။ ချုပ်ရိုးချုပ်သားကောင်းမွန်ခြင်းက Jacket ရဲ့ ကြာရှည်ခံမှုကို အထောက်အကူ ဖြစ်စေပြီး အချိန်ကြာလာတာနဲ့အမျှ ဝိုင်လိုပဲ ပိုကောင်းတဲ့ Jacket တစ်ထည် ဖြစ်စေဖို့ အဓိကကျတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

Featured Photo : Cave + Post Trading Co.