ကျွန်တော်တို့ခေတ်ရဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ အဝလွန်ခြင်းဟာ စိုးရိမ်စရာပြဿနာဖြစ်လာနေပါတယ်။ အမျိုးသား ၄ ယောက်မှာ ၃ ယောက်ဟာ ရှိသင့်တဲ့ ကိုယ်ခန္ဓာအချိုးအစားထက် ပိုဝနေကြတယ်လို့ ဆိုပါတယ်။ ကိုယ်အင်္ဂါကျန်းမာသန်စွမ်းအောင် Body Buildup လုပ်ကြဖို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။ ဒါကြောင့် ပုံမှန် Body Buildup လုပ်ဖြစ်အောင် လိုအပ်တဲ့အချက်လေးတွေ ပြောပြပေးချင်ပါတယ်။

(၁) ရိုးရှင်းတဲ့ Cardio Workout လေးတွေ လုပ်ဖြစ်အောင် လုပ်ပါ

Photo: Unsplash

Cardio လေ့ကျင့်ခန်းတွေက သင့်နှလုံးခုန်နှုန်း တက်အောင် ကူညီပြီး ကယ်လိုရီကို လောင်ကျွမ်းစေပါတယ်။ Cardio တွေထဲမှာ အကောင်းဆုံးက အပြေးလေ့ကျင့်ခန်းလို့ ဆိုပါတယ်။ အခုမှ Body Buildup လုပ်မယ့်သူတွေကတော့ လမ်းလျှောက်လိုက် ၊ ပြေးလိုက်တွဲလုပ်နိုင်ပါတယ်။ အချိန်မရရင်တော့ ခြေကျင်ခရီး များများသွား ၊ လှေကားထစ်တွေ များများတက် ၊ လမ်းလျှောက်ဖို့ အခွင့်အရေးရှာနေပါလို့ အကြံပေးချင်ပါတယ်။

(၂) အားကစားလုပ်ဖော် ရှာပါ

Photo: Unsplash

မနက်တိုင်း သင်နဲ့အတူ ပြေးမယ့် သူငယ်ချင်းတစ်ယောက် ရှိတာ ကောင်းပါတယ်။ မရှိရင်လည်း ရှာသင့်ပါတယ်။ Work Out လုပ်ရာမှာ အဖော်အပေါင်းကောင်းက သိပ်အရေးကြီးပါတယ်။ အားကစားလုပ်ရတာလည်း ပိုပြီး Motivation ဖြစ်စေပါတယ်။ စိတ်ထဲမှာလည်း Feeling Challenged ဖြစ်လို့ အားကစားတိုးလုပ်ဖြစ်ပြီး Body Buildup လုပ်တာလည်း ပိုလို့ ထိရောက်မှု ရှိမှာပါ။

(၃) အားကစားကို အပြောင်းအလဲနဲ့ လုပ်ပါ

Photo: Unsplash

ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ရာမှာ ပျင်းမသွားဖို့က အရေးကြီးပါတယ်။ ကိုယ်လုပ်နေတဲ့ Activities ပေါ် ပိုစိတ်ဝင်စားလာဖို့ ၊ စိတ်ပါလာဖို့အတွက် အပြောင်းအလဲ လုပ်ပေးဖို့ လိုပါတယ်။ တစ်မျိုးတည်းကိုပဲ ထပ်တလဲလဲ လုပ်နေရင် စိတ်ရောလူပါ အီလာပါတယ်။ အဝတ်အစားသစ် တလှည့်စီ ဝတ်သလိုမျိုး Workout ကိုလည်း အပြောင်းအလဲနဲ့ စုံအောင် ကစားဖို့ လိုပါတယ်။ ပြေးတာလိုမျိုး Cardio Workout နဲ့ Strength Training ၊ ယောဂ နဲ့ Martial Arts တွေ ရောကစားတာမျိုး လုပ်ကြည့်မယ်ဆိုရင် အားကစားလုပ်ရတာ ပိုလို့ စိတ်ပါလာမှာ ဖြစ်ပါတယ်။

Featured Photo: Everyday Health