Smart Casual ဖက်ရှင်နဲ့ ပွဲတက်မယ်ဆိုရင် ဝတ်ရမယ့်ဘောင်းဘီဟာ Formal Pant ဖြစ်ဖို့တော့ လိုမှာပါ။ Pant အရောင်တွေနဲ့ ပတ်သက်လာရင် ယောင်္ကျားလေးတွေဟာ အနက်ရောင်ထက် မီးခိုးရောင် Grey ကာလာကို ပိုနှစ်သက်ကြပါတယ်။ ဒီတော့ Grey Pant နဲ့ ပွဲတက်ဖက်ရှင် ဝတ်တော့မယ်ဆိုရင် လိုက်ဖက်တဲ့ Outfit စတိုင် ၄ မျိုးအကြောင်း ပြောပြလိုက်ပါတယ်။

(၁) Formal Grey Blazer နဲ့ Brown Shoes

Photo: outsons

အနောက်တိုင်းဆန်ဆန် ကျင်းပတဲ့ မင်္ဂလာဆောင်တစ်ခု တက်ဖို့ Smart Outfit ရှာနေတယ်ဆိုရင် Grey Pant ကိုမှ အပေါ်မှာ အဖြူရောင် Dress Shirt ၊ Grey Blazer နဲ့ အနက်ရောင် လယ်သာနက်ခ်တိုင် တပ်ပြီး အညိုရောင် Shoe စီးသွားဖို့ အကြံပြုချင်ပါတယ်။ ပိုပြီး Smart ကျသွားဖို့အတွက် နာရီကောင်းကောင်းတစ်လုံးလည်း ပတ်သွားဖို့ အကြံပေးလိုက်ရပါတယ်။

(၂) Black Shirt & Grey Blazer

Photo: outsons

ဝတ်စုံပြည့်စတိုင်နဲ့ ဒင်နာသွားမလား ၊ မင်္ဂလာဆောင်သွားမလား ၊ အခမ်းအနားတစ်ခုတက်စရာရှိသလား။ ဒါဆိုရင် မီးခိုးရောင် ဘလေဇာကုတ် ၊ အနက်ရောင် လယ်သာရှုးနဲ့ နက်ခ်တိုင်အနက်တပ်သွားဖို့ အကြံပေးချင်ပါတယ်။ Suit-Up ဝတ်မယ်ဆိုရင် အကောင်းဆုံးနဲ့ Classic အကျဆုံး ကာလာက Grey Outfit ကိုမှ အနက်နဲ့ တွဲဖက်ဝတ်တာ ဖြစ်ပါတယ်။

(၃) Casual Shoes နဲ့ ရှပ်အဖြူ

Photo: outsons

စမတ် Casual ဖက်ရှင်နဲ့ ပေါ့ပေါ့ပါးပါး Date မှာ စမတ်ကျကျ ဝတ်သွားချင်တယ်ဆိုရင် Grey Blazer Jacket ဝတ်သွားပါ။ အောက်မှာ စီးရမှာက Casual ကျတဲ့ Sneaker စတိုင်ဖြစ်ပြီး တီရှပ်အဖြူနဲ့လည်း တွဲဝတ်နိုင်ပါတယ်။ ဒီဖက်ရှင်က ရုံးတက်ဝတ်စုံအဖြစ်လည်း ဝတ်နိုင်ပါတယ်။

(၄) Black Shirt & Black Shoes

Photo: outsons

အမျိုးသမီးတွေဟာ Grey Suit နဲ့ Black Shirt တွဲဝတ်တဲ့ ယောင်္ကျားလေးတွေကို သဘောကျကြပါတယ်။ ဒီကာလာအတွဲက ပုံမှန်ဖက်ရှင်အနေနဲ့လည်း ခန့်ညားသပ်ရပ်သလို စီးပွားရေးနဲ့ဆိုင်တဲ့ ပွဲတွေအတွက်လည်း အဆင်ပြေပါတယ်။ ဒီ Outfit နဲ့ တွဲဝတ်ရမယ့် Shoes ကတော့ အနက်ရောင် Boot ဒါမှမဟုတ် Oxford ဖိနပ်ဖြစ်ပါတယ်။ တကယ်လို့ Black Outfit သိပ်မကြိုက်ရင် အပြာရောင် ရှပ်နဲ့လည်း တွဲဝတ်နိုင်ပါတယ်။