ကွီးတို့ရေ မကြာခင်မှာ ရောက်ရှိလာတော့မဲ့ တန်ဆောင်တိုင် မီးထွန်းပွဲတော်အတွက် ကိုယ်တိုင် မီးပုံးလေးတွေ ပြုလုပ် ထွန်းညှိချင်ပါသလား။ တန်ဆောင်တိုင် မီးထွန်းပွဲတော် အတွက်ပဲ ဖြစ်ဖြစ်၊ ကိုယ့်အိမ်မှာပဲ ဖြစ်ဖြစ်အလှဆင်ဖို့ပဲ ဖြစ်ဖြစ်၊ ရိုးရှင်းလွယ်ကူတဲ့ DIY စက္ကူ မီးပုံး လေးတွေ ကွီးတို့ကိုယ်တိုင် ပြုလုပ်နိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်။

DIY စက္ကူ မီးပုံး လေး ပြုလုပ်ဖို့လိုအပ်တာတွေကတော့

Photo : A Piece of Rain Bow

(၁) ရေသန့်ဗူးခွံ (၂) စက္ကူအဖြူများ (၃) တိတ်များ (၃) ဖယောင်းတိုင်များ သို့မဟုတ် LED မီးလုံးလေးတွေ နဲ့ (၄) ဓား စသည်တို့ လိုအပ်ပါတယ်။

ပါဝင်ပစ္စည်းတွေ စုံလင်ပြီဆိုရင်တော့ DIY မီးပုံးလေး ပြုလုပ်ဖို့ အသင့်ဖြစ်ပါပြီ။

Photo : A Piece of Rain Bow

ပထမဦးစွာ ရေသန့်ဗူးခွံက တံဆိပ်များကို ဖယ်ရှားလိုက်ပါ။ ထို့နောက် ၈ လက်မခန့်ချန်ပြီး ရေသန့် ဗူးခွံကို ဖြတ်ပါမယ်။ ဒီနေရာမှာ ၁ လီတာနဲ့ ၁.၅ လီတာ ဗူးတွေသုံးတာ ပိုပြီး အဆင်ပြေပါလိမ့်မယ်။ ရေသန့်ဗူးများ ခြောက်သွေ့နေစေဖို့ သတိပြုပါ။

Photo : A Piece of Rain Bow

ထို့နောက် စက္ကူအဖြူများကို ကွီးတို့လိုချင်တဲ့ ပုံစံအတိုင်း ဓားဖြင့် ဖြတ်ပါ။ ပုံတွင် ပြထားသည့်အတိုင်း ဖောင်းကြွပုံစံလေး ဖြစ်အောင် ပုံသွင်းပါ။ ကွီးတို့ စိတ်ကြိုက်ဒီဇိုင်း ပြုလုပ်နိုင်ပါတယ်။

Photo : Pinterest

ပြီးလျှင် ကွီးတို့ဖြတ်ထားတဲ့ ရေသန့်ဗူးခွံများ၊ ပုံသွင်းပြီးသား စက္ကူဖြူများနဲ့တိတ်များကို တစ်နေရာတည်းတွင် စုလိုက်ပါ။ ထို့နောက် စက္ကူဖြူများကို ရေသန့်ဗူးရဲ့ အပြင်ဖက်မှာ တိတ်ဖြင့် သပ်ရပ်စွာ ကပ်လိုက်ပါ။ ဒါဆိုရင်တော့ DIY စက္ကူ မီးပုံး လေး ပြုလုပ်လို့ ပြီးပါပြီ။

Photo : A Piece of Rain Bow

နောက်ဆုံးအနေနဲ့ ဖယောင်းတိုင်ကို သေချာမလဲအောင်စီမံပြီး ထွန်းညှိလို့ရပါပြီ။ ဒါမှမဟုတ် LED မီးလုံးနဲ့ အလှဆင်လို့ ရပါတယ်။ အလှဆင်မီးလုံးလေးတွေ သွယ်တန်းပြီးလည်း ဒီ စက္ကူမီးပုံးလေးတွေကို ချိတ်ဆွဲလို့ရပါတယ်။ တကယ်ကို လုပ်ရလွယ်ကူပြီး အချိန်သိပ်မကြာဘဲ လှပတဲ့ မီးပုံးလေးတွေ ရပါပြီ။ DIY Project လေးတွေ လုပ်ရတာ ကြိုက်တဲ့ ကွီးတို့လည်း ဒီစက္ကူ မီးပုံးလေးတွေကို စမ်းလုပ်ကြည့်ပါဦးနော်။

ဆက်လက်ပြီးတော့လည်း ကွီးတို့အနေနဲ့ စက္ကူပေါ်မှာ စိတ်ကြိုက်ပုံဖော်ပြီး ပိုမို ဆန်းသစ်တဲ့ မီးပုံးလေးတွေ ဖန်တီးနိုင်အောင် အိုင်ဒီယာကောင်းလေးတွေ ဝေမျှပေးလိုက်ပါတယ်နော်။

အိုင်ဒီယာ (၁)

Photo : A Piece of Rain Bow

အိုင်ဒီယာ (၂)

Photo : In Country Value Oman

အိုင်ဒီယာ (၃)

Photo : Pinterest

Source : A Piece of Rain Bow

Featured Photo : Paper Lanterns