ဘဝရဲ့ အမှတ်တရ ဓာတ်ပုံတွေက် ကွီးတို့ နံရံမှာ ဒါမှမဟုတ် ရေခဲသေတ္တာပေါ်မှာ ကပ်ထားလေ့ရှိတတ်ပါတယ်။ ကိုယ့်ဘဝရဲ့ အမှတ်တရ ပုံလေးတွေကို မြင်နေရတာ တကယ်ကို စိတ်ကို ကြည်နူးစေပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ နံရံမှာ သေချာအလှဆင်ပြီး ကပ်ထားချင်ပေမဲ့ နေရာကျဉ်းနေတဲ့ အတွက် အဆင်မပြေတာလေးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ အမှတ်တရ ဓာတ်ပုံလေးတွေကို မီးအိမ်မှာ ကပ်ပြီး အလှဆင်လို့ရတဲ့ DIY Photo Lamp လေးတစ်ခု ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြချင်ပါတယ်။

ဓာတ်ပုံ မီးအိမ်လေး တစ်ခု DIY Photo Lamp ပြုလုပ်ရန် လိုအပ်သော ပစ္စည်းများကတော့……..

Photo : HGTV

(၁) ဓာတ်ပုံများ (၂) ကြည်လင်သော ဖလင်ပြား သို့မဟုတ် Tracing Paper (၃) ကတ်ကြေး သို့မဟုတ် ဓား (၄) တိပ်ခွေ (၅) ပလပ်စတစ်ဘူး (၆) LED သို့မဟုတ် လျှပ်စစ်မီးလုံး စသည်တို့ပဲ ဖြစ်ပါတယ်။ လိုအပ်တာတွေ ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ ကွီးတို့ကိုယ်တိုင် DIY မီးအိမ်လေးတစ်လုံး ပြုလုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။

Photo : DIY Tutorials

DIY Photo Lamp လေးတစ်ခုလုပ်ဖို့ လုပ်ငန်းစဉ်ကတော့ ရိုးရှင်းပါတယ်။ ပလပ်စတစ်ပုလင်းကို အဆုံးဖြတ်ပါ၊ ဖလင်အကြည်ပေါ် သို့မဟုတ် Tracing Paper ပေါ်တွင် ကွီးတို့ ကြိုက်တဲ့ဓာတ်ပုံ သို့မဟုတ် ဒီဇိုင်းကို ပရင့်ထုတ်ပါ၊ ၎င်းကို ပုလင်းပတ်လည်တွင် ပတ်ပြီး တိပ်ဖြင့် ကပ်ပါ။ ထို့နောက် ကွီး အဆင်ပြေမဲ့ LED မီးအိမ် သို့မဟုတ် လျှပ်စစ်မီးလုံးအိမ် နဲ့ ချိတ်ဆက် ပေါင်းထည့်လိုက်တာနဲ့ ကွီးတို့ရဲ့ အဖိုးတန် အမှတ်တရတွေ နဲ့ DIY Photo Lampရရှိပါပြီ။

Photo : Small Joys

နောက်တစ်နည်းကတော့ မီးလုံးအကာရှိပြီးသားဖြစ်တဲ့ Lamp တွေအတွက် Tracing Paper ကို မီးလုံးအကာပေါ်တွင် ကပ်လိုက်ပါ။ ထို့နောက် လိုချင်တဲ့ အမှတ်တရ ဓာတ်ပုံတွေကို မီးအိမ်အတိုင်းအတာ အလိုက် ဒီဇိုင်းထုတ်ပြီး လှလှပပ ကပ်လိုက်ရင်လည်း လှပတဲ့ DIY မီးအိမ်လေး တစ်ခု ရပါပြီ။ ကွီးတို့ မိသားစု ဓာတ်ပုံလေးတွေဖြစ်စေ၊ အမှတ်တရ ခရီးသွားပုံတွေနဲ့ ဖြစ်စေ၊ ကွီးတို့ကြိုက်နှစ်သက်တဲ့ နည်းနဲ့ လုပ်လို့ရပြီး လွယ်ကူတဲ့ DIY နည်းလေးပဲဖြစ်ပါတယ်။

ဒီလို DIY မီးအိမ်လေးတစ်လုံးဖန်တီးပြီး ကွီးတို့အိမ်အတွက် အလှဆင်ပစ္စည်းလေးအဖြစ် ထားလို့ရသလို၊ ကွီးတို့ မြတ်နိုးရတဲ့သူအတွက် ဓာတ်ပုံလေးတွေနဲ့ ဖန်တီးထားတဲ့ ဒီမီးအိမ်လေးကို လက်ဆောင်ပေးလို့လည်းရပါတယ်။

Source : Mommy Moment

Featured Photo : Rotating lamp