ယုံကြည်မှုရှိတဲ့ ယောင်္ကျားတွေဟာ ကိုယ်ကဘယ်လိုလူလဲ ၊ ဘာလိုချင်သလဲ သိတဲ့သူတွေပါ။ ဒါကြောင့် အရက်ဘားရောက်ရင်လည်း ဘာမှာသောက်ရမလဲ တွေဝေမနေဘဲ တန်းပြောနိုင်ပါတယ်။ တချို့ယမကာတွေက ယောင်္ကျားတစ်ယောက်ချင်းစီရဲ့ အမှတ်လက္ခဏာ Signature လိုကို ဖြစ်နေပါပြီ။ ရုပ်ရှင်ကားတွေမှာဆို ဂျိမ်းစ်ဘွန်းဟာ အမြဲတမ်း ဗော်ဒ်ကာ မာတီနီကို မမွှေဘဲ လှုပ်သောက်တတ်တာ မြင်ဖူးမှာပါ။ ဒီတော့ တကယ့်ယောင်္ကျားတစ်ယောက် ဘားရောက်လို့ မှာမယ်ဆိုရင် ရွေးချယ်သင့်တဲ့ ယမကာစာရင်းလေး မျှဝေပေးလိုက်ပါတယ်။

(၁) Rum & Coke

Photo: The Nosey Chef

ရမ်&Coke ကတော့ ယောင်္ကျားတွေရဲ့ အရက်ဝိုင်းမှာ အမြဲတမ်း ရိုးမသွားတဲ့ နာမည်ကျော် ယမကာပါပဲ။ သောက်တတ်စ Entry Level Gentleman’s Drink လို့တောင် ခေါ်ကြပါတယ်။ ရမ်ရဲ့ ချိုပြင်းပြင်းအရသာကို Coke နဲ့ ပေါင်းစပ်လိုက်တဲ့အခါ အရိုးရှင်းဆုံး အရောအစပ်နဲ့ Perfect ဖြစ်တဲ့ အရသာကို ပေးပါတယ်။ တကယ်လို့ Rum ထက် ဝီစကီကို ပိုကြိုက်ရင် Jack & Coke လေး မှာဖို့ အကြံပေးချင်ပါတယ်။ သူက Rum & Coke ထက် နည်းနည်းပိုပြင်းမယ် ၊ အချိုနည်းပါမယ်။ ဒါပေမယ့်လည်း ယောင်္ကျားတစ်ယောက်ရဲ့ လျှာကို အသာလေး ဖမ်းစားနိုင်စွမ်းမှာ Rum & Coke ကော့တေးလ်ထက် သာပါလိမ့်မယ်။

(၂) Gin & Tonic

Photo: The Spruceeats

Gin နဲ့ Tonic အတွဲအစပ်ရဲ့ အရသာဟာ အတော်လေး နှစ်လိုဖွယ်ကောင်းပါတယ်။ သိတဲ့အတိုင်း ။ Gin ဆိုတာ နာမည်ကျော် ကော့တေးလ်တွေမှာ အခရာကျတဲ့ ယမကာတစ်မျိုးဖြစ်ပြီး Tonic ရဲ့ ထူးခြားတဲ့ အနံ့နဲ့ပေါင်းစပ်လိုက်တဲ့အခါ ချဉ်တင်တင်လေးနဲ့ ကောင်းတဲ့ ခံစားချက်ကို ပေးပါလိမ့်မယ်။ နောက်တစ်ဆင့် ထပ်တက်ချင်ရင်တော့ သံပရာလေးတစ်ပြားလောက် ညှစ်လိုက်ရင် ခေါင်းကြည်ပြီး စိတ်လက်တွေပါ ရွှင်မြူးအောင် စွမ်းဆောင်ပေးပါလိမ့်မယ်။

(၃) Old Fashioned

Photo: Simply Recipes

ဝီစကီကော့တေးလ်တွေထဲမှာ Old Fashioned က နာမည်ကြီးပါတယ်။ Old Fashioned လို့ ပြောလိုက်ရင် ခေတ်သစ်ယောင်္ကျားတို့ရဲ့ Signature Drink လို့ ချက်ချင်း သိပါလိမ့်မယ်။ အရက်ဘားရောက်ရင် တစ်ခါလောက် မှာသောက်သင့်တဲ့ ယမကာတွေထဲမှာ Old Fashioned ကိုလည်း စာရင်းတို့ထားဖို့ ပြောချင်ပါတယ်။

(၄) ကော့ညက်

Photo: Time

ကော့ညက်က ရာသီမရွေး သောက်လို့ကောင်းတဲ့ ယမကာတစ်မျိုးပါ။ ဝီစကီလိုပဲ ယောင်္ကျားတွေအကြိုက် ယမကာဖြစ်ပြီး အနံ့နဲ့ အရသာမှာ ပိုလို့တောင် ဝီစကီထက် ဆရာကျမယ် ထင်ပါတယ်။ ကော့ညက်ဆိုတာ ပြင်သစ်နိုင်ငံ ကော့ညက်ဒေသက အထူးထုတ်ထားတဲ့ အရည်အသွေးမြင့် ယမကာဖြစ်ပါတယ်။ ကော့ညက်သောက်ရင် မှတ်ဉာဏ်ဟောင်းတွေကို ပြန်စဉ်းစားလို့ကောင်းတယ်လို့တောင် ပြောကြပါတယ်။

(၅) ဝီစကီ

Photo: Austin Chronicle

Manly Drink စာရင်းမှာ ဝီစကီ မပါလို့ ဘယ်ဖြစ်ပါ့မလဲ။ ဝီစကီတွေက ပြင်းတယ်။ ဘီယာလို ဝင်သလောက်သောက်လို့ မရပါဘူး။ Limit လေးနဲ့ ချိန်သောက် ၊ မမှောက်အောင် ဂရုစိုက်ဖို့လည်း မှာချင်ပါတယ်။