မန်ချက်စတာ ယူနိုက်တက် အမျိုးသမီး ဘောလုံးအသင်းဟာ မနေ့ညက ဘရိုက်တန် အမျိုးသမီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီး အက်အေဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ (၃)ဂိုး (၂)ဂိုးနဲ့ အနိုင်ယူခဲ့ပြီးနောက် အသင်း သမိုင်းကြောင်းတစ်လျှောက် အက်အေဖလား ဖိုင်နယ်အဆင့်ဆီ ပထမဆုံးအကြိမ်အဖြစ် တတ်လှမ်းခွင့် ရရှိသွားခဲ့ပါတယ်။

Photo Credit : Vitality Women’s FA Cup’s Twitter

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အမျိုးသမီး အက်အေဖလားပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံ ချဲလ်ဆီး ၊ မန်ယူနိုက်တက် ၊ အက်စတွန် ဗီလာနဲ့ ဘရိုက်တန်အသင်းတွေက ဆီမီးဖိုင်နယ်ထိ ရောက်ရှိလာခဲ့ပြီး မန်ယူနိုက်တက် နဲ့ ဘရိုက်တန် ၊ ချဲလ်ဆီး နဲ့ ဗီလာတို့ ဆုံတွေ့နေခဲ့ပါတယ်။ အခုတော့ ယူနိုက်တက် မွီးအသင်းက ဘရိုက်တန် မွီးအသင်းကို comeback နိုင်ပွဲနဲ့အတူ အနိုင်ယူ ကျော်ဖြတ်ပြီး FA Cup ဖိုင်နယ်ဆီကို တတ်လှမ်းခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Manchester United Women’s Twitter

ဒီ နိုင်ပွဲကြောင့် ယူနိုက်တက် အမျိုးသမီးအသင်းအနေနဲ့ ချဲလ်ဆီး-ဗီလာပွဲက အနိုင်ရလာမယ့် အသင်းနဲ့ ဖိုင်နယ်အဆင့်တွင် ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ ပြီးခဲ့တဲ့ (၂)ရာသီဆက်တိုက် အက်အေဖလား ချန်ပီယံဆုကို ဆွတ်ခူးထားတဲ့ အသင်းတစ်သင်း ဖြစ်သလို ဒီရာသီမှာလည်း ဖိုင်နယ်ကို (၃)ကြိမ်ဆက် တတ်လှမ်းဖို့က အခြေအနေ အလွန်ကောင်းနေရပါတယ်။ တကယ်လို့ ဗီလာသာ ဖိုင်နယ် တတ်သွားခဲ့မယ်ဆိုရင်လည်း ယူနိုက်တက်လို ဖိုင်နယ်ကို ပထမဆုံး တတ်လှမ်းလာနိုင်မယ့် နောက်ထပ် အသင်းတစ်သင်း ဖြစ်လာပါလိမ့်မယ်။

Photo Credit : Vitality Women’s FA Cup’s Twitter

၁၉၇၀ ခုနှစ်ကတည်းက စတင် ကျင်းပလာခဲ့တဲ့ အမျိုးသမီး အက်အေဖလား ပြိုင်ပွဲမှာ အာဆင်နယ် အမျိုးသမီးအသင်းက ချန်ပီယံ (၁၄)ကြိမ် ရရှိပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေသလို ချဲလ်ဆီးကတော့ အာဆင်နယ် ဆောက်သမ်တန် ဒွန်ကတ်စတာတို့နောက် စတုတ္ထမြောက် အအောင်မြင်ဆုံး အသင်းအဖြစ် ရှိနေပါတယ်။ ချဲလ်ဆီး နဲ့ ဗီလာတို့ ပွဲစဉ်ကိုတော့ ဒီနေ့ည (၇)နာရီ (၄၅)မိနစ်ချိန်မှာ ယှဉ်ပြိုင်မှာဖြစ်ပြီး ဖိုင်နယ်တွင် မန်ယူနိုက်တက်နဲ့ ရင်ဆိုင်သွားရမယ့် အသင်းက ချဲလ်ဆီး ဖြစ်မလား ဗီလာ ဖြစ်မလားဆိုတာ…

Featured Photo : Manchester United Women’s Twitter