ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် နိုင်ငံတကာရုပ်ရှင်းကား တော်တော်များများ ရုံတင်ရက်တွေ ရွှေ့ဆိုင်းနေရပါတယ်။

Source :Pinkvilla
ဒီဇာတ်ကားတွေထဲမှာ မင်းသားကြီး ဒယ်နီရယ် ခရိတ် ရဲ့ ဂျိမ်းစ်ဘွန်း ဇာတ်ကားဖြစ်တဲ့ “No Time To Die” ဇာတ်ကားလည်းပါဝင်နေပါတယ်။ ဒီဇာတ်ကားကို မူလက (၂၀၂၀) ဧပြီလတွင် ထွက်ရှိဖို့ စီစဉ်ထားပေမယ့် ဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် နိုဝင်ဘာလ သို့ရွှေ့ဆိုင်းခဲ့ရပါတယ်။

Source: USA Today
အခုနောက်ဆုံးအနေနဲ့တော့ (၂၀၂၁) ခုနှစ် ဧပြီလ (၂) ရက်နေ့မှာရုံတင် ပြသဖို့ ထပ်မံရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပါတယ်။ “No Time To Die” ဟာ၂၅ ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပြီး ဇာတ်ဝင်တေးကို အဆိုတော် ဘီလီအဲလစ်ချ်က သီဆိုပေးထားပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကလည်း ဘီလီအဲလစ်ချ် သီဆိုထားတဲ့ “No Time to Die” ဇာတ်ဝင်သီချင်း music video ထွက်ရှိလာခဲ့ပြီး ကြည့်ရှုနှုန်းလည်းအတော်လေးမြင့်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ ကုန်ကျစရိတ်ဟာ ကန်ဒေါ်လာ သန်း (၂၅၀) ခန့်ရှိပါတယ်။

Source: Motor1
နောက်ထပ် ရုံတင်ရက်ရွှေ့ဆိုင်းခဲ့ရတဲ့ နာမည်ကျော်ဇာတ်ကားတစ်ကားကတော့ “Fast & Furious 9” ပဲဖြစ်ပါတယ်။ “Fast & Furious 9” ဇာတ်ကားကို (၂၀၂၀) ဧပြီလ (၂) ရက်နေ့မှာရုံတင်ပြသဖို့ကြေညာထားပေမယ့် ယခုမှာတော့ (၂၀၂၁) မေလ (၂၈) သို့ထပ်မံရွှေ့ဆိုင်းခဲ့ပါတယ်။

