အဆီမရှိ ၊ ကျစ်လျစ်ကြံ့ခိုင်တဲ့ ဘော်ဒီပိုင်ရှင်တစ်ယောက် ဖြစ်လာဖို့ ကွီးတို့ရဲ့ Fitness Level ကို ထိန်းထားဖို့ လိုပါတယ်။ Fitness Level တက်လာဖို့ Gym မှာ Workout တွေ တိုးလုပ်စရာ မလိုပါဘူး။ အခုပြောမယ့် ရိုးရှင်းတဲ့ နည်းလမ်းလေးတွေ လိုက်နာရုံနဲ့ ရနိုင်ပါတယ်။

(၁) အသစ်အဆန်းလုပ်ပါ

Photo : Pexels

Fitness သမားတွေအတွက် ကိုယ့်ကိုယ်ကိုယ် မကြာခဏ Challenge ခေါ်ဖို့ အရေးကြီးပါတယ်။ အပြောင်းအလဲနဲ့ စိန်ခေါ်ချက်တွေက ကိုယ်ကယသန်စွမ်းမှုကို အများကြီး အကျိုးပြုပါတယ်။ အားကစားလုပ်ရာမှာ လှုပ်ရှားမှုပုံစံတွေ ပိုတိုးတက်လာပြီး Muscle သစ်တွေ အလုပ်ပိုလုပ်လာမယ် ၊ စိတ်ခံစားချက်ကောင်းမွန်ပြီး Workout လုပ်ရာမှာ ပိုပြီး စိတ်အားထက်သန်မှုရှိလာနိုင်ပါတယ်။

(၂) အနားယူမှုပုံစံ ပြင်ပါ

Photo : Pexels

အားကစားသမားတွေအဖို့ အားကစားလုပ်တာအပြင် အနားယူတဲ့နည်းစနစ် မှန်ကန်ဖို့လည်း လိုအပ်ပါတယ်။ အကောင်းဆုံး အားကစားတစ်မျိုးလုပ်ပြီးတိုင်း ၁ မိနစ်ကနေ ၂ မိနစ်အတွင်း အနားပေးတာပဲ ဖြစ်ပြီး အားကစားပေါ်လိုက်ပြီး အသက်ရှုဖို့ ၁၀ စက္ကန့်လောက်ပဲ အနားပေးပြီး ဆက်တိုက်လုပ်ရတာတွေလည်း ရှိပါတယ်။ ဒါကြောင့် အနားယူချိန်ကို အပြောင်းအလဲလေးတွေ လုပ်လုပ်ပြီး လေ့ကျင့်ပေးဖို့လည်း ပြောချင်ပါတယ်။

(၃) Outdoor Workout ကစားပါ

Photo : Pexels

Fitness Level တက်ချင်ရင် Indoor ကစားတာအပြင် Gym ထဲက ထွက်ပြီး Public Park တွေနဲ့ ကွင်းပြင်တွေထဲမှာလည်း Outdoor ထွက်လုပ်ဖို့ အကြံပေးချင်ပါတယ်။ အနည်းဆုံး အားကစားလုပ်လို့ ကောင်းပြီး မြေဧရိယာကျယ်ပြန့်တဲ့ ပန်းခြံတွေလို နေရာမျိုးမှာ မနက်စောစော ထပြေးတာမျိုးဖြစ်ဖြစ် လုပ်တာက Workout ကစားသူတွေအဖို့ အဆီအကျမြန်စေပြီး ကြွက်သားတက်လွယ်စေသလို အားကစားလုပ်ရာမှာလည်း သက်လုံနဲ့ သန်စွမ်းမှု ပိုတိုးတက်လာနိုင်လို့ ဖြစ်ပါတယ်။

Featured Photo : Pexels