ဂေဟစနစ်ကြီးကိုလည်း ဟန်ချက်မျှစေချင်တယ်။ စွန့်ပစ်ပစ္စည်းတွေကိုလည်း အလကားမထားဘဲ သုံးတဲ့ ဖိနပ်စီးချင်တယ်ဆိုရင် Eco-Friendly လို့ ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ရာရောက်တဲ့ ထုတ်ကုန်တွေ သုံးဖို့ ပြောချင်ပါတယ်။ Eco-Friendly ဖြစ်တဲ့ Sneaker တွေထဲကမှ အကောင်းဆုံးဖိနပ်တွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Nike’s Space Hippie

Photo: sneakernews

Nike ရဲ့ နောက်ဆုံးပေါ်ဖိနပ် Space Hippie ဟာ Space Waste Yarn လို့ နာမည်ပေးထားတဲ့ Materials တွေ သုံးပြီး ဖန်တီးထားတာပါ။ ဒီ Material တွေဟာ ပလတ်စတစ်ရေဗူးလို ၊ တီရှပ်လို ပစ္စည်းတွေကို ပြန်သန့်စင်ထုတ်လုပ်ထားတဲ့ 100% Recycled ပစ္စည်းတွေနဲ့ ထုတ်ထားတာ ဖြစ်ပါတယ်။

(၂) Allbirds Wool Running Shoe

Photo: Business Insider

နယူးဇီလန်မာရီနိုသိုးက ထုတ်ထားတဲ့ အမွေးနဲ့ Sneaker ထုတ်တားတာပါ။ မာရီနိုသိုးမွေးတွေဟာ ဘက်တီးရီးယားကြောင့် ဖြစ်တတ်တဲ့ အနံ့အသက်တွေကို စုပ်ယူနိုင်လို့ ချွေးထွက်များတဲ့ ခြေထောက်တွေနဲ့ ဒီဖိနပ်က အထူးပဲသင့်တော်ပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။ Allbirds သိုးမွေးအပြေးဖိနပ်ဟာ သဘာဝအတိုင်း ပူနေတဲ့အချိန်မှာ အေးစေပြီး ၊ အေးနေတဲ့အချိန်မှာ နွေးစေနိုင်တဲ့ သတ္တိလည်း ပေးပါတယ်။

(၃) VEJA V10

Photo: Pinterest

ဘရာဇီး brand တစ်ခုဖြစ်တဲ့ VEJA ဟာ ၂၀၀၅ ခုနှစ်ကတည်းက သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီပြီး ရေရှည်သုံးနိုင်မယ့် Sneakers တွေ ထုတ်လုပ်လာတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဖိနပ် Sole ပြားတွေထဲမှာ ရော်ဘာရိုင်းတွေ သုံးပြီး Recycle လုပ်ပြီး ပြန်သုံးနိုင်မယ့် ပိုလီအီစတာသားနဲ့ ထုတ်လုပ်ထားပါတယ်။

(၄) Ecoalf Logo Strap Sneakers

Photo: fashionunited

Ecoalf.ဟာ စပိန်ဖက်ရှင်အမှတ်တံဆိပ်ဖြစ်ပြီး နာမည်ကြီး Eco-Friendly ဖိနပ်တွေ ထုတ်လုပ်တာကြောင့် လူသိများပါတယ်။ Ecoalf ဖိနပ်တွေဟာ စွန့်ပစ်တာယာတွေနဲ့ ကော်ဖီမှုန့်တွေ သုံးပြီး ဖန်တီးတာပါ။ Recycle လုပ်နိုင်တဲ့ နိုင်လွန်သားတွေ ၊ အပင်ကရတဲ့ ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားပြီး သက်တောင့်သက်သာရှိအောင် ထုတ်လုပ်ထားတာလို့ ကြော်ငြာထားပါတယ်။

(၅) Adidas x Parley

Photo: e-mc2

Adidas x Parley ဟာ ကမ်းခြေနဲ့ ကမ်းရိုးတန်းတစ်ဝိုက်မှာ စုပြီး လာတင်နေတဲ့ ပလတ်စတစ်အမှိုက်တွေကို ပြန်သန့်စင်ပြီး ဖိနပ်အဖြစ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Adidas Parley ဆိုတာကတော့ ဂျာမန်ဖက်ရှင်ကုမ္ပဏီ Adidas နဲ့ ပင်လယ်သမုဒ္ဓရာထိန်းသိမ်းရေးနဲ့ ပလတ်စတစ်အညစ်အကြေး ဖြေရှင်းရေးအဖွဲ့အစည်း Parley တို့ ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ အဝတ်အစားနဲ့ ဖိနပ်နာမည်တွေကို ခေါ်တာပါ။