ပုံမှန်လူတစ်ယောက်လည်း ကျန်းမာဖို့ အာဟာရပြည့်ဝပြီး လတ်ဆတ်တဲ့ အစားအသောက်တွေ စားပေးဖို့လိုပါတယ်။ အစားအသောက်ဆိုတာ ခန္ဓာကိုယ်အတွက် လောင်စာပါပဲ။ Training ဆင်းပြီး အားကစားလုပ်နေရသတဲ့သူတွေကတော့ ကိုယ်ခန္ဓာဟာအတွက် လောင်စာအနေနဲ့ရော ကိုယ်ခန္ဓာဖွဲ့စည်းမှုပါ အ‌ထောက်အကူပြုဖို့ပါ အစားအသောက်ကို သေချာရွေးချယ်စားပေးသင့်ပါတယ်။

အစားအသောက်တွေထဲကမှ တချို့အစားအသောက်တွေက ကိုယ်ကာယကြံ့ခိုင်ရေးအတွက် အရေးကြီးပြီး တချို့အစားအသောက်တွေက ကိုယ်ခန္ဓာအတွက် မလိုအပ်ဘဲ အဆိပ်အတောက် ဖြစ်စေတာတွေ ရှိပါတယ်။ ဒီတစ်ခေါက်မှာ အားကစားလုပ်တော့မယ်ဆိုရင် ရှောင်ရမယ့် အစားအသောက်လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဆိုဒါနဲ့ Sports Drinks တွေ

Photo : Unsplash

တစ်ရက်ကို အနည်းဆုံး တစ်နာရီလောက်မှ Workout မလုပ်နိုင်ရင် Sports Drink မသောက်ဖို့ ဆရာဝန်တွေက အကြံပြုပါတယ်။ ရေဓါတ်လည်း အားဖြည့်ပေးသလို ခန္ဓာကိုယ်အတွက်ပါ အကျိုးများတဲ့ ရေသန့်သောက်တာ ၊ Green Tea နဲ့ သစ်သီးဖျော်ရည်သောက်တာမျိုးပဲ အားပေးပါတယ်။ ဆိုဒါဖျော်ရည်တွေက ကယ်လိုရီပါဝင်မှု မြင့်ပြီး အာဟာရဓါတ်မပါလို့ ရှောင်ကြဉ်ရမယ့်စာရင်းမှာ ထည့်ပြောကြပါတယ်။

(၂) Protein Bar နဲ့ Energy Bars တွေ

Photo : Unsplash Protein Bar နဲ့ Energy Bar တွေဟာ ချက်ချင်းအားရှိသလို ခံစားရစေပေမယ့် အလွန်အကျွံမစားသုံးသင့်တဲ့အထဲမှာ ပါပါတယ်။ Highly Processed လုပ်ထားတဲ့ အစားအသောက်တွေဆိုတာ အသီးအနှံ နဲ့ အစေ့အဆံတွေစားတာလောက် အာဟာရမရှိပါတယ်။ Protein Intake လုပ်တာ အားကစားသမားတွေအတွက် လိုတယ်ဆိုပေမယ့် ပရိုတိန်းအစားများရင် အရိုးအားနည်းတာ ကျောက်ကပ်ထိတာတွေလည်း ဖြစ်တတ်ပါတယ်။ Protein Barတွေမှာ ပြည့်ဝဆီပါတာကြောင့် နှလုံးရောဂါ အဝလွန်မှုနဲ့ ဆီးချိုသွေးချိုတွေပါ ဖြစ်စေနိုင်ပါတယ်။

(၃) ပြည့်ဝဆီနဲ့ အသွင်ပြောင်းဆီ

Photo : Unsplash

ပြည့်ဝဆီနဲ့ အသွင်ပြောင်းဆီ Trans Fat ပါတဲ့ အစားအသောက်တွေ (ဥပမာ ကွတ်ကီး ၊ ကိတ်မုန့် ၊ ဆီကြော်စာ ၊ အာလူးကြော် စသည်) တွေကလည်း ကျန်းမာရေးနဲ့မညီတဲ့ ကိုလက်စထရောမြင့်ပြီး နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီတဲ့အဆီထဲမှာ အစေ့အဆံက ရတဲ့အဆီ ၊ ပင်လယ်စာ ၊ သံလွင်ဆီနဲ့ မြေပဲဆီတွေ ပါဝင်ပါတယ်။ အားကစားလုပ်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေပဲ ရွေးချယ်စားသုံးဖို့ လိုပါတယ်။

(၄) ကာဗွန်ဟိုက်ဒရိတ် ၊ အမျှင်နဲ့ ကဖိန်း

Photo : Unsplash

ကာဗွန်ဟိုက်ဒရိတ်စားတာ ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ဒါပေမယ့်လည်း အားကစားသမားတွေ သိပ်များများမစားဖို့ အာဟာရပညာရှင်တွေက အကြံပေးကြပါတယ်။ ကာဗွန်ဟိုက်ဒရိတ်က အစာချေရခက်ပြီး အဆီမြင့်မားလို့ အစာချေစနစ် ထိခိုက်နိုင်လို့ ဖြစ်ပါတယ်။ အမျှင်ဓါတ်စားတာကို ကန့်သတ်ခိုင်းတာကတော့ အားကစားပွဲတွေမတိုင်ခင် အမျှင်ဓါတ် မြင့်တ့ အစားအသောက်တွေ စားတာဟာ ဝမ်းပျက်တာတွေ ဖြစ်စေနိုင်လို့ဖြစ်ပြီး ကျန်းမာရေးနဲ့ညီတဲ့ Oatmeal မျိုးကိုပဲ အမျှင်ဓါတ်အတွက် စားခိုင်းပါတယ်။

ကဖိန်းဟာ အတန်အသင့်ဆိုရင် လူရဲ့စွမ်းဆောင်ရည်ကို အားပေးပေမယ့် များများသောက်ရင် ရေဓါတ်ခမ်းခြောက်နိုင်ပါတယ်။ ကဖိန်းပါဝင်တဲ့ ဖျော်ရည်တွေ ၊ Energy Drinks တွေလည်း အလားတူ ရှောင်ကြဉ်သင့်ပါတယ်။ အာဟာရပညာရှင်တွေကတော့ တစ်ရက်ကို ကဖိန်းမီလီဂရမ် ၃၀၀ ထက် ပိုပြီး မစားသုံးသင့်ဘူးလို့ ညွှန်းကြပါတယ်။

(၅) အရက်

Photo : Unsplash

အရက်ကတော့ အားကစားသမားတွေရဲ့ ရန်သူပါပဲ။ ကာဗွန်ဟိုက်ဒရိတ် ၊ အမျှင်နဲ့ ကဖိန်းစားသုံးမှု လျှော့ချ Limit လုပ်သင့်ပြီး အရက်ကတော့ မဖြစ်မနေ ရှောင်ကြဉ်ရမှာပါ။ အရက်ကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာ ၊ လူမှု‌ရေးပြဿနာ စတဲ့ပြဿနာပေါင်းစုံအကြောင်းကတော့ အားလုံး သိပြီး ဖြစ်မှာပါပဲ။

Featured Photo: sunwarrior