ဂိမ်းတွေကို ကြိုက်နှစ်သက်ပြီး ခုံခုံမင်မင် ကစားတတ်တဲ့ ဂိမ်း ဝါသနာရှင်တွေက ဂိမ်းတဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကိုလည်း ကြိုက်နှစ်သက်လေ့ရှိပါတယ်။ ဒီဂိမ်းတဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေက ကွီးတို့ကို ဇိမ်ကျကျနဲ့ အဆင်ပြေပြေ ဂိမ်းကစားနိုင်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဂိမ်းဆော့ရာမှာ စွမ်းဆောင်ရည်မြင့် Gaming PC တွေ၊ မော်ဒယ်မြင့် ကီးဘုတ်တွေ၊ မောက်စ်တွေ အပြင် Gaming Headset များလည်း ဈေးကွက်မှာ အပြိုင်အဆိုင်များစွာနဲ့ ရွေးချယ်ချင်စရာချည်းပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ဂိမ်းဝါသနာရှင် ကွီးတို့အတွက် ရွေးချယ်နိုင်စေဖို့ အကောင်းဆုံး Gaming Headset များကို ဖော်ပြပေးချင်ပါတယ်။

(၁) Razer BlackShark V2

Photo : IGN

ကွီးတို့အတွက် ပထမဆုံးဖော်ပြချင်တဲ့ အကောင်းဆုံး Gaming Headset တစ်ခုကတော့ Razer BlackShark V2 ပဲဖြစ်ပါတယ်။ ဂိမ်းဝါသနာရှင် ကွီးတို့အတွက် ဒီ Brand ကို ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒီ Headset က ဆူညံသံများကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီး အသံစွမ်းရည်လည်း ကောင်းမွန်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ဒီဇိုင်းကလည်း အမိုက်စားဖြစ်တဲ့ အပြင် တော်တော်ကို သက်တောင့်သက်သာရှိပါတယ်။ တစ်ချက် သတိပြုရမှာကတော့ Wireless မဟုတ်တာပဲ။

(၂) Hyper Cloud Alpha Wireless

Photo : Traxion.GG

လွတ်လွတ်လပ်လပ်ဂိမ်းဆော့ရတာ ကြိုက်ပြီး Wireless ဖြစ်တဲ့ Headset ကိုလိုချင်တဲ့ ကွီးတို့အတွက် Hyper Cloud Alpha Wireless Headset ရှိပါတယ်။ ၎င်းက အသုံးပြုသူအတွက် သက်တောင့်သက်သာရှိပြီး အရမ်းအဆင်ပြေတဲ့အပြင် တိကျပြီး အစွမ်းထက်သော အသံစွမ်းရည်က ဂိမ်းဆော့ဖို့ အထူးကောင်းမွန်ပါတယ်။

(၃) Razer Kraken X

Photo : Android Central

နောက်ထပ်ရွေးချယ်စရာ Gaming Headset တစ်ခုကတော့ Razer Kraken X ပဲ ဖြစ်ပါတယ်။ သူက Wireless မဟုတ်သော်လည်းပဲ တော်တော်လေးပေါ့ပါးတယ်လို့ ပြောလို့ရပါတယ်။ Headsets တွေရဲ့အဓိက လိုအပ်ချက်ဖြစ်တဲ့ ရှင်းလင်းပြတ်သားသော အသံစွမ်းရည်ကို ပေးစွမ်းနိုင်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းမှာ ပါဝင်တဲ့ သားရေ Head Cushion က ကွီးတို့အတွက် တော်တော်လေး သက်တောင့်သက်သာ ရှိစေပါတယ်။

(၄) Beyerdnamic MMX 100

Photo : 9to5Toys

ဒီ Headset က‌တော့ တည်ဆောက်မှု ဒီဇိုင်းမိုက်တဲ့အပြင် စွမ်းဆောင်ရည် ကောင်းမွန်တဲ့ မိုက်ခရိုဖုန်း ပါရှိပါတယ်။ မိုက်ခရိုဖုန်းကို ကွီးတို့စိတ်ကြိုက် ဖြုတ်နိုင်၊ တပ်နိုင်တဲ့ Feature ပါရှိပါတယ်။ ၎င်းကလည်း Wireless တော့ မဟုတ်ပါဘူး။ ကောင်းမွန်သော အသံစွမ်းဆောင်ရည်နဲ့ တစ်နေ့လုံး အသုံးပြုလည်း သက်တောင့်သက်သာ ရှိစေတဲ့အတွက် ရွေးချယ်သင့်တဲ့ အကောင်းဆုံး Gaming Headset များ ထဲက တစ်ခုပါပဲ။

(၅) Epos H6PRO

Photo : 9to5Toys

Epos H6PRO ကလည်း အထူးကောင်းမွန်သော အသံစွမ်းရည်ကို ပေးစွမ်းနိုင်ပါတယ်။ ၎င်းမှာ အပိတ်အဖွင့် ဒီဇိုင်းများနဲ့ ဖြုတ်နိုင် တပ်နိုင်တဲ့ မိုက် Feature ပါရှိပြီး မိုက်ကို လှန်ပြီး အသံပိတ်နိုင်ပါတယ်။ဒါ့အပြင် အသုံးပြုသူအဖို့ သက်တောင့်သက်သာ ရှိစေပါတယ်။ Epos H6PRO က လည်း Wireless မဟုတ်ပါဘူး။

Source : PC Gamer

Featured Photo : PC Mag