ဆွဲဆောင်မှုအရှိဆုံး အားကစားတွေထဲက တစ်ခုဖြစ်တဲ့ Golf အားကစားကတော့ လူတန်းစားတစ်ရပ်အတွက်လို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း Golf ဖက်ရှင်ကတော့ စိတ်ဝင်စားသူတိုင်း စမ်းကြည့်နိုင်တဲ့ ဖက်ရှင်မျိုးပါ။ ဒါကြောင့်ပဲ Golf ဖက်ရှင် ချစ်သူတွေအတွက် နာမည်ကျော် ဂေါက်ရိုက်သမားတွေ ဝတ်ကြတဲ့ အင်္ကျီ အဝတ်အစား ဖက်ရှင်အမှတ်တံဆိပ် တွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Everlane

Photo : dmarge

အမေရိကန် အဝတ်အစားအမှတ်တံဆိပ် Everlance က စတိုင်လည်းကျ ၊ သက်တောင့်သက်သာနဲ့ သပ်ရပ်တဲ့ Golf အင်္ကျီ တွေ ထုတ်ပါတယ်။ Golf ဖက်ရှင် ဖြစ်တဲ့အတိုင်း Polo Shirt နဲ့ လက်တို Short Sleeve Button Ups တွေအထုတ်များပါတယ်။ ကာလာအစပ်အဟပ် ကောင်းပြီး ဆွဲဆန့်လှုပ်ရှားရလွယ်တဲ့ ချည်သားနဲ့ ထုတ်ထားလို့ နာမည်ကြီးပါတယ်။ Performance အတွက် ထုတ်ထားတဲ့ Golf Clothing တွေ ဖြစ်တဲ့အတိုင်း အဆွဲ့အဆန့်ခံနိုင်သလို ခွှေးစုပ်ယူတာ ၊ အနံ့ဆိုးတွေ ကာကွယ်စစ်ထုတ်ပေးနိုင်တဲ့ ချည်မျိုးနဲ့ ဖန်တီးထားပါတယ်။

(၂) Kenny Flowers

Photo : dmarge

Kenny Flowers ကတော့ အပူပိုင်းဒေသသားတွေ အကြိုက် အဝတ်အစားနဲ့ Lifestyle Brand တစ်ခု ဖြစ်ပြီး ၂၀၁၅ ခုနှစ်ကမှ တည်ထောင်ထားတာပါ။ ဒီအမှတ်တံဆိပ်ကနေ Hawaiin Shirts နဲ့ ကမ်းခြေမှာ အနားယူချိန် ဝတ်ကြတဲ့ ဖက်ရှင်မျိုးတွေ အသားပေးထုတ်ပါတယ်။ မကြာသေးခင်ပဲ Golf Shirt တွေ ထုတ်လာရာကနေ လူကြိုက်များလာပါတယ်။

Kenny Flowers ထုတ် Golf Shirt တွေဟာ အနံ့ဆိုး စုပ်ယူနိုင်တဲ့ Anti-Odour ၊ ချွေးစုပ်ယူနိုင်ပြီး လျှော်ဖွပ်က ခြောက်သွေ့လွယ်နိုင်စွမ်း ရှိပါတယ်။ ရောဂါပိုးမွှားတွေ မကူးစက်အောင် ဟန့်တားနိုင်ပြီး တွန့်ကြေတဲ့ ဒဏ်လည်း ခံနိုင်ရည် ရှိပါတယ်။ ဆန်းသစ်ပြီး ပေါ့ပါးသလောက် ကာလာနဲ့ အကွက်စုံလင်တာကြောင့်လည်း Kenny Flowers ထုတ် Golf Shirt တွေ နာမည်ကြီးနေပါတယ်။

(၃) Bonobos

Photo : dmarge

ဒီဖက်ရှင်အမှတ်တံဆိပ်ကတော့ Andy Dunn & Brian Spaly ဆိုတဲ့ တည်ထောင်သူနှစ်ဦးက ထုတ်လုပ်ထားတာပါ။ Bonobos အမှတ်တံဆိပ်ဟာ ယောကျာ်းတွေ ကြုံတတ်တဲ့ ပြဿနာတွေကို ရှင်းဖို့ Andy Dunn နဲ့ Brian Spaly တို့က ထုတ်လိုက်တာလို့ ဆိုပါတယ်။ အစောပိုင်းက Bonobos ကနေ ယောင်္ကျားလေးတွေ ခါးအတိုင်း သဘာဝ Shape နဲ့ လိုက်ဖက်တဲ့ ဘောင်ကွေး Waistband စတိုင် ဘောင်းဘီတွေ ထုတ်ပါတယ်။

နောက်ပိုင်းမှာတော့ Bonobos ကနေ ပရော်ဖက်ရှင်နယ် Golfers တွေနဲ့ ပေါင်းပြီး Classic စတိုင်လည်း ဖြစ် Performance အတွက်လည်း Support ပေးနိုင်တဲ့ Golf ဖက်ရှင်တွေ ထုတ်လုပ်လာပါတယ်။ Bonobos ရဲ့ Golf Shirt ဟာ ချည်သား အဆွဲ့အဆန့် ခံနိုင်ပြီး ဝတ်ရ လွယ်သလောက် သက်တောင့်သက်သာ ဖြစ်စေမယ့် Tech-Fabric နဲ့ ထုတ်ထားတာပါ။ ကာလာ ၊ အကွက် Patterns နဲ့ အံဝင်ခွင်ကျဖြစ်မှု ပိုင်းအတွက် စိတ်ကြိုက်ရွေးစရာ Options တွေ အများကြီး ထွက်ထားပါတယ်။

(၄) Rhone

Photo : manofmany

High-Performance မြင့်တဲ့ Golf Shirt တွေထဲမှာ Rhone က ထုတ်တဲ့ Clothing အမှတ်တံဆိပ်လည်း အပါအဝင်ပါပဲ။ Rhone က ထုတ်တဲ့ Shirts တွေဟာ ဂေါက်ကစားမှုမှာတင် Performance မြှင့်တင်နိုင်တာ မဟုတ်ဘဲ နိုင်လွန်နဲ့ အီလက်စတိန်းတို့ ပါတဲ့ ဆွဲသားချည်ကြောင့် ပေါ့ပါးလွတ်လပ်နေမှာ ဖြစ်ပါတယ်။

(၅) Radmor

Photo : dmarge

Radmor ဖက်ရှင်ကတော့ သဘာဝဆန်ပြီး အကြမ်းခံမှု မြင့်မားတဲ့ ပိုလီအီစတာချည်နဲ့ ထုတ်တာ များပါတယ်။ Golf သမားတွေ အတွက် အဓိက ထုတ်တဲ့ Brand ဖြစ်ပြီး စတိုင် ၊ Quality နဲ့ သက်တောင့်သက်သာ ရှိမှုပိုင်းပါ အသေးစိတ် ဂရုစိုက်ထားပါတယ်။

Golf Shirt တွေ ဝယ်မယ်ဆိုရင် အမျိုးအစားအပြင် စဉ်းစားစရာလေးတွေ ရှိနေပါတယ်။ ဂေါက်ရိုက်တာဟာ တစ်ကိုယ်လုံး လွှဲပြီး ဂေါက်ရိုက်တံနဲ့ ရိုက်ထုတ်ရတာ ဖြစ်လို့ လက်အိုးတွေ တင်းကြပ်မနေဘဲ ချည်သားတွေကလည်း အဆွဲအဆန့်ခံနိုင် ၊ လှုပ်ရှားရလွယ်နိုင်ဖို့ ဖြစ်ပါတယ်။ ချွေးတွေ စိုမနေအောင်လည်း လေဝင်ပေါက် Ventilation တွေ ပါဝင်ဖို့ ချွေးစုပ်နိုင်သလို အနံ့ဆိုးတွေ စုပ်ယူနိုင်ဖို့လည်း စဉ်းစားရပါတယ်။ နောက်ပိုင်းမှာတော့ Sportswear Brands တွေဟာ သူတို့ထုတ်တဲ့ ဖက်ရှင်တိုင်းကို အားကစားသမားတွေအတွက် High Performance တက်ဖို့အပြင် ဖက်ရှင်အရပါ စတိုင်မိအောင် သေချာဒီဇိုင်းထုတ်လာလို့ Brand ထည်တွေ ဝယ်ရတာ သိပ်ပြီး ခေါင်းခြောက်စရာတော့ ဖြစ်မှာ မဟုတ်ပါဘူး။

Featured Photo : manofmany