Good Looking Guy ဆိုတာ မွေးရာပါ ရုပ်ချောတဲ့သူတွေကို ပြောတာ မဟုတ်ပါဘူး။ ကိုယ့်ရှိရင်းစွဲရုပ်ရည်ကို ကြည့်ကောင်းအောင် ပြုပြင်ပြင်ပြင် နေတတ်တဲ့လူတွေကို ပြောတာ ဖြစ်ပါတယ်။ Good Looking Guy တစ်ယောက်ဖြစ်လာဖို့ သိပ်မခက်ခဲတဲ့ အကြံပြုချက်တချို့ ပေးချင်ပါတယ်။ ဒီအကြံပြုချက်တွေဟာ ရုပ်ရည်ကြည့်ကောင်းတဲ့ ယောင်္ကျားတွေ မလုပ်ဘဲ ရှောင်ကြဉ်ကြတဲ့အချက်တွေထဲက တချို့ပဲ ဖြစ်ပါတယ်။

(၁) ဘာမှ မပြင်ဆင်ဘဲ အပြင်သွားတာ

Photo: Freepik ကြည့်ကောင်းတဲ့လူတွေမှာ အကျင့်တစ်ခုရှိတယ်။ အဲ့ဒါက အပြင်သွားခါနီးတိုင်း ဖြစ်ကတက်ဆန်း ထွက်သွားတာမျိုး မလုပ်ခြင်းပါပဲ။ အခန်းအပြင် မထွက်ခင်မှာ အနည်းဆုံး ဘာအဝတ်အစား ဝတ်ထားသလဲ ပြန်ကြည့်တာမျိုး ၊ ဆံပင်တွေ ဖရိုဖရဲဖြစ်နေသလား မှန်ရှေ့ ရပ်ကြည့်တာမျိုး ၊ ကိုယ်ခန္ဓာက ချွေးနံ့များ ထွက်နေသလား ဆန်းစစ်ကြည့်တာမျိုး ၄-၅ မိနစ်လောက် အချိန်ပေးပါတယ်။ မှန်ရှေ့မှာ မိနစ်အနည်းငယ်လောက် ကိုယ့်ကိုယ်ကိုယ် ပြန် Checking လုပ်ပေးတာဟာ ဘာမှ သိပ်အလုပ်မများဘဲ Zero Efforts နဲ့တင် ကြည့်ကောင်းအောင် ကူညီပေးနိုင်ပါတယ်။ သိပ်အချိန်မပေးရဘဲ ကိုယ့်ကိုယ်ကိုယ် Good Looking ဖြစ်အောင် လုပ်နိုင်တဲ့ နည်းက ရှင်းပါတယ်။ ကိုယ်နဲ့ အမြဲတမ်း လိုက်ဖက်တယ်လို့ ထင်ရတဲ့ အဝတ်အစား ဝတ်ပါ။ အနံ့အသက်ကောင်းအောင် ရေမွှေးသင်းသင်းလေး ဆွတ်ပါ။ သပ်သပ်ရပ်ရပ်ကြည့်ကောင်းအောင် နည်းနည်းလေး ပြုပြင်သွားပါ။

(၂) Workout မလုပ်ဘဲ နေတာ

Photo: Freepik

Gym တစ်ခါမှ မရောက်ဖူးဘူး ၊ ကိုယ်လက်လှုပ်ရှားမှုလည်း မရှိဘူးဆိုရင် အနည်းဆုံးတော့ ကျန်းမာရေးနဲ့ညီတဲ့ လူမှုဘဝ Healthy Lifestyle နဲ့ မနေဖြစ်ဘူးလို့ ပြောနိုင်ပါတယ်။ နောက်တစ်ဆင့်တက်ပြောရရင် မကျန်းမာတဲ့လူတစ်ယောက်ဟာ ရုပ်အဆင်းလည်း ကြည့်လို့ ကောင်းမှာ မဟုတ်ပါဘူး။ Workout လုပ်တာနဲ့ ရုပ်ဖြောင့်တာဟာ ဘာဆိုင်သလဲ မေးရင် ဆိုင်တဲ့ အချက်လေးတွေ ရှိပါတယ်။ အားကစားပုံမှန်လုပ်တဲ့သူဟာ ဘာအားကစားမှ မလုပ်တဲ့လူထက်စာရင် ကိုယ်လုံးကိုယ်ပေါက် အချိုးအဆစ်ပြေပြစ် ကြည့်ကောင်းလာမယ်။ ပုံမှန် Workout လုပ်ခြင်းအားဖြင့် မျက်နှာအပါအဝင် တစ်ကိုယ်လုံးက မလိုအပ်တဲ့ အဆီတွေကို ချပေးဖြစ်ပြီး မျက်နှာနဲ့ Body အပေါက်အဆစ်ပါ ကြည့်လို့ ပိုကောင်းတတ်ပါတယ်။ အားကစားလုပ်တာကြောင့် စိတ်လက်ကြည်လင်ပြီး ရုပ်ပိုင်းဆိုင်ရာပါ တက်ကြွရွှင်လန်းပြီး ဆွဲဆောင်မှု ရှိနေမှာ ဖြစ်ပါတယ်။

(၃) Skincare မလုပ်ဖြစ်တာ

Photo: Freepik

ယောင်္ကျားတစ်ယောက်အတွက် Beauty Salon သွားပြီး အလှအပဂရုစိုက်စရာ မလိုတာတော့ အမှန်ပါပဲ။ ကိုယ့်ဘာသာ အသားအရေ စိုပြေကျန်းမာအောင် Skin Care လေး မကြာခဏလုပ်ပေးရုံနဲ့တင် အဆင်ပြေပါတယ်။ အသားအရေကြည်လင်ကျန်းမာခြင်းဟာ နုပျိုချောမွေ့ခြင်းရဲ့အမှတ်လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ ယောင်္ကျားတစ်ယောက်အတွက် Skin Care လုပ်တယ်ဆိုတာ မျက်နှာသစ်ရာမှာ Skin Moisturizer ပါတာ သုံးတာမျိုး ၊ ကိုယ့်အသားအရေက အဆီပြန်တတ်သလား ၊ အသားခြောက်တတ်သလား စသည်ဖြင့် Skin Type သိတာမျိုး နဲ့ နေပူထဲ သွားမယ်ဆို Sunscreen တစ်မျိုးမျိုး သုံးသွားတာမျိုးလောက်ကို ပြောတာ ဖြစ်ပါတယ်။

(၄) ဘဝင်မြင့်တာ

Photo: Freepik

အတော်အတန် ရုပ်ထွက်တဲ့ ယောင်္ကျားတွေ လူမုန်းခံရတဲ့ အချက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် Overconfident ဖြစ်တဲ့အချက်လည်း ပါပါတယ်။ တကယ်တော့ Confident ဖြစ်တဲ့သူဟာ ညှို့ငင်အားကောင်းတာ မှန်ပါတယ်။ ယုံကြည်မှုလွန်ကဲတဲ့ Overconfident ဖြစ်တာကတော့ လူတွေက အမြင်ကတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးနဲ့ နေထိုင်တဲ့သူတွေကို ဘယ်သူမဆို စိတ်ပျက်ကြမှာပါပဲ။ ဒီတော့ Good Looking ဖြစ်အောင် အကြံပေးရရင် ကိုယ့်ကိုယ်ကိုယ် ကမ္ဘာပေါ်မှာ အဟော့ဆုံးလို့ ထင်နေတာ ရပ်ပြီး ပုံမှန် ယုံကြည်မှုအပြည့်နဲ့ပဲ နေထိုင်ပါ။