ဆယ်ကျော်သက် ယောကျာ်းလေးများအတွက် လူငယ်ဆန်ပြီး ပေါ့ပေါ့ပါးပါးဖက်ရှင်များသည် သူတို့အသက်အရွယ်နှင့် အလိုက်ဖက်ဆုံးဖြစ်ပြီး သက်လတ်ပိုင်းအရွယ် ရောက်လာသော ယောကျာ်းများအတွက်တော့ Classic ဆန်ပြီး Gentleman ဆန်တဲ့ ဖက်ရှင်များက အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

ဒီလိုမျိုး ရင့်ကျက်တည်ငြိမ်ပြီး Classic ဆန်တဲ့ ဖက်ရှင်ကို ဖန်တီးတဲ့နေရာမှာ မရှိမဖြစ် လိုအပ်တဲ့ Luxury ဖက်ရှင်အသုံးအဆောင်ပစ္စည်းများလည်း ရှိကြပါတယ်။ ဘယ်လိုအသုံးအဆောင်ပစ္စည်းများလည်းဆိုတော့ …

အရည်အသွေးကောင်းမွန်သော လက်ပတ်နာရီ

ဒီပစ္စည်းကတော့ ပထမအရေးကြီးဆုံး ဖက်ရှင်အသုံးအဆောင်ပစ္စည်းပဲဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့နာရီတစ်လက်သည် ဝတ်ဆင်ထားသူကို စမတ်ကျလှပစေတဲ့အသွင် ရရှိစေမှာဖြစ်ပါတယ်။

နောက်ဆုံးပေါ် ဦးထုပ်

Source: Gucci

နေပူထဲသွားတဲ့အခါ ဦးထုပ်တစ်လုံး အမြဲတမ်း ဆောင်းသွားလေ့ရှိတဲ့ ယောကျာ်းများအနေနဲ့ Luxury ဦးထုပ်တစ်လုံး ပြောင်းဆောင်းဖို့အချိန်တန်ပါပြီ။ အရည်အသွေးကောင်းတဲ့ ဦးထုပ်အကောင်းစားတစ်လုံးကို ဖက်ရှင်ကျကျ အသုံးပြုချင်တယ်ဆိုရင်တော့ ဒေါ်လာ ၄၅၀ တန်ဖိုးရှိတဲ့ Gucci ဦးထုပ်ကို ဝယ်ယူနိုင်ပါတယ်။

Berluti ထုတ်ကုန်ပစ္စည်းများ

Source: Upscalelivingmag

သင့်အနေနဲ့ သားရေထုတ်ကုန်ပစ္စည်းများကို နှစ်သက်တယ်ဆိုရင်တော့ Berluti ကို ရွေးချယ်နိုင်ပါတယ်။ သူ့မှာ အမျိုးသားများ ရုံးတက်ရုံးဆင်းတဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ လက်ဆွဲအိတ်၊ ဖက်ရှင်ချစ်သူများအတွက် အကောင်းစား သားရေခါးပတ်၊ အကောင်းစားပိုက်ဆံအိတ် ကိုင်ချင်သူများအတွက် အရည်အသွေးကောင်းမွန်သော သားရေပိုက်ဆံအိတ်အပြင် အကြမ်းလည်းခံသလို ဖက်ရှင်လည်း ကျစေမယ့် သားရေရှူးဖိနပ်များလည်း ထုတ်လုပ်လျက်ရှိပါတယ်။

အသေးအဖွဲကအစ ဂရုစိုက်တတ်တဲ့ ယောကျာ်းများအတွက်

Source: Upscalelivingmag

သင်သည် စက်ရုံချုပ်မဟုတ်ဘဲ အသေးစိတ်ချုပ်လုပ်ထားတဲ့ လက်ချုပ် ဖိနပ်များကို လိုချင်တယ်ဆိုရင်တော့ Brunello Cucinelli တံဆိပ်ကို ရွေးချယ်သင့်ပါတယ်။ ဒီကုမ္ပဏီသည် သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတိုင်းကို လက်ချုပ်ပြုလုပ်ထားတာဖြစ်တာကြောင့် အသေးစိတ်ကအစ အလေးထားတဲ့ ယောကျာ်းများအတွက် မဖြစ်မနေ ရွေးချယ်သင့်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ သေချာချုပ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် အခြားသော စက်ရုံချုပ်တွေနဲ့ယှဉ်တဲ့အခါ အနည်းငယ် ဈေးမြှောက်နေတတ်ပါတယ်။

အရည်အသွေးကောင်းမွန်သော နေကာမျက်မှန်တစ်လက်

အရည်အသွေးမကောင်းတဲ့ နေကာမျက်မှန် ဝယ်ပြီး ပိုက်ဆံချွေတာမယ့်အစား အရည်အသွေးကောင်းမွန်တဲ့ နေကာမျက်မှန်တစ်လက်ထံ ရင်းနှီးမြှုပ်နှံထားလိုက်ပါ။ သင့်ရဲ့ဖက်ရှင်ကို အဆင့်အတန်းတစ်ခုဆီသို့ မြှင့်တင်ပေးပါလိမ့်မယ်။

အကောင်းစားခရီးဆောင်အိတ်

Source: Man Of Many

Business ခရီးထွက်ရတဲ့အခါမျိုးမှာ အကောင်းစားခရီးဆောင်အိတ်တစ်လုံးဖြင့် ခရီးသွားခြင်းသည်လည်း သင့်ရဲ့ဖက်ရှင်ကို Luxury ဆန်သွားစေတဲ့အပြင် သင့်ရဲ့အဆင့်အတန်းကိုလည်း Level တစ်ခုအထိ ရောက်သွားစေပါတယ်။

အခုဖော်ပြသွားတဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများကတော့ Classic ဆန်တဲ့ဖက်ရှင်မျိုး ဖန်တီးချင်သူများအတွက် ဝယ်ထားသင့်တဲ့ Luxury ဖက်ရှင်အသုံးအဆောင်များပဲဖြစ်ပါတယ်။

Source: Birthdaywisheszone.com

Featured Image Source: SEMA Data