နွေရာသီအလုပ်ပါးတဲ့ ရက်တွေမှာ သူငယ်ချင်းတွေနဲ့ စုပြီး တစ်နေရာမှာ Summer Party လုပ်ဖို့ စဉ်းစားဖူးတဲ့သူတွေ ရှိမှာပါ။ နွေရာသီဆိုတာ ကျွန်တော်တို့ဆီမှာ သိပ်ပြီး နေ့တာရှည်သလို အချိန်အအား ပိုရတဲ့ ရာသီမဟုတ်လား။ ဒီလို ပူအိုက်ရှည်လျားတဲ့ နွေရာသီရက်တွေကို ပျော်ပျော်ကြီး ဖြတ်သန်းဖို့ Summer Party လုပ်တော့မယ်ဆိုရင် ဘာတွေ စုပြီး စားကြမလဲဆိုတာပါ ကြိုစဉ်းစားရတော့မှာပါ။ ဒီလိုမစဉ်းစားရလေအောင် Summer Party မီနူးလေး မျှဝေပေးချင်ပါတယ်။

(၁) အကင်လုပ်စားပါ

Photo: lovetoknow

ပုံမှန်အားဖြင့် နွေရာသီပါတီမီနူးမှာ အသားကင်လုပ်စားတာက သဘာဝပါပဲ။ ကြပ်တိုက်ထားတဲ့ အသားခြောက်ဖြစ်ဖြစ် ဝက်သား ၊ အမဲသားအတုံးလေးတွေ ပါးပါးလှီးပြီးပဲ ဖြစ်ဖြစ် အကင်အိုးပေါ်မှာ တင်ပြီး ကင်စားကြပါတယ်။ တချို့ပန်းပွင့်စိမ်း ၊ ပြောင်းဖူး ၊ အာလူး ၊ ရုံးပတီတို့လို အရွက်နဲ့ အသီးလေးတွေကိုလည်း ကင်ပြီး ဆော့စ်ကောင်းကောင်း ၊ မယောနိစ်ကောင်းကောင်းနဲ့ တို့ပြီး စားနိုင်ပါတယ်။

(၂) ပင်လယ်စာ Appetizer

Photo: lovetoknow

ပင်လယ်စာတွေ ဖြစ်တဲ့ ပုဇွန် ၊ ကမာ ၊ ခရု ၊ ပြည်ကြီးငါး စတာတွေကို နှုတ်မြိန်စာအဖြစ် သုတ်စားတာမျိုးကလည်း Summer ပါတီမှာ ပါသင့်တဲ့ အစားအသောက်ပါပဲ။ ပုဇွန်ကောင်းကောင်းကို သံပရာနဲ့ ညှစ်သုတ်တာ ၊ ကင်ပြီး သံပရာရည်ဆမ်းတာအပြင် တခြား ပင်လယ်စာအမျိုးမျိုးကိုလည်း ကင် ၊ ချက် ၊ သုတ် အမျိုးမျိုး လုပ်စားလို့ ရပါတယ်။ ပင်လယ်စာအကင်နဲ့ တို့စားဖို့ ခရမ်းချဉ်သီး အနှစ် ငရုတ်သီးစိမ်းနဲ့ ချက်ထားတဲ့ Salsa လုပ်တာ ၊ ကိုယ်ပိုင် ဆော့စ်လုပ်တာမျိုးကလည်း သူငယ်ချင်းတွေ တပျော်တပါးကြီး စုလုပ်လို့ ရတဲ့ လုပ်တွေ ဖြစ်ပါတယ်။

(၃) အရွက်စုံသုတ်တွေ

Photo: lovetoknow

Salads တွေကလည်း နွေရာသီပါတီနဲ့ အလိုက်ဖက်ဆုံး Summer Party Foods ထဲမှာ ပါပါတယ်။ အရောင်စုံ ၊ အရသာစုံလင်ပြီး လတ်ဆတ်တဲ့ ခြံထွက် ဟင်းသီးဟငး်ရွက်တွေကို Pasta Salad လုပ်စားနိုင်ပါတယ်။ အချိုပွဲအနေနဲ့ ပေါင်မုန့်တွေမှာ ဆလတ်ရွက်နဲ့ သခွားသီးပြား ညှပ်ပြီး စားရတဲ့ ဆန်းဒွပ်ချ်မျိုး ၊ အရည်ရွှမ်းတဲ့ ပန်းသီး ၊ စတော်ဘယ်ရီ ၊ နာနတ်သီး ၊ ဖရဲသီးတွေလည်း တည်ခင်းထားသင့်ပါတယ်။

(၄) Summer Drinks

Photo: lovetoknow

Summer Drinks တွေ မပါရင် နွေရာသီ ပါတီက ဘယ်လိုလုပ် ပြည့်စုံပါ့မလဲ။ ပုံမှန်အားဖြင့် ပေါ့ပေါ့ပါးပါးနဲ့ ရင်မပူဖို့က အဓိကဆိုတော့ အတော်များများက Summer Party မှာ ကော့တေးလ် ဖြစ်ဖြစ် ဆန်ဂရီယာယမကာ ဖြစ်ဖြစ် ၊ ဖျော်ရည်တို့ Iced Tea တို့ သောက်လေ့ရှိကြပါတယ်။ နည်းနည်းအပြင်းဆိုရင် Pineapple Mojito Sangria သောက်နိုင်ပြီး ခပ်ပြင်းပြင်းဆိုရင် ဝီစကီကော့တေးလ်တွေ သောက်နိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး ဘီယာသောက်မယ်ဆိုလည်း ဖြစ်တာပါပဲ။