လူတော်တော်များများဟာ မနက်ခင်းကို ကော်ဖီတစ်ခွက်နဲ့ စတင်ကြပါတယ်။ ဒါဆို ကော်ဖီအစား Green Tea ( လက်ဖက်စိမ်း လက်ဖက်ရည်) တစ်ခွက်နဲ့ စတင်ကြည့်ရင်ရော ဘယ်လိုပါလဲ။ Green Tea မှာလည်း ကော်ဖီတို့၊ လက်ဖက်ရည်တို့မှာ ပါဝင်တဲ့ ကဖိန်းဓာတ်ပါဝင်ပါတယ်။ ကွီးတို့အနေနဲ့ စျေးကွက်မှာ ပြည်တွင်းဖြစ်သာမက၊ ပြည်ပကတင်သွင်းတဲ့ Green Tea တံဆိပ်မျိုးစုံ ကို ရွေးချယ်ဝယ်ယူလို့ရပါတယ်။ ဒီနေ့မှာတော့ ကွီးတို့ အတွက် Green Tea သောက်ခြင်းကနေ ရရှိလာမဲ့ အကျိုးကျေးဇူးများ ကို ဝေမျှပေးချင်ပါတယ်။

(၁) Green Tea မှာ အဆီလောင်ကျွမ်းစေတဲ့ ဂုဏ်သတ္တိတွေရှိပါတယ်

Photo : Mediacal Transformation Center

Green Tea သောက်ခြင်းကနေ ရရှိလာမဲ့ အကျိုးကျေးဇူးများ ထဲကတော်တော်များများသိကြတဲ့ တစ်ခုကတော့ အဆီတွေကို လောင်ကျွမ်းစေတာပဲ ဖြစ်ပါတယ်။ Green Tea ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပါတယ်။ Green Tea ရဲ့ အဆီကို လောင်ကျွမ်းစေတယ်ဆိုတဲ့ အချက်က ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုကောင်းစေပြီး၊ နှလုံးကိုလည်း အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Green Tea သောက်ခြင်းက ကိုယ်အလေးချိန်ကျဖို့ အတွက်လည်း ကူညီပြီးသား ဖြစ်စေပါတယ်။

(၂) အမျိုးအစား ၂ ဆီးချိုရောဂါကို ကာကွယ်ပေးပါတယ်

Photo : Eat This, Not That

အခုနောက်ပိုင်း စားသောက်နေထိုင်မှုပုံစံကြောင့် အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်ပွားသူများ များပြားလာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Green Tea သောက်သုံးခြင်းက ဆီးချိုရောဂါကို ကာကွယ်နိုင်ပါတယ်။ လက်ဖက်စိမ်း သောက်သုံးခြင်းကြောင့် အင်ဆူလင် အာရုံခံနိုင်စွမ်း လျော့ကျသွားပြီး ဆီးချိုရောဂါ၏ တရားခံဖြစ်သော သွေးတွင်းသကြားဓာတ်ကိုလည်း လျော့ကျစေသောကြောင့် ဖြစ်ပါတယ်။

(၃) ခံတွင်းကျန်းမာရေးကို အထောက်အကူပြုပါတယ်

Photo : Wigal Orthodontics

ကွီးတို့ရေ လူတစ်ယောက်အတွက် ခံတွင်းကျန်းမာရေးဟာလည်း အရေးကြီးတဲ့ ကဏ္ဍမှာပါဝင်ပါတယ်။ သွားနဲ့ ခံတွင်းတွင် ဖြစ်တတ်သော အချို့သော ရောဂါများက ဂရုစိုက်မှု နည်းပါးခြင်းကြောင့် ဖြစ်တတ်ပါတယ်။ လက်ဖက်စိမ်းမှာပါတဲ့ Catechins တွေက ခံတွင်းဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးသောကြောင့် ခံတွင်းကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။

(၄) ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို တိုးတတ်စေပါတယ်

Photo : Setu Nutrition

နောက်ထပ် Green Tea သောက်ခြင်းကနေ ရရှိလာမဲ့ အကျိုးကျေးဇူးများ ထဲကတစ်ခုကတော့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို တိုးတတ်စေတာပဲဖြစ်ပါတယ်။ Green Tea မှာ ပါဝင်တဲ့ တွေဟာ လူ့ခန္ဓာကိုယ်အတွက် အကျိုးများစွာ ကိုပေးစွမ်းနိုင်ပြီး ဉီးနှောက်အာရုံကြောများကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် မှတ်ဥာဏ်ချို့ယွင်းမှုကို လျော့ကျစေပြီး အာရုံကြောဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။ Green Tea မှာ ကော်ဖီ သို့မဟုတ် လက်ဖက်ရည်တို့ ကဲ့သို့ ကဖိန်းဓာတ်ပါဝင်သောကြောင့် စိတ်ခံစားချက်နှင့် ကုန်ထုတ်စွမ်းအားတို့အပါအဝင် ဦးနှောက်၏လုပ်ဆောင်မှုကို တိုးတက်စေလို့ ဆိုထားပါတယ်။

ကွီးတို့‌ရေ အခုဖော်ပြပေးလိုက်တာကတော့ Green Tea သောက်ခြင်းကနေ ရရှိလာမဲ့ အကျိုးကျေးဇူးများ ပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ Green Tea က ကင်ဆာ ရောဂါများ တိုက်ဖျက်ရာတွင်လည်း အကူအညီဖြစ်စေပါတယ်။ ခံတွင်းကင်ဆာ၊ ကျောက်ကပ်၊ ပန်ကရိယကင်ဆာ၊ အစာအိမ်နဲ့ အခြားသော ကင်ဆာ အမျိုးအစားများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောက့် ကွီးတို့လည်း Green Tea ကို မိမိ ခန္ဓာကိုယ်အတွက် အကျိုးပြုစေဖို့ နေ့စဉ် သင့်တင့်မျှတစွာ သောက်သုံးသင့်ပါတယ်။

Source : A Sweet Peach Chef

Featured Photo : Health