အားကစားလုပ်ရာမှာ Sets တစ်ခုနဲ့ တစ်ခုအကြား အနားယူတဲ့ ကြာချိန်ကလည်း ကိုယ့်ရဲ့ ကြွက်သားထုတက်မှု ၊ သန်မာမှုနဲ့ အဆီချပြီး ဝိတ်ကျရေး ရည်မှန်းချက်မှာ အရေးကြီးပါတယ်။ မှန်ကန်တဲ့ အနားယူမှုက ကြွက်သားတွေကို ပြန်နလန်ထ Recover ဖြစ်ခွင့်ပေးသလို အသက်ရှုမှု စည်းချက်ပြန်မှန်ပြီး နောက်ထပ် အားကစားတွေလည်း ထပ်လုပ်နိုင်အောင် ခွန်အားပြန်မွေးရာ ရောက်ပါတယ်။

သိပ္ပံနည်းကျ လေ့လာမှုတွေအရ ကြွက်သားတွေဟာ Creatine Phosphate လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးကနေ Resistance Training အတွက် စွမ်းအင်တွေ ရလာတာပါ။ လေ့ကျင့်ခန်းတွေ လုပ်ပြီးလို့ တစ်မိနစ်လောက် နားပေးတာက အဲ့ဒီ Creatine Phosphate Levels တွေကို ပုံမှန် ပြန်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Workout Set တစ်ခုနဲ့ တစ်ခုအကြား အနားယူပေးဖို့ လိုတာ ဖြစ်ပါတယ်။

Photo: fitness life advisor

ဘဘ်လောက် ကြာကြာ အနားယူရမလဲ ဆိုတာကတော့ Weight ဘယ်လောက် များများ မ,တာလဲ ၊ ဘယ်လို Goal ထားပြီး ကစားနေတာလဲဆိုတဲ့ အပေါ်လည်း မူတည်ပါတယ်။ Workout ပေါ် လိုက်ပြီး တချို့တွေက ဝိတ်တင်ဖို့ ကစားကြသလို တချို့က အဆီချဖို့လည်း ကစားကြပါတယ်။ American Council On Exercise ရဲ့ အဆိုအရ ကြွက်သားကြံ့ခိုင်မှု တိုးတက်ဖို့အတွက် အားကစားတစ်ခုနဲ့ တစ်ခုအကြားမှာ စက္ကန့် ၃၀ ကနေ ၉၀ အထိ အနားယူတာ အကောင်းဆုံးလို့ ဆိုပါတယ်။

စက္ကန့် ၃၀ ကနေ ၁ မိနစ်ခွဲအတွင်း အနားယူပေးတာက နောက်တစ်ကျော့ကစားဖို့အတွက် အားမွေးပြီးသား ဖြစ်သလို နှလုံးခုန်နှုန်းနဲ့ ကိုယ်အပူချိန်ပါ ဟန်ချက်မျှအောင် ထိန်းညှိပြီးသား ဖြစ်စေမှာပါ။ ဘော်ဒီကျစ်လျစ်ကြံ့ခိုင်ပြီး သက်လုံကောင်းဖို့အတွက် စက်ဘီးစီးတာ ၊ ကခုန်တာမျိုးတွေ လုပ်တဲ့ လူဆိုရင် တစ်ကျော့နဲ့ နောက်တစ်ကျော့အကြား စက္ကန့် ၃၀ ထက် ပိုမနားတာ အကောင်းဆုံးပါပဲ။

Photo : Men’s Health

Body Builders တွေလို ဝိတ်အလေးကြီးတွေ မ,ရတဲ့သူတွေအဖို့ တော့ အများဆုံး စက္ကန့် ၉၀ အထိ အနားယူနိုင်ပါတယ်။ ပုံမှန် Workout လောက် ကစားသူတွေအဖို့တော့ လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခုအကြား စက္ကန့် ၃၀ ကနေ ၆၀ အထိပဲ နားပေးတာ ပိုသင့်လျော်တယ်လို့ ပြောချင်ပါတယ်။

Featured Photo : mensfitness