အားကစား လုပ်တဲ့သူတွေမှာတော့ အကြိုက်မတူကြပါဘူး။ အချို့က Gym မှာပဲ ကစားရတာနှစ်သက်ပေမယ့် အချို့ကတော့ အလုံပိတ်အခန်းထဲမှာထက် သဘာဝတရားကြီးနဲ့ နီးနီးကပ်ကပ်ရှိတဲ့ Outdoor လေ့ကျင့်ခန်းနည်းတွေကို နှစ်သက်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ အလုံပိတ် Gym ခန်းထဲမှာ ပိတ်လှောင်ပြီး အားကစားလုပ်ရတာ မကြိုက်သူတွေအတွက် ပြင်ပမှာ ပြုလုပ်နိုင်မယ့် Outdoor လေ့ကျင့်ခန်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) Trail ပြေးပါ

Photo : Shape

Outdoor Sport ကိုကြိုက်တယ် ၊ သဘာဝတရားကြီးကိုလည်း နှစ်သက်တယ်ဆိုရင်တော့ Trail Running လုပ်နိုင်ပါတယ်။ Trail Running ဆိုတာဟာ တောတွင်းတောင်တွင်းကြားမှာ အပြေးလေ့ကျင့်ခန်း ပြုလုပ်ရတာပါ။ တောင်တက်တောင်ဆင်းလမ်းတွေ ၊ တောတွင်းလမ်းအကွေ့အပတ်တွေနဲ့ သစ်တောအုပ်တွေကြား သဘာဝတရားကြီးရဲ့ လှပအရိုင်းဆန်တဲ့ အရသာကို နီးကပ်စွာ ခံစားရင်း အပြေးလေ့ကျင့်ခန်း ပြုလုပ်ရတာဟာ ကွီးတို့ကို ထူးခြားတဲ့ အားကစား အတွေ့အကြုံကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။

(၂) Outdoor Group Classes တွေ Join ပါ

Photo : IDEA Health & Fitness Association

Gym ခန်းထဲမှာ အားကစား လုပ်ရတာ မကြိုက်သူတွေအတွက် Pyramid Workout ၊ Cardio Circuit ၊ Total Body Circuit နဲ့ Zumba တို့လို Outdoor Group Classes တွေ အများကြီး ရှိပါတယ်။ Outdoor မှာ လေကောင်းလေသန့် ရှုရှိုက်ရင်း လူအများကြီးနဲ့ Group အလိုက် ပျော်ပျော်ကြီး ကစားရတာဖြစ်တာကြောင့် ပိုပြီး Fun ဖြစ်သလို Productive လည်း ဖြစ်ပါတယ်။

(၃) Calisthenics နဲ့ Bodyweight Training တွေပြုလုပ်ပါ

Photo : Gym Generation

အလေးတုံးတွေ ၊ ဝိတ်ပြားတွေမပါပဲ Bodyweight ကိုပဲ အသုံးပြုပြီး ကစားရတဲ့ Calisthenics ကစားနည်းတွေ Bodyweight Training တွေကိုလည်း Outdoor မှာ ပြုလုပ်နိုင်ပါတယ်။ Calisthenics နဲ့ Bodyweight Training တွေက ပန်းခြံတွေ ၊ ဒါမှမဟုတ်လည်း အိမ်မှာပဲ မည်သည့် အားကစား အကူကိရိယာမှ မလိုပဲ လွယ်လွယ်ကူကူ ဆော့ကစားလို့ ရပါတယ်။

(၄) Stand-Up Paddleboarding လုပ်ပါ

Photo : Jervis Bay Kayak Hire

Stand-Up Paddleboarding ဆိုတာကတော့ လှေလှော် အားကစားနည်း တစ်ခုပါ။ Outdoor အားကစား နည်းတွေကိုမှ စွန့်စွန့်စားစားနဲ့ ပြုလုပ်ရတာ ဝါသနာပါတဲ့ ကွီးတို့ အကြိုက်တွေ့စေမှာပါ။ မြန်မာနိုင်ငံမှာ Stand-Up Paddleboarding လုပ်ဖို့ အနီးစပ်ဆုံး ညွှန်းရမယ်ဆိုရင်တော့ ကမ်းခြေတွေ ဒါမှမဟုတ် ရန်ကုန်မှာ ဆိုရင် Myanmar Yachting Federation ကို ဆက်သွယ်ပြီး သွားရောက် Try ကြည့်နိုင်ပါတယ်။

ကွီးတို့ရော Outdoor လေ့ကျင့်ခန်း လုပ်ရတာ ကြိုက်နှစ်သက်လား ??? ဘယ်လို အားကစားနည်းတွေ ပြုလုပ်လေ့ ရှိပါသလဲ ???

Source : magicpin

Featured Photo : Urban Sports Week Amsterdam