Gym သွားမယ်ဆို Gym အဝတ်အစားနဲ့မှ အဆင်ပြေမှာပါ။ Activewear တွေဟာ ကိုယ်လက်လှုပ်ရှားမှုတွေကို သွက်လက်ပေါ့ပါးပြီး သက်တောင့်သက်သာ ဖြစ်စေဖို့ အထူးထုတ်လုပ်ထားတာပါ။ တခြားဖက်ရှင်တွေနဲ့ မတူတာက Gym Clothing တွေက အဆွဲအဆန့်ခံနိုင် ၊ ချွေးစုပ်နိုင်တဲ့အပြင် ဝတ်ဆင်သူကိုလည်း Workout Moti တက်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ Gym ကစားတဲ့ အမျိုးသားတွေအတွက် ၂၀၂၂ ခုနှစ်ရဲ့ အကောင်းဆုံး Gym အဝတ်အစား ဖက်ရှင်အမှတ်တံဆိပ်တွေအကြောင်း မျှဝေပေးသွားမှာပါ။

(၁) Gymshark

Photo : dmarge

ယူကေအခြေစိုက် Sportwear Brand ဖြစ်ပြီး ဆယ်ကျော်သက် လူငယ်တွေရဲ့ အိုင်ဒီယာကနေ စတင်ခဲ့တာပါ။ Gymshark ဟာ Social Media နဲ့ Fitness Influencers တွေကြောင့်လည်း ပိုပြီး နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ ဖက်ရှင်အနေနဲ့ ဘောင်းဘီတို ၊ အင်္ကျီ ၊ ဟူဒီ အစုံ ထုတ်ပါတယ်။

(၂) Allbirds

Photo : dmarge

နယူးဇီလန် – အမေရိကန် ကုမ္ပဏီ Allbirds ဟာ ဂေဟစနစ်နဲ့ လိုက်ဖက်တဲ့ ဖိနပ်တွေ အထူးထုတ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး သက်တောင့်သက်သာ ရှိသလောက် စတိုင်ကျတဲ့ ဖိနပ်တွေကြောင့် ကမ္ဘာကျော်ပါတယ်။ ဒီဖိနပ်တွေကလည်း Recycle ထုတ်ထားတဲ့ ပစ္စည်းတွေကနေ ထုတ်လုပ်ထားတာပါ။ Allbirds ဟာ နောက်ပိုင်းမှာ Activewear နဲ့ ခြေအိတ်အထိ ထုတ်လာပါတယ်။

(၃) Reigning Champ

Photo : dmarge

ကနေဒါအမှတ်တံဆိပ် ဖြစ်ပြီး တန်ဖိုးမြင့် Gym အဝတ်အစား တွေ ထုတ်ပါတယ်။ ထုတ်လုပ်မယ့် အစိတ်အပိုင်းအားလုံး ကနေဒါ စက်ရုံမှာပဲ ဒီဇိုင်းဆွဲပြီး ထုတ်လုပ်ဖန်တီးတာ ဖြစ်ပါတယ်။ အရည်အသွေးမြင့်ပြီး မရိုးနိုင်တဲ့ ဒီဇိုင်းအပြင် ဝတ်လိုက်တိုင်း စိတ်တိုင်းကျမယ့် ဖက်ရှင်ကြောင့် နာမည်ကြီးပါတယ်။

(၄) Echt

Photo : dmarge

ဩစတြေးလျကုမ္ပဏီ Echt ဟာ ပေါ့ပါးပြီး အခြောက်မြန်တဲ့ Quick-Drying ဖက်ရှင်တွေ ထုတ်ပါတယ်။ အားကစားသမားတွေအတွက် နေ့စဉ် ဝတ်ဆင်မယ့် ဘောင်းဘီတိကနေ ကျန်းမာရေးအတွက် လမ်းလျှောက်သူတွေအထိပါ ရည်ရွယ်ပြီး ဖက်ရှင်တွေ ဖန်တီးပါတယ်။

Featured Photo : The Manual