သင်သည် သည်းထိတ်ရင်ဖိုဇာတ်ကားများ ကြည့်ရှုရတာကို ကြိုက်နှစ်သက်ပါသလား။ ဒါဆိုရင်တော့ သင်သည် အခြားသူများထက် ကျန်းမာရေးပိုကောင်းပါတယ်။

ဘာ့ကြောင့်လဲဆိုတာ သင် သိပါသလား။ သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်တွေကို အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။

ကယ်လိုရီများကို လောင်ကျွမ်းစေခြင်း

သည်းထိတ်ရင်ဖို ဇာတ်ကားကို မိနစ် ၉၀ ခန့် ကယ်လိုရီ ၁၀၀ မှ ၂၀၀ ခန့်အထိ လောင်ကျွမ်းစေပါတယ်။ သူ့မှာ လျှို့ဝှက်ချက် ကြီးကြီးမားမားတော့ မရှိပါဘူး။ သည်းထိတ်ရင်ဖိုဇာတ်ဝင်ခန်းများကြောင့် နှလုံးခုန်နှုန်းနှင့် အသက်ရှုနှုန်း မြင့်တက်လာပြီး ကယ်လိုရီများ လောင်ကျွမ်းသွားစေတာပဲဖြစ်ပါတယ်။

ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်မားစေခြင်း

သင့်အနေနဲ့ တနေကုန်ပင်ပန်းနွမ်းနယ်တယ်လို့ ခံစားရပါက သည်းထိတ်ရင်ဖိုဇာတ်ကားသာ ကြည့်ရှုပေးလိုက်ပါ။ ဒါဆိုရင် စိတ်လက်ပြန်လည်လန်းန်းလာပြီး စောစောက ခံစားနေရတဲ့ ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်သွားပါလိမ့်မယ်။

စိတ်ဖိစီးမှုများကို ပြေလျော့စေခြင်း

သင်က ကျောင်းသားတစ်ယောက်လား ဒါမှမဟုတ် လုပ်ငန်းခွင် ဝင်နေရတဲ့ ဝန်ထမ်းတစ်ဦးလား။ ကျောင်းသားပဲဖြစ်ဖြစ် ဝန်ထမ်းပဲဖြစ်ဖြစ် အလုပ်ရှင်ပဲဖြစ်ဖြစ် သူ့နေရာနဲ့သူ စိတ်ဖိစီးမှုများ ရှိတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးလာတဲ့အခါ သည်းထိတ်ရင်ဖိုဇာတ်ကားမျိုးကို ကြည့်ရှုနိုင်ပါတယ်။ ဒါဆိုရင် သင် ခံစားနေရတဲ့ စိတ်ဖိစီးမှုများက ဘာမှမဟုတ်တော့တာကို ခံစားရပါလိမ့်မယ်။

သင့်အနေနဲ့ ကြေက်စရာကောင်းတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားများကို ကြည့်ရှုချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကားများကို ကြည့်ရှုနိုင်ပါတယ်။

Blood Red Sky

Source: Netflix

The 8th Night

Source: The Swoon

Us

Source: Universal Pictures

Army Of The Dead

Source: Netflix

Featured Image Source: News.uchicago.edu