ကမ္ဘာမှာသူများတွေထက်အောင်မြင်နေတဲ့ သူတွေဟာအကြောင်းရှိလို့ပါ။သူတို့ရဲ့အောင်မြင်မှုဟာကံနဲ့မဆိုင်ပါဘူး။ ကံကောင်းခြင်းဆိုတာကိုယ်ကိုတိုင်လုပ်ယူရတဲ့ အရာတစ်ခုပါ။ အောင်မြင်တဲ့သူတွေဟာ ဒါကိုနားလည်ထားကြပါတယ်။ သူတို့ရဲ့ရည်မှန်းချက်အောင်မြင်ဖို့အတွက် အမြဲတမ်းအာရုံစိုက်ပြီး ကြိုးစားအားထုတ်လေ့ရှိကြတယ်။ ဒီနေ့မှာတော့ အောင်မြင်ကျော်ကြားတဲ့သူတွေရဲ့ မှတ်းသားဖွယ်ရာပြောစကားတွေကို ဖော်ပြပေးလိုက်ပါတယ်။

Steve Jobs

Source : Inc. Magazine

“မင်းရဲ့အချိန်တွေက ကန့်သတ်ချက်တွေရှိတယ်။ ဒါကြောင့် မင်းရဲ့အချိန်တွေကို တခြားလူတွေအတွက် မဖြုန်းတီးလိုက်ပါနဲ့။တခြားသူတွေရဲ့ အတွေးတွေမင်းရဲ့စိတ်ကိုမလွှမ်းမိုးမိပါစေနဲ့။ အရေးကြီးဆုံးကတော့ မင်းရဲ့နှလုံးသားနဲ့အသိစိတ်တွေရဲ့ ခေါ်ဆောင်ရာနောက်ကိုလိုက်ပါ။”

Richard Branson

Source : Lonely Planet

“ကျွန်ုပ်ရဲ့ အကြီးဆုံးစိတ်ဓာတ်လှုံဆော်မှုကတော့ မိမိကိုယ်ကို အမြဲစိန်ခေါ်မှုတွေ လုပ်နေတာပါပဲ။ ကျွန်တော်ဟာဘဝကို မပြီးဆုံးနိုင်တဲ့ တက္ကသိုလ်ပညာရေးတစ်ခုလို့ မြင်ပါတယ်။ ကျွန်တော်က နေ့စဉ်နေ့တိုင်းအသစ်အသစ်တွေ သင်ယူနေတဲ့သူတစ်ယောက်ပါ။”

Albert Einstein

Source : ThoughtCo

“ကျွန်တော်က စိတ်ကူးတွေကို လိုသလိုပုံပေါ်ရတာ နှစ်သက်ပါတယ်။စိတ်ကူးစိတ်သန်းတွေက အသိပညာထက်ပိုပြီးအရေးပါပါတယ်။ အသိပညာကအကန့်အသတ်ရှိတယ်။ ဒါပေမဲ့ စိတ်ကူးစိတ်သန်းကတော့ ကမ္ဘာကြီးတခုလုံးကိုလွှမ်းခြုံနိုင်တယ်။”

Bill Gates

Source: CNBC

“လူတွေက ပြောင်းလဲမှုကိုကြောက်လေ့ရှိကြတယ်။ လျှပ်စစ်တီထွင်အောင်မြင်ခဲ့တဲ့အချိန်တုံးကလည်း သူတို့တွေကြောက်ကြတယ်။ လူတွေကကျောက်မီးသွေးကိုလည်းကြောက်ကြတယ်။ သူတို့တွေက ပြောင်းလဲမှုတခုခုဖြစ်တိုင်းကြောက်နေကြတာပါ။ မသိနားမလည်ခြင်းက လူတွေကိုအမြဲတမ်းကြောက်လန့်စေပါတယ်။ ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှသူတို့ နားလည်လာပါလိမ့်မယ်။”

Napoleon Hill

Source: Wikipedia

“အောင်မြင်မှုမရခင် ရှုံးနိမ့်မှုတွေကို အရင်ရင်ဆိုင်ရမှာပါ။ အရှုံးနဲ့ ရင်ဆိုင်ရတဲ့ဟာ အလွယ်ဆုံးအလုပ်ကတော့ ရှေးဆက်မလုပ်ဖို့ပါပဲ။ ဒီလိုဆိုရင်တော့ အောင်မြင်မှုရဖို့ ပိုဝေးသွားပါလိမ့်မယ်။”

“ရှုံးနိမ့်မှုဆိုတာ နောက်တခေါက်ပြန်ကြိုးစားဖို့အခွင့်အရေး တခုပါပဲ။ ဒီအခွင့်အရေးကို အကျိုးရှိရှိအသုံးချပါ။” (Henry Ford)

“ကြိုးစားမှုနဲ့သတိရှိမှုတွေဟာ ရည်းမှန်းချက်ပန်းတိုင်ဆိုတာ မရှိဘူးဆိုရင် အလကားပါပဲ” (John F Kennedy)

“တကယ်လို့ မင်းဟာ ပိုက်ဆံအတွက်ပဲ အလုပ်လုပ်မယ်ဆိုရင် ဘယ်တော့မှ မင်းလိုချင်တာရမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းကြိုတ်တဲ့အလုပ်ကို လုပ်နေရတယ်ဆိုရင်တော့ အောင်မြင်မှု နဲ့ ငွေတွေက မင်းနောက်ကနေလိုက်လာပါလိမ့်မယ်။” (Ray Kroc)

“ဒီကနေ့အတွက် စိတ်ပှုနေရတာနဲ့တင်လုံလောက်ပါပြီ။ မရောက်သေးတဲ့ မနတ်ဖန်အတွက် စိတ်မပူပါနဲ့။” (Jesus)

“စီးပွားရေးအခွင်းအရေးတွေဆိုတာ ဘက်စ်ကားတွေလိုပါပဲ။ အမြဲတမ်းတခုပြီးတခုလာလေ့ရှိပါတယ်။ လာတဲ့အချိန်မှာကိုယ့်ဖက်သာ အမိအရဖမ်းယူဖို့လိုပါတယ်။ ဒါပေမဲ့ ဘက်စ်ကားပေါ်တတ်တာလောက် မလွယ်ကူတာကိုတော့ သတိရပါ။” (Richard Branson)

“တိုးတတ်ဖို့အတွက် ပြောင်းလဲရပါမယ်။ ပြီးပြည့်စုံဖို့အတွက် မကြာမဏပြောင်းလဲရပါမယ်။” (Winston Churchill)

“ပညာရေးဟာ ကမ္ဘာကြီးကို ပြောင်လဲဖို့အတွက် စွမ်းအားအကြီးဆုံးလက်နတ်တခုပါ။” (Nelson Mandela)