ယောင်္ကျားဝတ် ဖက်ရှင်တွေထဲမှာ ဈေးအကြီးဆုံးအဝတ်အစားတစ်မျိုးက Suit ပါပဲ။ Suit ဟာ အထူးအခမ်းအနားတက်ရာမှာ ဝတ်တဲ့ အဝတ်အစားဖြစ်သလို ဈေးလည်း အတော်မြောက်ပါတယ်။ ဒီလို တန်ဖိုးကြီးတဲ့အဝတ်အစားတွေကို ရေရှည်ဝတ်နိုင်အောင် ထိန်းသိမ်းတဲ့နည်းလေးတွေ သိထားဖို့ လိုပါတယ်။

Photo: Next Luxury

ပထမဆုံးအချိန်က Suit ဝတ်တဲ့ အကြိမ်ရေ နဲ့ ထိန်းသိမ်းနည်းကို သိထားရမှာ ဖြစ်ပါတယ်။ တခြား အဝတ်အစားတွေလိုပဲ Suit ကို ထည်လဲ ဝတ်နေရင် မကြာခင် ပုံပျက်ပြီး ပွချောင်ချောင်ကြီး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် Suit ကို နေ့တိုင်းဝတ်တာမျိုး ရှောင်ပါ။ Suit ကို တစ်နေကုန် ဝတ်ပြီးရင် အစိုဓါတ်တွေ ခြောက်သွားဖို့ ချိတ်မှာ အနည်းဆုံး ၂၄ နာရီ ခြိတ်ထားဖို့ လိုပါတယ်။ တကယ်လို့ Suit မှာ ချုပ်ထားတဲ့ ချည်သားက ဝိတ်စီးတဲ့ Material တွေ ဖြစ်နေရင် ၄၈ နာရီအထိ ချိတ်မှာ ချိတ်ထားဖို့ လိုပါတယ်။ လုံးဝ ခြောက်သွားမှ Suit အိတ်နဲ့ စွပ်ထားရမှာ ဖြစ်ပါတယ်။

သုံးမယ့် ချိတ် Hanger ကလည်း ပလတ်စတစ်နဲ့ Wire Coat Hanger မျိုး မသုံးဘဲ ဆိုဒ်မှန်တဲ့ ကုတ်ချိတ် Hanger သုံးဖို့ လိုပါတယ်။ Coat Hanger ဟာ ၂၂ လက်မဝန်းကျင် ကျယ်ဖို့ လိုပါတယ်။ အင်္ကျီရဲ့ အလေးချိန်ဒဏ်ကို ခံနိုင်အောင် ထူထဲခိုင်ခန့်တဲ့ Coat Hanger မျိုး သုံးသင့်ပါတယ်။ တကယ်လို့ ကိုယ်ဝတ်တဲ့ ကုတ်အင်္ကျီက ဆိုဒ်သေးတယ်ဆိုရင်တောင် Coat Hanger ကို ခပ်ကျယ်ကျယ် သုံးတာ ကုတ်အင်္ကျီအရည်အသွေး ရေရှည်ခံစေမှာ ဖြစ်ပါတယ်။

Photo: Next Luxury

Suit အင်္ကျီသိမ်းထားတဲ့ အဝတ်ဗီရိုဟာလည်း အတွင်းခွင်နေရာ ကျယ်ဖို့ လိုပါတယ်။ တခြားအဝတ်အစားထည့် ဗီရိုတွေထက် Suit ထည့်တဲ့ ဗီရိုက နေရာပိုယူပါတယ်။ Suit တွေချင်း နီးနီးကပ်ကပ် သိပ်ထားလွန်းရင် ဖုန်မှုန်နဲ့ စိုထိုင်းဆတွေ ပိုပြီး ကပ်တွယ်နိုင်ပါတယ်။ ရေရှည်မှာ Suit မှာ သုံးတဲ့ ချည်သားတွေ ပျက်စီးနိုင်ပါတယ်။ ဗီရိုထဲမှာ Suit ထားမယ်ဆိုရင်လည်း Suit အိတ် Garment Bag တွေနဲ့ ထည့်သိမ်းရမှာပါ။

နောက်တစ်ချက်က Suit အထဲက စိုထိုင်းဆတွေ ကို စုပ်ယူဖို့ Cedar ဆိုတဲ့ ထင်းရှုးမွှေးချောင်းတွေ ထည့်ထားသင့်ပါတယ်။ သင့် Suit ကို သန့်ရှင်းတဲ့နည်းစနစ်ကလည်း Suit သက်တမ်း ရေရှည်ခံစေတဲ့ အချက်ဖြစ်ပါတယ်။ Suit ကို သန့်ရှင်းရေးလုပ်ဖို့ မြင်းမွေးဘရပ်ချ်နဲ့ ဝတ်ပြီးတိုင်း ညင်ညင်သာသာ ပွတ်ပေးဖို့လည်း မမေ့သင့်ပါဘူး။

Featured Photo: Next Luxury