ကမ္ဘာပေါ်ရှိလူအများစုက ဝိတ်ချဖို့ကိုသာ အာရုံထဲ ရောက်နေကြပေမယ့် ဝိတ်တက်ဖို့ ကြိုးစားနေရသူများလည်း ရှိကြပါတယ်။ ဖွံ့ထွားသောသူများအဖို့ ဝိတ်ချရတာကလည်း ခက်ခဲသလို ပိန်ပါးသောသူများအဖို့ ဝိတ်တက်အောင် ကြိုးစားရတာလည်း ခက်ခဲလှပါတယ်။

ကျန်းကျန်းမာမာနဲ့ ဝိတ်တက်ချင်တဲ့ ယောကျာ်းများအတွက် အဓိကလျှို့ဝှက်ချက်ကတော့ ကယ်လိုရီပမာဏကို သင့်တင့်မျှတစွာ စားသုံးခြင်းပဲဖြစ်ပါတယ်။ ဒါဆိုရင် ကျန်းကျန်းမာမာနဲ့ အဝမလွန်လာစေဘဲ ဝိတ်တက်လာအောင် ဘယ်လိုအစားအစာများ စားသုံးသင့်သလဲ။

ကြက်ဥ

ကြက်ဥသည် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အကောင်းဆုံးအစားအစာတစ်ခုဖြစ်ပြီး ပြင်ဆင်ရလည်း လွယ်ကူပါတယ်။

အနီရောင်ရှိသော အသားများ

ကြွက်သားများ တက်ချင်တဲ့ယောကျာ်းများအတွက်တော့ အနီရောင်အသားများသည် ဖြည့်စွက်စာများထက်ပင် ပိုမိုအစွမ်းထက်ပါတယ်။

ကြက်သား

ကြက်သားသည်လည်း ပရိုတင်းနှင့် အာဟာရဓာတ်များ ပေါကြွယ်ဝစွာရရှိပြီး အလွယ်တကူချက်ပြုတ်စားသောက်နိုင်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ကြက်သား ၁၀၀ ဂရမ်တွင် ပရိုတင်းဓာတ် ၂၅ ဂရမ်ခန့် ပါဝင်ပါတယ်။

ဆော်လမွန်နှင့် တူနာငါး

ဆော်လမွန်ငါးနှင့် တူနာငါးတို့သည်လည်း သဘာဝအဆီဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ဝိတ်တက်ချင်သူများအတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။

အထက်ဖော်ပြပါအစားအစာများအပြင် နွားနို့၊ ထောပတ်၊ ဒိန်ချဉ်၊ ချိစ်၊ ငှက်ပျောသီး၊ အာလူး၊ ပဲအမျိုးမျိုး၊ ထောပတ်သီး၊ အစေ့အဆံများစတဲ့အစားအစာတွေကို များများစားသုံးပေးသင့်ပါတယ်။

ဒါ့အပြင် အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကိုလည်း နေ့စဉ်မှန်မှန်ပြုလုပ်ပေးပါက ဝိတ်တက်လာမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၃)

လေ့ကျင့်ခန်း (၄)

Source: Thefitindian.com

Featured Image Source: Thelifehype.com