ဆိုင်ကယ်စီးချိန်မှာ ဘေးကင်းလုံခြုံပြီး သက်တောင့်သက်သာနဲ့ စတိုင်ကျနေဖို့က မဖြစ်နိုင်ဘူးလို့ ထင်ရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိဖတ်လိုက်ပါ။ ဆိုင်ကယ်စီးဝါသနာပါတဲ့ Biker ကွီးတို့အတွက် ရာသီမရွေး စတိုင်ကျကျနဲ့ ဆိုင်ကယ်စီးနိုင်ဖို့ ဘယ်လိုဖက်ရှင်တွေ ရွေးချယ်ဝတ်သင့်လဲဆိုတာ ပြောပြပေးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်ရအောင်ပါ။

(၁) Leather jacket တွေဝတ်ပါ

Photo : Rolling Stone

Bikers နဲ့ Leather jacket ဆိုတာ ခွဲထားလို့မရတဲ့ လိုက်ဖက်ညီမှုကြီး တစ်ခုပါပဲ။ Leather jacket တွေက ဆိုင်ကယ်စီးချိန်မှာ အထာကျကျ စတိုင်မိမိုက်နေမှာ ဖြစ်သလို ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်တစ်ခုဆိုလဲ မမှားပါဘူး။ အနက်ရောင် leather jacket ကို t-shirt အဖြူ ၊ jeans ဘောင်းဘီတို့နဲ့ တွဲဝတ်လိုက်ပါ။ ဒီထက်စတိုင်ကျတဲ့ ဆိုင်ကယ်စီးဖက်ရှင်မျိုး မရှိနိုင်ပါဘူး။

(၂) အပေါ်ထပ် အင်္ကျီတွေရွေးပါ

Photo : TheUnstitchd

Leather jacket လောက်လဲမဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လဲကျချင်တယ်ဆိုရင်တော့ အပေါ်ထပ် အင်္ကျီတွေ ရွေးနိုင်ပါတယ်။ နီးနီးနားနား ခရီးတိုတစ်ခုပဲမောင်းမယ် ၊ ရာသီဥတုအခြေအနေလည်း ကောင်းမွန်နေတယ်ဆိုရင် ပေါ့ပါးပြီးစတိုင်ကျစေမယ့် အပေါ်ထပ် အင်္ကျီတွေက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်။

(၃) အရောင်တောက်တောက်လေးတွေ ပြောင်းဝတ်ကြည့်ပါ

Photo : Boss Hunting

ယောကျာ်းလေးတွေအနေနဲ့ ဆိုင်ကယ်စီးတဲ့အခါ all black ဖက်ရှင်တွေပဲ အများဆုံးဝတ်ကြပါတယ်။ All black outfits တွေပဲဝတ်ရတာ ငြီးငွေ့နေပြီဆိုရင် အရောင်တောက်တဲ့ ဝတ်စုံတွေပြောင်းဝတ်ကြည့်ပါ။ Bright ဖြစ်တဲ့ ဖက်ရှင်အရောင်တွေက အဖွဲ့လိုက်ဆိုင်ကယ်စီးချိန်မှာ ပိုမိုပေါ်လွင်မှုရှိပြီး စတိုင်ကျနေစေမှာ ဖြစ်ပါတယ်။ ဥပမာ အဝါရောင် ဒါမှမဟုတ် လိမ္မော်ရောင် leather jacket တွေကို အညိုရောင်ရင့်ရင့် cargo pants/ chinos တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

(၄) Sweatshirts တွေဝတ်ပါ

Photo : The Coolector

နွေရာသီလို ပူအိုက်တဲ့အချိန်မှာ နေရောင်ခြည်ဒဏ်လည်းကာကွယ်ပေးပြီး သက်တောင့်သက်သာနဲ့ စတိုင်ကျကျ ဆိုင်ကယ်စီးချင်တယ်ဆိုရင် sweatshirts တွေ ဝတ်နိုင်ပါတယ်။ Jacket တွေထက်လည်း ပေါ့ပေါ့ပါးပါးပိုရှိတဲ့အတွက် ဝတ်ရတာသက်တောင့်သက်သာရှိပြီး အသက်ရှုချောင်စေမှာ ဖြစ်ပါတယ်။ လေဝင်လေထွက်ကောင်းပြီး အေးတဲ့ ချည်သားစစ်စစ် အထည်တွေဆို ပိုကောင်းပါတယ်။

(၅) Helmet ကောင်းကောင်းဝတ်ပါ

Photo : Audio MAV

ရိုးရိုးရှင်းရှင်းနဲ့ ဖက်ရှင်အသွင်အပြင်ကို ဆန်းသစ်နေချင်ဆိုရင်တော့ ဆိုင်ကယ်စီးဦးထုပ် ကောင်းကောင်းတစ်လုံးသာ ဝတ်လိုက်ပါ။ ကောင်းမွန်တဲ့အရည်အသွေး ၊ ထူးခြားတဲ့ ဒီဇိုင်း ၊ ဆန်းသစ်တဲ့ အရောင်အသွေးတွေနဲ့ ကိုယ့်စိတ်ကြိုက် Helmet ကောင်းကောင်းတစ်လုံးဝတ်ပြီး ဆိုင်ကယ်မောင်းမယ်ဆိုရင် အထာကျကျနဲ့ ကြည့်ကောင်းနေစေမှာဖြစ်ပြီး ဦးခေါင်းကို မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

Featured Photo : Gentleman’s Journal