Casual ကျကျ ပေါ့ပေါ့ပါးပါး ဝတ်ချင်သူတွေအကြားမှာ Flannel Shirts တွေကလည်း လူကြိုက်များကြတာပါပဲ။ ဖလန်နယ်သားနဲ့ လုပ်ထားတဲ့ ရှပ်တွေ ဖြစ်လို့ နွေးထွေးပေါ့ပါးတာကြောင့် ဆောင်းရာသီလို ရာသီဥတုအေးတဲ့အချိန်တွေမှာလည်း ဝတ်လို့ ရပါတယ်။ များသောအားဖြင့် Flannel Shirt ကို Jeans တို့ Boots တို့နဲ့ တွဲဝတ်ကြပါတယ်။ Flannel နဲ့ Stylish ဖြစ်ချင်ရင် အခုပြောမယ့် Outfit စတိုင်လေးတွေလည်း စမ်းကြည့်သင့်ပါတယ်။

(၁) Jeans နဲ့ Boot စတိုင်ဝတ်ပါ

Photo: toptrendsguide

အရိုးရှင်းဆုံးနဲ့ အဝတ်အများဆုံး Flannel Shirt ဝတ်နည်းတစ်ခုက Jeans ဘောင်းဘီနဲ့ Boot ဖိနပ်တွဲဝတ်တာပဲ ဖြစ်ပါတယ်။ ကိုယ်အကြိုက်ဆုံး Jeans ဘောင်းဘီဝတ်ပြီး အောက်က Rugged Boots စီးလိုက်ရုံပါပဲ။ များသောအားဖြင့် Skinny Jeans တွေ ၊ Slim Fit ဆန်တာတွေနဲ့ ဝတ်လေ့ရှိပါတယ်။ အရောင်ကိုတော့ Dark Denim ဖြစ်ဖြစ် အရောင်ဖျော့ဖျော့ ဂျင်းပြာနဲ့ ဖြစ်ဖြစ် တွဲဝတ်နိုင်ပါတယ်။

(၂) T-Shirt အပေါ်ကနေ ဝတ်ပါ

Photo: toptrendsguide

ဖလန်နယ်သားတွေက နည်းနည်း ထူပါတယ်။ ဒါကြောင့်ပဲ သူ့ချည်းဝတ်တာထက် Outer Layer အဖြစ် အပေါ်ကနေ ထပ်ဝတ်တာ များပါတယ်။ အေးစိမ့်စိမ့်ရာသီမျိုးမှာ အောက်က တီရှပ်ပြောင် Plain T-Shirt လေး ခံပြီး အပေါ်က သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းတဲ့ Flannel Shirt လေး ထပ်ဝတ်သွားဖို့ အကြံပေးချင်ပါတယ်။ ဖလန်နယ်ရှပ်အနေနဲ့ အရောင်ကို အဆင်ပြေသလို ရွေးနိုင်ပေမယ့် မီးခိုးရောင် ၊ နက်ပြာနဲ့ အဖြူခံတွေက အောက်က တီရှပ်နဲ့ အဆင်ပြေတာ များပါတယ်။

(၃) Denim Jacket ဖက်ရှင် ဝတ်ပါ

Photo: toptrendsguide

သိပ်အေးတဲ့အခါ Flannel Shirt အပေါ်မှာ ဂျာကင်ထပ်ဝတ်နိုင်ပါတယ်။ Denim ဖက်ရှင်နဲ့ တွဲဝတ်မယ်ဆိုရင် ဖိနပ်ကို Boot စီးတာမျိုးက ပိုလိုက်ဖက်ပါတယ်။ ဆောင်းရာသီမှာတော့ Chelsea Boot ဒါမှမဟုတ် Desert Boot မျိုး ဖြစ်ပါတယ်။ အရောင်ကိုတော့ အောက်ခံရှပ်အရောင်ပေါ်လိုက်ပြီး အရောင်ချင်း Match ဖြစ်အောင် ဝတ်ရမှာ ဖြစ်ပါတယ်။

(၄) Sweater နဲ့ ဝတ်ပါ

Photo: toptrendsguide

Jacket မကြိုက်ရင် Sweater နဲ့လည်း Flannel ကို ကြည့်ကောင်းအောင် ဝတ်လို့ ရပါတယ်။ အရမ်းအေးနေတဲ့ အချိန်မျိုးမှာ ဒီဖက်ရှင်က ပိုအဆင်ပြေပါတယ်။ Flannel Shirt အပေါ်က ဝတ်မယ့် Sweater ဟာ အရောင်တစ်ရောင်တည်းရှိတဲ့ Plain Sweater ဖြစ်ဖို့တော့ လိုပါတယ်။ Patterned Sweater တွေကလည်း ရွေးတတ်ရင် အဆင်ပြေတယ်ဆိုပေမယ့်အတော်လေး ဂရုစိုက်ပေးရလို့ ဖြစ်ပါတယ်။

(၅) Chinos နဲ့ Sneaker ဖက်ရှင်မျိုး ဝတ်ပါ

Photo: toptrendsguide

Flannel Shirt တွေကို အသားရောင် Beige Chino မျိုးနဲ့လည်း တွဲဝတ်နိုင်ပါတယ်။ နွေရာသီလို ပေါ့ပေါ့ပါးပါး ဝတ်စရာပေါ်လာရင် Chino နဲ့ တွဲဝတ်နိုင်ပါတယ်။ Chino အရောင်ပေါ် လိုက်ပြီး Flannel Shirt အရောင်နဲ့ အကွက်ကိုတော့ သတိပြုဖို့ လိုမှာပါ။ အောက်မှာ Sneaker ကောင်းကောင်းလေး တစ်ရံလောက်ပါရင် ရုံးပိတ်ရက် Casual Outfit အတွက် အဆင်ပြေသွားပြီ ဖြစ်ပါတယ်။

Featured Photo: toptrendsguide