ဆောင်းဝင်လာပြီဆိုတော့ ဆောင်းရာသီမှာ အနွေးဓာတ်ပေးနိုင်ပြီး ရှိုးထုတ်လို့အကောင်းဆုံး Hoodies ဖက်ရှင်တွေကို ထုတ်ဝတ်ဖို့ရာ အချိန်ကျပြီပဲ ဖြစ်ပါတယ်။ Hoodies တွေဆိုတာတော့ လွတ်လပ်ပေါ့ပါးမှုရှိတယ် ၊ သက်တောင့်သက်သာနဲ့ လူငယ်ဆန်တဲ့ ဖက်ရှင်အသွင်ကို ပေးစွမ်းနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Hoodies တွေကို ဖက်ရှင်ကျကျဝတ်ချင်တဲ့ကွီးတို့အတွက် တွဲဖက်ဝတ်ဆင်သင့်တဲ့ ဖက်ရှင်စတိုင်တချို့ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) Leather jackets နဲ့ တွဲဝတ်ပါ

Photo : The Fashionisto

ကျွန်တော်တို့ ယောကျာ်းလေးတွေက ဖက်ရှင်ရွေးချယ်ရာမှာ စမတ်ကျပြီး ပေါ့ပါးလွတ်လပ်တဲ့ ပုံစံမျိုးကို ပိုပြီးအရွေးများကြပါတယ်။ ဒီအတွက်အကောင်းဆုံးရွေးချယ်မှုက Hoodies နဲ့ Leather jackets တွေကို တွဲဖက်ဝတ်ဆင်တာပါပဲ။ Hoodies နဲ့ Leather jackets တွဲဖက်မှုက ကွီးတို့ကို Casual လဲဖြစ် Classy လဲဆန်တဲ့ အမိုက်စားဖက်ရှင်စတိုင်မျိုးကို ပေးစွမ်းမှာပါ။

(၂) Jeansနဲ့ ဝတ်ပါ

Photo : StyleMann

Jeans နဲ့ Hoodies အတွဲအစပ်ကတော့ ဂန္တဝင်ဆန်တဲ့ ဖက်ရှင်တွဲဖက်မှုလို့ ပြောရမှာဖြစ်ပါတယ်။ လူငယ်ဆန်ဆန်တဲ့ ပေါ့ပါးတဲ့ ဖက်ရှင်အသွင်ပြင်ကို အပြည့်အဝရရှိနိုင်မှာဖြစ်ပြီး ရိုးရှင်း Sneaker ဒါမဟုတ် ဘွတ်ခ်ဖိနပ်တွေနဲ့ တွဲဖက်လိုက်မယ်ဆိုရင် သိပ်ကိုအထာကျပြီး စတိုင်ပိုမိုက်သွားမှာဖြစ်ပါတယ်။

(၃) Denim Jacket နဲ့ ဝတ်ပါ

Photo : Next Luxury

စမတ်ကျကျနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ ဖက်ရှင်မျိုးဝတ်ဆင်ချင်တဲ့ ကွီးတို့အတွက်တော့ Denim Jacket နဲ့ Hoodies တွဲဖက်မှုက အသက်ပါပဲ။ Denim Jacket နဲ့ Hoodies တွဲဖက်မှုက ပေါ့ပေါ့ပါးပါးရှိတယ် ၊ စမတ်ကျတဲ့စတိုင်မျိုးလည်း ဖြစ်တယ်။ အပြာရောင် Denim Jacket ကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ မီးခိုရောင် canvas low-top shoes နဲ့ တွဲဝတ်လိုက်မယ်ဆိုရင်တော့ လုံးဝ Perfect ပါပဲ။

(၄) Coat နဲ့ တွဲဝတ်ပါ

Photo : The Modest Man

ရာသီဥတုအေးတဲ့အချိန်မှာ နွေးနွေးထွေးထွေး စမတ်ကျနေဖို့ဆို Coat နဲ့ Hoodies ကိုသာ တွဲဝတ်လိုက်ပါ။ Classic Coat တွေဟာ များသောအားဖြင့် Casual outfits တွေမှာ အတွေ့များတဲ့ ဖက်ရှင်စတိုင်တစ်မျိုးဖြစ်ပါတယ်။ သို့သော် အမဲရောင် ၊ Navy ရောင် ၊ ကာကီရောင် Coat တွေနဲ့ Hoodies ကို တွဲဝတ်လိုက်မယ်ဆိုရင်တော့ ပေါ့ပါးလွတ်လပ်ပြီး စတိုင်ကျတဲ့ Smart Casual ပုံစံမျိုးရရှိမှာပဲ ဖြစ်ပါတယ်။ Coat နဲ့ Hoodies တွဲဝတ်မယ်ဆို Shoes ကောင်းကောင်းစီးဖို့လည်း မမေ့ပါနဲ့။

Featured Photo : Unsplash