ဆောင်းတွင်းဆိုပေမယ့် အအေးသိပ်မကဲတဲ့အခါမျိုးမှာ Sweater ခပ်ပါးပါးလေးတွေနဲ့တင် လုံလောက်ပါတယ်။ Sweater လို့ ပြောလိုက်ရင် လည်ဝိုက် ၊ V-Neck ၊ Cardigans ၊ Sweatshirt ၊ Turtlenecks အစုံ ပါပါတယ်။ Sweater နဲ့ ဆောင်းရာသီဟာ လိုက်ဖက်တဲ့ အတွဲအစပ်ပါ။ Sweater က Pant မရွေး ဝတ်နိုင်ပေမယ့် Casual ကျကျဆိုရင် Jeans နဲ့က အဆင်ပြေပါတယ်။ Jeans နဲ့ Sweater ကို လိုက်ဖက်အောင် ဝတ်လို့ရတဲ့ နည်းလေးတွေထဲက Tips တချို့ မျှဝေပေးချင်ပါတယ်။

(၁) Sweater ဒီဇိုင်းနဲ့ ကာလာ ရိုးရိုးရှင်းရှင်း ရွေးပါ

Photo: thebrdwlk

Jeans နဲ့ Sweater တွဲဝတ်မယ်ဆိုရင် ရိုးရှင်းတဲ့ အရောင် နဲ့ ဒီဇိုင်းတွေ တွဲဖက်တာက မှားစရာ မရှိပါဘူး။ ဆွယ်တာအရောင်အနေနဲ့ ယောင်္ကျားဆန်တဲ့ Solid Color တွေထဲက မီးခိုးရောင် ၊ အဖြူ ၊ အညို နဲ့ နက်ပြာကာလာတွေ ရွေးချယ်သင့်ပါတယ်။ Denim Jeans အတွက် မိုးပြာဖျော့ Light Blue ၊ အပြာရင့် Dark Blue နဲ့ အနက်ရောင်တွေက အပေါ် ဆွယ်တာအရောင်မရွေးနဲ့ တွဲဝတ်နိုင်ပါတယ်။ အနီရောင်လို ဆွယ်တာတွေက Jeans နဲ့ တွဲဝတ်လို့ ရပေမယ့် အရောင်ခပ်တောက်တောက်တွေက ဘောင်းဘီအရောင် ရွေးတာ သတိပြုဖို့ လိုပါတယ်။

(၂) လိုက်ဖက်နေပါစေ

Photo: irreverentgent

အဝတ်အစား ဝတ်မယ်ဆိုရင် အပေါ်နဲ့အောက် အချိုးမှန်နေဖို့ လိုပါတယ်။ Sweater & Jeans ဆိုရင် အပေါ်က ပွရင် အောက်မှာလည်း ပွတဲ့ Chunky Sweater , Chunky Jeans စတိုင်အတိုင်း ဝတ်ပါ။ အောက်က Slim Fit ဆို အပေါ်မှာလည်း သိပ်မပွဘဲ Slim Fit ဖြစ်တဲ့ Sweater မျိုး ဝတ်ဖို့လိုပါတယ်။ ဖိနပ်ကိုလည်း Slim Shoes ပဲ စီးရမှာပါ။ တကယ်လို့ ခပ်ပွပွ Sweater & Jeans ဆို Boot တစ်ခုခု စီးတာမျိုး လုပ်သင့်ပါတယ်။

(၃) အောက်ခံအင်္ကျီ သတိပြုပါ

Photo: outsons

Sweatshirts လိုမျိုး တစ်ထည်ချင်း ဝတ်တာ မဟုတ်ဘဲ အောက်မှာ ရှပ်အင်္ကျီ ခံဝတ်မယ်ဆိုရင် သတိပြုစရာတစ်ခုက အပေါ် Top Layer ဝတ်တဲ့ အဝတ်အစားကို အောက်ခံရှပ်ထက် ပိုပြီး ခါးရှည်ဖို့ပါပဲ။ ဆိုလိုတာက ဂျက်ကတ် ထပ်ဝတ်ထားမယ်ဆိုရင် ဂျက်ကတ်အောက်အနားဟာ ဆွယ်တာခါးထက် ပိုပြီး ရှည်ရမှာပါ။ ဒီလိုပါပဲ။ ဆွယ်တာအနားကလည်း အောက်ခံရှပ်ထက် ပိုပြီး အောက်ရောက်နေဖို့ လိုပါတယ်။ အောက်ခံရှပ်ကော်လာတွေကိုလည်း Layers တွေအောက်မှာပဲ ရှိနေအောင် သတိပြုပါ။ ကော်လာမှာ ကြယ်စေ့ပါရင် ကြယ်စေ့တပ်ထားဖို့ လိုပါတယ်။ ဆွယ်တာနဲ့ တွဲဝတ်တဲ့ ရှပ်/တီရှပ်တွေကို သိပ်ပွတဲ့ဆိုဒ်မျိုး မဝတ်ဖို့လည်း လိုပါတယ်။

(၄) Jeans ကာလာ ပြောင်းပြောင်းဝတ်ပါ

Photo: Business Insider

Jeans ဆိုတိုင်း အပြာရောင်တစ်မျိုးပဲ ဝတ်စရာ မလိုပါဘူး။ မီးခိုး ၊ အနက်နဲ့ အရောင်လွင်တဲ့ ကာလာတွေကလည်း ဆွဲဆောင်မှုရှိတာပါပဲ။ ပုံမှန် Jeans ပြာပဲ ဝတ်လေ့ရှိရင် နောက်ထပ် ကာလာသစ်တစ်မျိုးမျိုးနဲ့ စမ်းဝတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Slim Fit ဖြစ်တဲ့ မီးခိုးရောင်လည်ဝိုက် Plain Sweater မျိုးနဲ့ဆို Slim Cutting နက်ပြာရင့် Jeans ဖက်ရှင်မျိုးက အကောင်းဆုံးပါပဲ။ တခြား ကာလာအမျိုးမျိုးလည်း စမ်းဝတ်ကြည့်မယ်ဆိုရင် ကိုယ်နဲ့ဘယ်အရောင်အလိုက်ဆုံးလဲဆိုတာ သေချာပေါက် သိသွားမှာပါ။

Featured Photo: Pinterest