Chelsea Boots ဖိနပ်များသည် ဖိနပ်ချစ်သူယောကျာ်းများအတွက် မရှိမဖြစ် ဝယ်ထားသင့်တဲ့ ဖိနပ်အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ ထိုဘွတ်ဖိနပ်ဝတ်တဲ့အခါ သတိထားရမယ့်အချက်ကတော့ ဘောင်းဘီများကို ဖိနပ်အထဲ ထည့်မဝတ်မိဖို့ပါပဲ။

Chelsea ဘွတ်ဖိနပ်များသည် ခြေမျက်စိအထိ ဖုံးတဲ့ ဖိနပ်အမျိုးအစားတစ်ခုဖြစ်တာကြောင့် တချို့တွေက ဘောင်းဘီရှည် ဝတ်တဲ့အခါ ဖိနပ်အထဲ ထည့်လိုက်ကြပါတယ်။ ဒါဆိုရင်တော့ သင့်ရဲ့ဖက်ရှင်က စတိုင်လ်ကျတော့မှာမဟုတ်ပါဘူး။ ဘယ်ဖိနပ်ပဲဝတ်ဝတ် ဘောင်းဘီကို ဖိနပ်ထဲ ထည့်မဝတ်ဖို့ပါပဲ။

ဒါမှမဟုတ် သင့်ဘောင်းဘီအရှည်ကို ဘွတ်ဖိနပ်အပေါ်မှာပဲ ရှိနေအောင် အပ်ချုပ်ဆိုင်မှာ သွားညှိယူလိုက်ပါ။ Chelsea ဘွတ်ဖိနပ်တွေနဲ့ လိုက်ဖက်တဲ့ဘောင်းဘီတွေကတော့ ဂျင်းဘောင်းဘီနဲ့ ချီနိုဘောင်းဘီတွေပဲဖြစ်ပါတယ်။

သင့်အနေနဲ့ Chelsea ဘွတ်ဖိနပ်တွေ ဝတ်ချင်ပေမယ့် ဘယ်လိုအမျိုးအစား ဝယ်ဝတ်ရမလဲဆိုတာကို သိချင်ရင်တော့ ဒီဆောင်းပါးလေးကို ဆက်လေ့လာကြည့်လိုက်ပါ။

သားရေအမျိုးအစား Chelsea Boots

သင့်အနေနဲ့ သားရေဖိနပ်ကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီအမျိုးအစားဒီဇိုင်းတွေကို ရွေးချယ်ဝယ်ယူလိုက်ပါ။ သားရေဖိနပ် Chelsea Boots သည် နံပါတ်တစ် လူကြိုက်အများဆုံးဖြစ်ပါတယ်။

ကတ္တီပါသား Chelsea Boots

ဒီအမျိုးအစားကတော့ ဒုတိယလူကြိုက်အများဆုံးပဲဖြစ်ပါတယ်။ သူ့ကိုတော့ ပေါ့ပေါ့ပါးပါးဖက်ရှင်နဲ့လည်း တွဲဝတ်လို့ရသလို စမတ်ကျကျ ဖက်ရှင်နဲ့ တွဲဝတ်ရင်လည်း လိုက်ဖက်ပါတယ်။

Chelsea Boots တွေကို ဘယ်လိုအင်္ကျီဖက်ရှင်တွေနဲ့ တွဲဖက်ဝတ်ဆင်သင့်သလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ပေါ့ပေါ့ပါးပါးဖက်ရှင် ဖန်တီးချင်တယ်ဆိုရင် ဒီလိုဝတ်ပါ

စမတ်ကျကျဖက်ရှင်ကို ဖန်တီးချင်သူများအတွက်တော့ ဒီဖက်ရှင်တွေက အသင့်တော်ဆုံးပါပဲ

ရုံးတက်ရုံးဆင်းဖက်ရှင်

ခံ့ညားလှပသော ဖက်ရှင်ကို ဖန်တီးချင်သော ယောကျာ်းများအတွက်

သင် သွားမယ့်နေရာ၊ ပွဲနေပွဲထိုင်အခမ်းအနားများနဲ့ လိုက်ဖက်အောင် ဝတ်စားဆင်ယင်ကာ Chelsea Boots များနဲ့ ဖက်ရှင်ကျလိုက်ပါ။

Source: Thetrendspotter.net

Featured Image Source: Thetrendspotter.net