ယောင်္ကျားတစ်ယောက်ကို ဖက်ရှင်ကျစေတဲ့ စတိုင်ထဲမှာ Fitted Shirt စတိုင်လည်း ပါပါတယ်။ နာမည်အတိုင်းပဲ Fitted Shirts တွေဟာ ကိုယ်လုံးလက်မောင်း အလှပေါ်စေတဲ့ ဖက်ရှင်ဖြစ်ပြီး များသောအားဖြင့် လက်တို စတိုင်နဲ့ လာကြပါတယ်။ လက်တိုပဲ ဖြစ်ဖြစ် လက်ရှည်ပဲ ဖြစ်ဖြစ် Fitted Shirt လို့ ခေါ်တဲ့ ကိုယ်ကျပ်တီရှပ်တွေက ဘော်ဒီရှိတဲ့ ယောင်္ကျားတစ်ယောက်အတွက်ရော နည်းနည်းအသွယ်ဘက်ရောက်တဲ့ လူတွေအတွက်ပါ အဆင်ပြေတဲ့ ဖက်ရှင် ဖြစ်ပါတယ်။ အခုမှ Fitted Shirt ဝယ်မယ့်လူဆိုရင်တော့ အခုပြောမယ့် အချက်လေးတွေတော့ သိထားဖို့ လိုမှာပါ။

(၁) ကော်လာ

Photo: gentlemanwithin

Fitted Shirt မှာ လည်ပင်းပေါက်ကော်လာက သင့်မျက်နှာကို အချိုးကျစေမယ့် အဓိကအရာပါပဲ။ ရှပ်တွေ ဝယ်ရင် ကော်လာကရော အဆင်ပြေလား ကြည့်သင့်ပါတယ်။ ရှပ်ကော်လာက သိပ် Loose ဖြစ်လွန်းရင် သင့်ကို ပျင်းရိတဲ့လူပုံ ပေါက်စေပါတယ်။ လည်ပင်းပေါက်ကျပ်တဲ့ Tight Collar တွေကျတော့လည်း လည်ပင်းလှည့်လို့ မကောင်းဘဲ သက်တောင့်သက်သာ မဖြစ်တာကြောင့် ကော်လာတစ်ဝိုက် လက်နှစ်ချောင်းစာ ပတ်လည်လောက် Loose ဖြစ်ရင် အကောင်းဆုံးပါပဲ။

(၂) ပခုံး

Photo: Blog For Man

ပခုံးပေါက်အကျမှန်ဖို့ကလည်း အရေးကြီးပါတယ်။ ပခုံးနေရာ ကျပ်ရင် လက်မောင်း လက်ပြင်တွေ အဆင်မပြေပါဘူး။ ဝတ်လို့ ရ‌ရင်တောင် တုပ်ထားသလို ခံစားရမှာပါ။ ပခုံးဆစ်နဲ့ ရှပ် Shoulder ချုပ်ရိုးနဲ့ အံကျဖြစ်ရင် Fitted Shirt ကောင်းတစ်ထည် ရဖို့ ပိုနီးစပ်ပါတယ်။ အောက်က ခံဝတ်မယ့် တီရှပ်နဲ့ထည့်ပုခုံးဆိုဒ်ကြီးရင်လည်း ပုံမကျလို့ Right Size ဖြစ်အောင် ရွေးချယ်ဖို့ လိုပါတယ်။

(၃) ကိုယ်လုံး

Photo: coachmag

ကိုယ်လုံးပိုင်းအတွက် ကလည်း အရေးကြီးပါတယ်။ အရမ်းကိုယ်ကပ်လွန်းရင် အောက်ပိုင်းက ဝတ်တဲ့ ဘောင်းဘီနဲ့ အချိုးမညီဖြစ်ပြီး ကြည့်ရဆိုနိုင်ပါတယ်။ ဗိုက်နဲ့ လက်ပြင် ရင်အုပ်နေရာတွေ ချောင်ချိလွန်းရင်လည်း ခါးအောက်အထိ တီရှပ်အစ ရောက်နိုင်ပါတယ်။ အင်္ကျီခါးဟာ အောက်က ဘောင်းဘီရဲ့ အပေါ်ဆုံး ဇစ်/ကြယ်သီးကို Cover ဖြစ်ရင် အဆင်ပြေပါတယ်။ လက်မောင်းနေရာကတော့ လက်မောင်းအလယ်နေရာဆို အဆင်ပြေပါတယ်။