Loafers တွေက လူငယ်ပိုင်းထက်စာရင် အလုပ်မှာ ရာထူးခပ်မြင့်မြင့်ရထားတဲ့ လူလတ်ပိုင်းအရွယ် ယောင်္ကျားတွေ အစီးများတဲ့ ဖိနပ်တစ်မျိုးပါ။ ပုံမှန်အားဖြင့် Loafer တွေကို နူးညံ့ပျော့ပြောင်းတဲ့ Suede နဲ့ Leather သားရေလို အသားမျိုးနဲ့ ထုတ်လေ့ ရှိပါတယ်။

Loafers အရောင်တွေကလည်း ခပ်ရင့်ရင့် ကာလာတွေ အထွက်များပါတယ်။ Smart Casual စီးလို့ ရပေမယ့် Penny Loafer တွေကို T-Shirt နဲ့ ဘောင်းဘီတိုတွေနဲ့လည်း တွဲစီးလို့ အဆင်ပြေပါတယ်။ Linen Suit နဲ့လည်း Loafer ကို စမတ်ကျကျ စီးနိုင်တာပါပဲ။ ဒီတော့ Loafer စီးမယ်ဆိုရင် အရင် သိထားသင့်တာတွေ ပြောပြချင်ပါတယ်။

(၁) Smart Casual Dress Code နဲ့ တွဲစီးပါ

Photo: designitalianshoes

အမျိုးသားစီး Loafers တွေဟာSmart Casual Dress Code စတိုင်နဲ့ အလိုက်ဖက်ဆုံး ဖက်ရှင် Outfit ဖြစ်ပါတယ်။ Smart Casual နဲ့ Loafer အတွဲက ရိုးရှင်းပြီး အဆင့်အတန်းရှိတဲ့ စတိုင်ကို ပေးပါတယ်။ ပုံမှန် Jeans ဘောင်းဘီလောက်ဆို Penny Loafer နဲ့ အဆင်ပြေပါတယ်။ ဒါပေမယ့် Blazer ကုတ်အပါး နဲ့ ရှပ်လက်ရှည် ၊ Fitting ကျတဲ့ ဘောင်းဘီရှည် တွဲဝတ်မယ်ဆိုရင် Tassel တို့ Gucci Loafers တွေနဲ့ တွဲစီးပေးသင့်ပါတယ်။

(၂) Black Tie မသုံးပါနဲ့

Photo: okezone

Loafers တွေက နက်ခ်တိုင် အနက်နဲ့ မလိုက်ပါဘူး။ Loafer ကို Suit နဲ့ တွဲဝတ်မယ်ဆိုရင် Casual Suit မျိုး ပိုရွေးပေးသင့်ပါတယ်။ Loafer တွေက Casual Suit တွေနဲ့ ပဲ စီးလို့ ပိုသင့်လျော်ပါတယ်။ ဥပမာ – ချည်သား Blazer ကုတ်လေးနဲ့ Fitting ကျတဲ့ Trouser ဘောင်းဘီဝတ်စုံကိုမှ Loafer နဲ့ တွဲဝတ်လို့ ကောင်းတာပါ။ Loafer ကို Suit နဲ့ တွဲဆင်မယ်ဆိုရင် ရိုးရှင်းပြီး အရည်အသွေးကောင်းတဲ့ ချည်သား မျိုး ရွေးပါ။ အရောင် ရင့်တာ သုံးပါ။

(၃) ဘောင်းဘီတိုနဲ့ Loafer ဖက်ရှင်

Photo: thefashionisto

အမိုက်စား ကာကီဘောင်းဘီတိုနဲ့ Loafer ဖိနပ်လည်း တွဲစီးလို့ ကောင်းပါတယ်။ ဘောင်းဘီတိုနဲ့ Loafer တွဲဖက် ဝတ်မယ်ဆိုရင် ခြေအိတ်ခံမစီးတာ အကောင်းဆုံးပါပဲ။ နွေရာသီလို ပူအိုက်နေချိန်မှာ လွတ်လပ်ပေါ့ပါးတဲ့စတိုင် ရဖို့ဆို Loafer ကို Sockless စီးပြီး ဘောင်းဘီတိုနဲ့ တွဲဝတ်တာဟာ အဆင်အပြေဆုံးပါပဲ။

(၄) ဘယ်လိုအမျိုးအစား ရွေးမလဲ

Photo: samuel-windsor

Loafer စီးမယ်ဆိုရင် ခပ်ရှင်းရှင်း ဒီဇိုင်းတွေ ဦးစားပေးပါ။ ကြိုးတွေ အလှပြေးနေတာမျိုးက ယောင်္ကျားလေးတွေနဲ့ မလိုက်ပါဘူး။ အရောင်ဆိုလည်း အနက်နဲ့ အညိုက အကောင်းဆုံးပါပဲ။ သဲဝါရောင်တွေလည်း အဆင်ပြေပါတယ်။ Suede သားရေပျော့သား Loafer တွေကတော့ စမတ်ကျတယ် သားနားပြီး သပ်ရပ်တယ်ဆိုတဲ့ ခံစားမှုကို ပေးလို့ ဦးစားပေး ရွေးချယ်သင့်ပါတယ်။